Manulife Myanmar အနေနဲ့ မြန်မာနိုင်ငံအတွက် အခိုင်အမာထားရှိထားတဲ့ ကတိကဝတ်တွေနဲ့အတူ ကျွန်တော်တို့ရဲ့ ဖောက်သည် (Customer) တွေအတွက် ပြည်တွင်းအာမခံစျေးကွက်ထဲမှာ အသက်အာမခံဝန်ဆောင်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေးမြန်းလိုမှုတစ်စုံတစ်ရာရှိခြင်း (သို့) ပေါ်လစီဆိုင်ရာတောင်းဆိုချက်များရှိပါက ကျွန်တော်တို့ရဲ့ Customer Care Team ဖုန်းနံပါတ် ၀၉ ၇၆၅ ၄၆၇ ၁၀၀ သို့ခေါ်ဆိုခြင်းဖြစ်စေ၊ Customer_Service_MM@manulife.com သို့ အီးမေးလ်ပေးပို့၍ ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

ပိုမိုကြည့်ရှုရန်

Manulife Myanmar အနေနဲ့ မြန်မာနိုင်ငံအတွက် အခိုင်အမာထားရှိထားတဲ့ ကတိကဝတ်တွေနဲ့အတူ ကျွန်တော်တို့ရဲ့ ဖောက်သည် (Customer) တွေအတွက် ပြည်တွင်းအာမခံစျေးကွက်ထဲမှာ အသက်အာမခံဝန်ဆောင်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေးမြန်းလိုမှုတစ်စုံတစ်ရာရှိခြင်း (သို့) ပေါ်လစီဆိုင်ရာတောင်းဆိုချက်များရှိပါက ကျွန်တော်တို့ရဲ့ Customer Care Team ဖုန်းနံပါတ် ၀၉ ၇၆၅ ၄၆၇ ၁၀၀ သို့ခေါ်ဆိုခြင်းဖြစ်စေ၊ Customer_Service_MM@manulife.com သို့ အီးမေးလ်ပေးပို့၍ ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 

ပိုမိုကြည့်ရှုရန်
အတည်ပြုသည်
အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

COVID-19 ကာလအတွက် ငွေ‌ကြေးကာကွယ်မှု အထူးခံစားခွင့်

Special COVID coverage benefits for Manulife Myanmar insurance products

မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်ဖြတ်ကျော်နေကြရတဲ့ ကပ်ရောဂါဆိုး COVID-19 အခြေအနေကနေ မြန်မာ ပြည်သူများရဲ့ ငွေကြေးဆိုင်ရာအခက်အခဲတွေကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးလိုသောရည်ရွယ်ချက်နဲ့ Manulife Myanmar က အာမခံပေါ်လစီဝယ်ယူထားသူများအတွက် COVID-19 အခမဲ့ထပ်တိုးအကျိုးခံစားခွင့်များကို အချိန်ကာလအကန့်အသတ်တစ်ခုဖြင့် ပေးအပ်သွားမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

COVID-19 ကာလအတွက် ငွေကြေးကာကွယ်မှု အထူးခံစားခွင့်ကို ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်အထိ တိုးမြှင့်ပေးလိုက်ပါတယ်။

COVID-19 ကာလအတွက် ငွေကြေးကာကွယ်မှု အထူးခံစားခွင့်

အသက်အာမခံထားရှိသူအတွက် အကျုံးဝင်ပါသည်။

COVID-19 ရောဂါကူးစက်ခံရသောကြောင့်အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသမှုခံယူရသည့်အတွက် သင့်အာမခံထားငွေစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်း (အများဆုံးအကျိုးခံစားခွင့် ၁၀,၀၀၀,၀၀၀ ကျပ်အထိ) 

(က) အသက်အာမခံထားရှိသူသာလျှင် အကျိုးခံစားခွင့်အတွက် အကျုံးဝင်ပါသည်။

(ခ)  COVID-19 ရောဂါကူးစက်ခံရသောကြောင့် အစိုးရဆေးရုံ (သို့) အစိုးရခွင့်ပြုထားသော COVID-19 ကုသရေးစင်တာ (သို့) ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူခြင်းအတွက်သာ အကျိုးခံစားခွင့်ရှိသည်။ 

(ဂ) ရောဂါရှိပြီးသား အခြေအနေဖြစ်နိုင်သောကြောင့် အကျိုးခံစားခွင့်အတွက် ၁၄ ရက် စောင့်ဆိုင်းကာလရှိပါသည်။ ပေါ်လစီအသက်ဝင်သည့်နေ့မှစပြီး နောက် ၁၄ ရက်အကြာမှသာ အသက်အာမခံထားရှိသူဟာ (အသက်အာမခံထားရှိသူမှသာ) COVID-19 ကူးစက်ခံရကြောင်းဆေးစစ်သိရှိခဲ့သော် COVID-19 အကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်ပါသည်။

အသက်အာမခံထားရှိသူအတွက် အကျုံးဝင်ပါသည်။

COVID-19 ကြောင့် အသက်ဆုံးရှုံးရခြင်းအတွက် သင့်အာမခံထားငွေစုစုပေါင်း၏ ၁၀၀ ရာခိုင်နှုန်း (အများဆုံးအကျိုးခံစားခွင့် ၁၅,၀၀၀,၀၀၀ ကျပ်အထိ)

ထုတ်ယူပြီးသော အထူးကြပ်မတ်ကုသဆောင် (ICU) အကျိုးခံစားခွင့်ရှိပါက နုတ်ယူထားမည်ဖြစ်သည်။

(က) အသက်အာမခံထားရှိသူသာလျှင် အကျိုးခံစားခွင့်အတွက် အကျုံးဝင်ပါသည်။

(ခ)  COVID-19 ရောဂါကူးစက်ခံရသောကြောင့် အစိုးရဆေးရုံ (သို့) အစိုးရခွင့်ပြုထားသော COVID-19 ကုသရေးစင်တာ (သို့) ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူခြင်းအတွက်သာ အကျိုးခံစားခွင့်ရှိသည်။ 

(ဂ) ရောဂါရှိပြီးသား အခြေအနေဖြစ်နိုင်သောကြောင့် အကျိုးခံစားခွင့်အတွက် ၁၄ ရက် စောင့်ဆိုင်းကာလရှိပါသည်။ ပေါ်လစီအသက်ဝင်သည့်နေ့မှစပြီး နောက် ၁၄ ရက်အကြာမှသာ အသက်အာမခံထားရှိသူဟာ (အသက်အာမခံထားရှိသူမှသာ) COVID-19 ကူးစက်ခံရကြောင်းဆေးစစ်သိရှိခဲ့သော် COVID-19 အကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်ပါသည်။

မေး‌လေ့မေးထရှိသော မေးခွန်းများ

၁။ ဒီအကျိုးခံစားခွင့်အတွက် ပရီမီယံကြေးအပိုထပ်ပေးဖို့လိုသလား။
မလိုပါဘူး ခင်ဗျာ။ ဒီအထူးအကျိုးခံစားခွင့်က COVID-19 ရောဂါကူးစက်ခဲ့ရင် ကြုံတွေ့လာနိုင်တဲ့ ငွေကြေးအခက်အခဲအတွက် လူကြီးမင်းစိုးရိမ်ပူပန်နေမှာကို လျှော့ချပေးဖို့ ရည်ရွယ်ပြီးပေးထားတဲ့ အခမဲ့ထပ်တိုးအကျိုးခံစားခွင့်ပါ။

၂။ အခမဲ့ထပ်ဆောင်းခံစားခွင့်ကို ဘယ်အချိန်အထိရနိုင်မလဲ။   
နောက်ဆုံးသတ်မှတ်ထားတဲ့ အခမဲ့ထပ်တိုးအကျိုးခံစားခွင့်သက်တမ်းကို ကျွန်တော်တို့ ဝက်ဘ်ဆိုက်နဲ့ လက်ကမ်းစာစောင်တွေကနေ လေ့လာနိုင်ပါတယ် ခင်ဗျာ။

၃။ တကယ်လို့ ကူးစက်မှုတစ်ကြိမ်တည်းမှာပဲ အထူးကြပ်မတ်ကုသဆောင်အကျိုးခံစားခွင့်ကို ထုတ်ပြီးသွားပြီဆိုပါတော့.. ကျန်နေသေးတဲ့ သေဆုံးခြင်းအကျိုးခံစားခွင့် ဘယ်လိုရနိုင်မလဲ။
ကူးစက်မှုတစ်ကြိမ် တည်းမှာပဲ ထုတ်ခဲ့တဲ့ အထူးကြပ်မတ်ကုသဆောင်အကျိုးခံစားခွင့်ကိုနုတ်ပြီး လက်ကျန်ပမာဏကို သေဆုံးခြင်းအကျိုးခံစားခွင့်အဖြစ် ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

၄။ ထပ်မံကူးစက်ခံရမှုများအတွက် အကျိုးခံစားခွင့်ထုတ်လို့ရလား။
ပထမဆုံးအကြိမ် ကူးစက်ခံရမှုအတွက် အကျိုးခံစားခွင့်များ ထုတ်ယူပြီးပါက ထပ်မံကူးစက်မှုများအတွက်ထုတ်ယူလို့မရပါခင်ဗျာ။

၅။ ဒီအကျိုးခံစားခွင့်ကို ဘယ်သူရနိုင်မလဲ။
အသက်အာမခံထားရှိသူသာလျှင် ဒီအကျိုးခံစားခွင့်ကိုရနိုင်မှာဖြစ်ပါတယ်။    

၆။ ပေါ်လစီတစ်ခုထက် ပိုပြီးပိုင်ဆိုင်ထားရင် အကျိုးခံစားခွင့်ကြေးငွေ ဘယ်လောက်ရနိုင်မလဲ။
ပေါ်လစီအားလုံးရဲ့ စုစုပေါင်းအာမခံထားငွေကနေ သတ်မှတ်ထားတဲ့ရာခိုင်နှုန်းအတိုင်း၊ အများဆုံးပမာဏကိုမကျော်လွန်ဘဲ   အကျိုးခံစားခွင့်ကို ရရှိမှာဖြစ်ပါတယ်။ အကျိုးခံစားခွင့်တစ်ခုစီက ရရှိနိုင်တဲ့ အများဆုံးလျော်ပေးနိုင်တဲ့ငွေပမာဏဟာ ပေါ်လစီအရေအတွက်ကြောင့် ပြောင်းလဲသွားတာမျိုး မရှိပါဘူး ခင်ဗျာ။ (မှတ်ချက် - Manulife ပြင်းထန်ရောဂါအာမခံသည် ထပ်တိုးအစီအစဥ်တစ်ခုဖြစ်သောကြောင့် Manulife ဘဝအာမခံ နှင့် Manulife ပြင်းထန်ရောဂါအာမခံ အတွဲသည် ပေါ်လစီတစ်ခုသာဖြစ်ပြီး ဤအတွဲ၏ အာမခံထားငွေသည် Manulife ဘဝအာမခံ၏ အာမခံထားငွေဖြစ်သည်။)

၇။ COVID-19 self-test kit အဖြေဖြင့် အကျိုးခံစားခွင့် ထုတ်ယူလို့ရပါသလား။
COVID-19 self-test kit အဖြေဖြင့် အကျိုးခံစားခွင့် ထုတ်ယူလို့ မရပါဘူးခင်ဗျာ။

၈။ ပေါ်လစီဝယ်ပြီးတာနဲ့ COVID-19 အကျိုးခံစားခွင့်ကို ချက်ချင်းထုတ်ယူလို့ရပါသလား။
အာမခံထားရှိသူက အာမခံပေါ်လစီဝယ်ယူပြီးထုတ်ပေးသည့်နေ့ (သို့) အာမခံပေါ်လစီစတင်အကျိုးသက်ရောက်သည့်နေ့မှစ၍ ၁၄ ရက် နောက်ပိုင်းမှာ  ရောဂါစစ်ဆေးတွေ့ရှိတယ်ဆိုရင်တော့ COVID-19 အကျိုးခံစားခွင့်ကို ထုတ်ယူနိုင်မှာပါ ခင်ဗျာ။ 

စည်းကမ်းသတ်မှတ်ချက်များနှင့် သဘောတူညီချက်များ

ဤအစီအစဥ်ကာလမှ ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်အထိဖြစ်ပြီး အောက်ပါစည်းကမ်းချက်များအတိုင်း ဖြစ်ပါသည်။

(က) Manulife Myanmar မှ အသက်အာမခံပေါ်လစီဝယ်ထားသူများအားလုံးသည် သတ်မှတ်ကာလအတွင်း အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသမှုခံယူရခြင်း သို့ COVID-19 ရောဂါကူးစက်ခံရသောကြောင့် အသက်ဆုံးရှုံးရခြင်းတို့အတွက် အပိုကုန်ကျစရိတ် မလိုအပ်ဘဲ ထပ်တိုးအကျိုးခံစားခွင့်ကို ပိုင်ဆိုင်ခွင့်ရှိသည်။ 

(ခ) အသက်အာမခံထားရှိသူသာလျှင် အကျိုးခံစားခွင့်အတွက်အကျုံးဝင်ပါသည်။

(ဂ)  COVID-19 ရောဂါကူးစက်ခံရသောကြောင့် အစိုးရဆေးရုံ (သို့) အစိုးရခွင့်ပြုထားသော COVID-19 ကုသရေးစင်တာ (သို့) ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူခြင်းအတွက်သာ အကျိုးခံစားခွင့်ရှိသည်။

(ဃ) ရောဂါရှိပြီးသား အခြေအနေဖြစ်နိုင်သောကြောင့် အကျိုးခံစားခွင့်အတွက် ၁၄ ရက် စောင့်ဆိုင်းကာလရှိပါသည်။ ပေါ်လစီအသက်ဝင်သည့်နေ့မှစပြီး နောက် ၁၄ ရက်အကြာမှသာ အသက်အာမခံထားရှိသူဟာ (အသက်အာမခံထားရှိသူမှသာ) COVID-19 ကူးစက်ခံရကြောင်းဆေးစစ်သိရှိခဲ့သော် COVID-19 အကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်ပါသည်။

(င) အသက်အာမခံဝယ်ယူထားသူသည် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသမှုခံယူရခြင်း နှင့် အသက်ဆုံးရှုံးရခြင်းတို့အတွက် အကျိုးခံစားခွင့် တစ်ကြိမ်သာရရှိပါမည် (ထုတ်ယူပြီးသော ICU အကျိုးခံစားခွင့်ရှိပါက နုတ်ယူထားမည်ဖြစ်သည်)။ မည်သည့်အခြေအနေမျိုးတွင်မဆို အကျိူးခံစားခွင့်များအားလုံးကို တစ်ကြိမ်သာလျှင် ရယူနိုင်ပါသည်။ (COVID-19 ပြန်လည်ခံစားရခြင်းအတွက် ဒုတိယအကြိမ် ပေးအပ်ခြင်းမရှိတော့ပါ)

(စ) အသက်အာမခံဝယ်ယူထားသူများ သို့မဟုတ် သက်ဆိုင်ရာ တရားဝင်ကိုယ်စားလှယ်တို့သည် မိမိတို့၏ ကုန်ကျစရိတ်ဖြင့် အထူးကြပ်မတ်ဆောင် (ICU) တွင် ဆေးကုသမှုခံယူခြင်း သို့မဟုတ် အသက်ဆုံးရှုံးရခြင်းအတွက် ရက်ပေါင်း ၉၀ အတွင်း Manulife Myanmar သို့ အထောက်အထားစာရွက်များတင်ပြကာ အကျိုးခံစားခွင့်ကို လျှောက်ထားနိုင်ပါသည်။ ထိုအထောက်အထားစာရွက်စာတမ်းများတွင် COVID-19 အတည်ပြုလူနာအဖြစ် ဆေးစစ်ချက်မှတ်တမ်း၊ ဆေးရုံတက်ရသည့်အချိန်ကာလ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ဆေးဘက်ဆိုင်ရာ အတည်ပြုသေစာရင်း (သက်ဆိုင်ရာ) တို့ပါဝင်ပါသည်။

(ဆ) COVID-19 အတည်ပြုလူနာအဖြစ် ဆေးစစ်ချက်မှတ်တမ်း (လိုအပ်ချက်များ) 

  • အစိုးရ၏တရားဝင် COVID-19 ကုသမှုဆေးရုံ (သို့) အစိုးရခွင့်ပြုထားသော COVID-19 ကုသရေးစင်တာ (သို့) ဆေးရုံမှ ကုသပေးလိုက်သော အထူးကုဆရာဝန်ထံမှ ဆေးကုသမှု မှတ်တမ်း။
  • လူနာအမည်၊ မွေးနေ့သက္ကရာဇ် (အသက်) ၊ နေရပ်လိပ်စာ။
  • အတည်ပြုလူနာအဖြစ်ရောဂါရှာဖွေတွေ့ရှိခြင်း၊ ဆေးရုံတက်၍ဆေးကုသမှုခံယူနေသော အခြေအနေ (ဥပမာ- လူနာသည် COVID-19 ကူးစက်ခံရသောကြောင့် ဆေးရုံ၏အထူးကြပ်မတ်ကုသဆောင် (ICU) တွင် * ရက်ရှိနေပြီဖြစ်ကြောင်း) * ရက်အတိအကျကို ဖြည့်စွက်ဖော်ပြရန် 
  • ကုသပေးသော အထူးကုဆရာဝန်ကြီး၏အမည်၊ ရာထူး၊ မှတ်တမ်းထုတ်ပြန်သည့်နေ့စွဲ၊ အမည်တံဆိပ်တုံး ရိုက်နှိပ်ထားသောလက်မှတ်
  • ဆေးရုံ၏တရားဝင်ထုတ်ပြန်စာပုံစံ (အကယ်၍ရနိုင်လျှင်)
  • ကုသစရိတ်ပြေစာ (အကယ်၍ဆေးရုံမှကုသစရိတ်ကောက်ခံခဲ့သည်ရှိသော်)

(ဇ) Manulife Myanmar သည် မိမိတို့၏မူပိုင်လုပ်ပိုင်ခွင့်အရ စည်းကမ်းသတ်မှတ်ချက်များနှင့် သဘောတူညီချက်များကို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲပိုင်ခွင့်ရှိသည်။ 

ငွေကြေးဆိုင်ရာကာကွယ်မှု အထူးခံစားခွင့်အကြောင်း အသေးစိတ် သိရှိလိုပါက

COVID-19 ကာလအတွင်း ငွေကြေးကာကွယ်မှုအကြောင်း ပိုမိုသိရှိလိုပါက

အာမခံအမျိုးအစားများ

Protection

သင်နှင့်သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှုနှင့် အကာအကွယ်ပေးဖို့  Manulife ရဲ့ဘ၀အာမခံ

Protection

သင့်ချေးငွေပေးဆပ်မှုကို အပူအပင်ကင်းအောင် ကာကွယ်ပေးမှာပါ။

အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ သင့်မိသားစုအပေါ်ငွေကြေးအရ ဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် ပြင်းထန်ရောဂါအာမခံနဲ့ ကာကွယ်ထားနိုင်ပါတယ်။