အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ပြုံးပျော်သုံး Loyalty Program

Manulife Myanmar ရဲ့ တန်ဖိုးထားလေးစားရတဲ့ ပေါ်လစီဝယ်ယူထားသူတို့အတွက် ပြုံးပျော်သုံးအစီအစဉ်လေးကို မိတ်ဆက်ပေးလိုက်ပါပြီ။

ပြုံးပျော်သုံး အစီအစဉ်ဆိုတာကတော့ Manulife Myanmar မှာ ပေါ်လစီ ဝယ်ယူထားသူတိုင်း ရရှိခံစားနိုင်မယ့်  အထူးအစီအစဉ်တစ်ခုပါ။ ဒီပြုံးပျော်သုံးအစီအစဉ်မှာ ပေါ်လစီဝယ်ယူထားသူတွေသာ ရရှိမယ့် အထူး လျှော့ဈေးနဲ့ ခံစားခွင့်တွေကို ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်လစီဝယ်ယူထားတွေရဲ့ နေ့စဉ်ဘဝမှာအသုံးဝင်မယ့် မိတ်ဖက်များနဲ့သာ လက်တွဲထားတာကြောင့် ပိုပြီးကောင်းမွန်တဲ့ကျန်းမာရေးနဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာသေချာပါတယ်။

ဒီလိုမျိုး ခံစားခွင့်တွေ ရရှိဖို့ အတွက်ဆိုရင်တော့ ပြုံးပျော်သုံးအစီအစဉ်ရဲ့ မိတ်ဖက်လုပ်ငန်း ငွေရှင်းကောင်တာတွေမှာ ထားရှိထားတဲ့ ပြုံးပျော်သုံး QR Code လေးကို Scan ဖတ်၊ ပြီးရင်တော့ ပေါ်လစီဝယ်ယူစဉ်မှာ အသုံးပြုထားတဲ့ ဖုန်းနံပါတ်နဲ့ မွေးနေ့ ကို ထည့်သွင်းလိုက်တာနဲ့ အထူး ခံစားခွင့်တွေကို ရယူနိုင်ပါပြီနော်။

ပြုံးပျော်သုံး အစီအစဉ်အတွက် သတ်မှတ် မိတ်ဖက်ဆိုင်တွေမှာ ရှိတဲ့ QR Code ကို scan ဖတ်ပြီး အထူးလျှော့ဈေးနဲ့ ခံစားခွင့်တွေ ရယူနိုင်သလို မိတ်ဖက်ဆိုင်တွေ ရောက်တဲ့အခါ mmloyalty.com လေးထဲဝင် သတ်မှတ် အချက်အလက်တွေ ဖြည့်ပြီး ခံစားခွင့်များ ရယူနိုင်ပါတယ်။

ပြုံးပျော်သုံးနဲ့အတူ ပိုမိုပျော်ရွှင်ကောင်းမွန်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

Loyalty Program အကြောင်း ပိုမိုသိရှိလိုပါက

ပြုံးပျော်သုံးအစီအစဥ်ရဲ့ Customer Journey video ကို ကြည့်ရှုရန်

မေးလေ့မေးထရှိသော မေးခွန်းများ

ပြုံးပျော်သုံး အစီအစဥ်ဆိုတာ Manulife Myanmar ရဲ့ အသက်အာမခံများကိုဝယ်ယူထားတဲ့ Customer တွေအနေနဲ့ Manulife မိတ်ဖက်လုပ်ငန်းတွေကနေမှ လျှော့စျေးတွေရယူနိုင်မယ့် အစီအစဥ်ဖြစ်ပါတယ်။

ပြုံးပျော်သုံးအစီအစဉ်အတွက် Manulife Myanmarရဲ့ အသက်အာမခံ ပေါ်လစီဝယ်ယူထားသူများအားလုံး အကျုံးဝင်ပါတယ်။

ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ အားကစား၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ နေ့စဉ်လုပ်ငန်းတွေအတွက် အသုံးဝင်မယ့်ဝန်ဆောင်မှုလုပ်ငန်း အစရှိတဲ့ Manulife Myanmar ရဲ့ မိတ်ဖက်လုပ်ငန်းတွေကနေ လျှော့စျေးတွေရရှိသွားမှာပါ။

ဒီလိုမျိုး ခံစားခွင့်တွေ ရရှိဖို့ အတွက်ဆိုရင်တော့ ပြုံးပျော်သုံးအစီအစဉ်ရဲ့ မိတ်ဖက်လုပ်ငန်း ငွေရှင်းကောင်တာတွေမှာ ထားရှိထားတဲ့ ပြုံးပျော်သုံး QR Code လေးကို Scan ဖတ်၊ ပြီးရင်တော့ ပေါ်လစီဝယ်ယူစဉ်မှာ အသုံးပြုထားတဲ့ ဖုန်းနံပါတ်နဲ့ မွေးနေ့ ကို ထည့်သွင်းလိုက်တာနဲ့ အထူး ခံစားခွင့်တွေကို ရယူနိုင်ပါပြီနော်။

ပြုံးပျော်သုံးအစီအစဉ်မှာ ပါဝင်ဖို့အတွက် အက်ပလီကေးရှင်းကို ဒေါင်းလုဒ်လုပ်စရာ မလိုပါဘူး။ ဝက်ဘ်ဆိုဒ် အခြေခံစနစ်အဖြစ်ပြုလုပ်ထားတာမလို့ QR ကုဒ်ကို စကင်န်ဖတ်ပြီး သုံးစွဲသူကုဒ် နဲ့ အတည်ပြုကုဒ် တို့ကိုသာ ဖြည့်စွက် အသုံးပြုရမှာဖြစ်ပါတယ်။ 

Loyalty Program စည်းကမ်းသတ်မှတ်ချက်များနှင့် သဘောတူညီချက်များ

The program is eligible for all Manulife’s active customer (i.e. active policyholders).

The customers can enjoy several privileges, up to 20% discount depends on the partner’s program of Manulife Myanmar, such as gyms, hospitals, hotels, schools, and clinics. For details around Program Earnings Eligible Partners and Discounts values earned, See here.

The privileges or discount may enjoy by scanning the QR code at the counter of the shop/service.

Terms and Conditions of The Loyalty Program may be changed at any time, without prior notice to the customer.

Any changes of this Program will be announced on Manulife Myanmar communication channels (Official Facebook Page, Official Website & Telegram Channel, etc.).

Manulife is sole decision whether eligibility of the program and the customer.  

Your failure to follow this Loyalty Program Terms and Conditions above, may result in termination of your access to the Program without prior notice.

All contents of this page, including but not limited to copyrighted materials, trademarks, designs, text, images, information, graphics, logos, icons, and the selection and arrangement thereof and other proprietary materials (the "Content"), are owned by Manulife Myanmar, its corporate affiliates, and/or third parties and are protected by intellectual property laws of the Republic of the Union of Myanmar. Please see privacy policy See Here.