Skip to main content
Back

အာမခံအသုံးအနှုန်းအဘိဓာန်စာမျက်နှာ

အာမခံအသုံးအနှုန်းအဘိဓာန်စာမျက်နှာမှကြိုဆိုပါတယ်။

ယခုအဘိဓာန်က အာမခံလုပ်ငန်းနဲ့ ပတ်သက်ပြီး နားလည်ရပိုမိုလွယ်ကူစေဖို့ ရည်ရွယ်လုပ်ဆောင်ထားတဲ့ အစီအစဥ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အာမခံ လုပ်ငန်းနဲ့ဆက်စပ်ပြီး နားမရှင်းတဲ့ ဝေါဟာရတွေ၊ အသုံးအနှုန်းတွေကို အမှားကင်းကင်းနဲ့ ‌ထည့်သွင်း ဖော်ပြပေးထားမှာဖြစ်လို့ အသုံးပြုရလွယ်ကူပြီး အသုံးတည့်စေဖို့ မျှော်လင့်ပါတယ်။ 

ကျွန်တော်တို့အနေနဲ့ ဒီအဘိဓာန်ကို အာမခံနယ်ပယ်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ဖို့ရာ ရှေးရှုသည့်အားလျော်စွာ အသုံးပြုသူများအနေနဲ့ အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

စကားလုံးနဲ့ ဝေါဟာရတွေကို နားလည်ရလွယ်ကူအောင် လုပ်ဆောင်ပေးဖို့က ကျွန်တော်တို့ရဲ့ အဓိကကျတဲ့ အပိုင်းပါ။ တချို့သော အသုံးအနှုန်းတွေကတော့ ဘာသာရပ်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေဖြစ်လို့ တိုက်ရိုက်ဘာသာပြန်ဆိုဖို့ ခက်ခဲ ကောင်းခက်ခဲနိုင်ပေမယ့် အနီးစပ်ဆုံး နားလည်ရလွယ်ကူပြီး ရှုပ်ထွေးမနေဖို့ကိုတော့ ကျွန်တော်တို့လုပ်ဆောင်ပေး နိုင်ပါတယ်။ ဒီအဘိဓာန်က အာမခံလုပ်ငန်းရဲ့ ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ အချို့သော ဝေါဟာရတွေကို ရှင်းရှင်း လင်းလင်းနားလည်လာနိုင်စေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ အာမခံနဲ့ပတ်သက်ပြီး သင့်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ အတွက်ကိုတော့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်တဲ့ အာမခံကိုယ်စားလှယ်တွေ၊ မိတ်ဖက်တွေက ကောင်းမွန်စွာရှင်းပြပေးနိုင်မှာဖြစ်ပါတယ်။

ကနဦးပေးသွင်းရမည့်ပရီမီယံ

ကနဦးပေးသွင်းရမည့် ပရီမီယံဆိုသည်မှာ အာမခံပေါ်လစီအသစ်ဝယ်ယူခြင်း အတွက် ပထမဆုံးပေးသွင်းရမည့် ပရီမီယံကြေးဖြစ်သည်။ 

ကနဦးပေးသွင်းရမည့်ပရီမီယံ

ကနဦးပေးသွင်းရမည့် ပရီမီယံဆိုသည်မှာ အာမခံပေါ်လစီအသစ်ဝယ်ယူခြင်း အတွက် ပထမဆုံးပေးသွင်းရမည့် ပရီမီယံကြေးဖြစ်သည်။ 

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

တစ်ဦးချင်းဆိုင်ရာအာမခံပေါ်လစီ

ဤသည်မှာ သင်ကိုယ်တိုင် ရွေးချယ်ဝယ်ယူထားသည့် တစ်ဦးချင်းဆိုင်ရာ အာမခံပေါ်လစီကို ဆိုလိုသည်။ သင့်အတွက် အလုပ်ရှင်မှဝယ်ယူပေးထားသည့် အဖွဲ့လိုက်ထားရှိနိုင်မည့် အာမခံပေါ်လစီနှင့် ကွာခြားမှုရှိနိုင်သည်။ 

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

ပြန်ရနိုင်သော ငွေတန်ဖိုး

ဤသည်မှာ သင်၏ အာမခံပေါ်လစီကို ပယ်ဖျက်သောအချိန်တွင် သင့်ကို ပေးအပ်မည့် ငွေပမာဏကို ဆိုလိုခြင်းဖြစ်သည်။ 

အခြေအနေအရပ်ရပ်များ ပြောင်းလဲနိုင်သည်ကို ကျွန်ုပ်တို့အနေဖြင့် နားလည်ပြီး သင်တို့အနေဖြင့် ပေါ်လစီကို ဖျက်သိမ်းလိုပါက ၎င်းသက်တမ်းကုန်ဆုံးချိန်မတိုင်မီ ပြုလုပ်ရမည်ဖြစ်သည်။ အာမခံပယ်ဖျက်ခြင်းအတွက်ငွေကြေး တနည်းအားဖြင့် အာမခံပယ်ဖျက်ခြင်းအတွက် ပြန်ရနိုင်သော ငွေတန်ဖိုးမှာ ငွေကြေးပမာဏတစ်ခုဖြစ်ပြီး ထိုအချိန်တွင် ကျွန်ုပ်တို့ ဘက်မှ ပေးအပ်မည်ဖြစ်သည်။ ပေါ်လစီအား အစောပိုင်းနှစ်များတွင် ပယ်ဖျက်ခြင်းအတွက် ဒဏ်ငွေပေးဆောင်ရနိုင်ပါသည်။ ဆိုလိုသည်မှာ ပေါ်လစီပယ်ဖျက်ခြင်းအတွက် ပြန်လည်ရရှိမည့် ငွေကြေးမှာ ပေါ်လစီထဲသို့ သင်ပေးချေထားသည့် စုစုပေါင်းငွေ ပမာဏ (စုစုပေါင်း ပရီမီယံ) ထက် ပိုနည်းနိုင်သည်ကို သတိပြုသင့်သည်။

ပြန်ထုတ်ပေးမည့်ပမာဏ

ကျွန်ုပ်တိုအနေဖြင့် ပေါ်လစီပိုင်ရှင်အား ပြန်ထုတ်ပေးမည့် သတ်မှတ်ထားသောငွေပမာဏကို ဆိုလိုသည်။

ပေါ်လစီရပ်ဆိုင်းခြင်း

၄င်းမှာ သင့်ပေါ်လစီသည် ဆက်လက်အကျုံးဝင်တော့မည်မဟုတ်ဟု ရည်ညွှန်းခြင်းဖြစ်သည်။ သင့်အနေဖြင့် ပရီမီယံကြေးပေးသွင်းခြင်းကို ရပ်တန့်လိုက်သည့်အခါနှင့် ရွှေ့ဆိုင်းပေးသည့်အချိန်ကာလ ကုန်လွန်သည့်အချိန်တွင် ပေါ်လစီရပ်ဆိုင်းသွားမည် ဖြစ်သည်။ ယင်းကဲ့သို့ဖြစ်ပေါ်ခဲ့ပါက ကျွန်ုပ်တို့ထံ ချက်ချင်းဆက်သွယ်ပါ။ 

ပေါ်လစီချေးငွေ

အသက်အာမခံပေါ်လစီချေးငွေဆိုသည်မာ သင့်ပေါ်လစီ၏ ပြန်ရနိုင်သောငွေတန်ဖိုး (Cash Value) မှ ချေးယူခြင်းကို ရည်ညွှန်းသည်။ သင့်အနေဖြင့် ချေးငွေကို အချိန်မီ ပြန်လည်ပေးဆပ်မှသာ နောက်ဆုံးအာမခံအကျိုးခံစားခွင့်ကို အပြည့်အဝရရှိမည် ဖြစ်သည်။

ပေါ်လစီနှစ်

ဤသည်မှာ ပေါ်လစီစတင်အသက်ဝင်ပြီးချိန်မှစ၍ နှစ်ပတ်လည်ကို ဆိုလိုခြင်းဖြစ်သည်။ 

ပေါ်လစီပိုင်ရှင်

ပေါ်လစီပိုင်ရှင်ဆိုသည်မှာ အာမခံပေါ်လစီကို ၎င်း၏ အမည်ဖြင့် ဝယ်ယူထားသူဖြစ်သည်။ တနည်းအားဖြင့် ပေါ်လစီကိုင်ဆောင်ထားသူဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ အကယ်၍သင့်အနေဖြင့် အာမခံပေါ်လစီကို သင့်အမည်ဖြင့်ဝယ်ယူလိုက်ပါက သင်က ပေါ်လစီပိုင်ရှင် ဖြစ်လာမည်။ 

ပေါ်လစီပိုင်ရှင်အနေဖြင့် သင့်ပေါ်လစီအတွက် အခြားသူများကို ထပ်ပေါင်းထည့် နိုင်သည်။ ယင်းသို့လုပ်ဆောင်ခြင်းဖြင့် ပေါ်လစီအောက်တွင် အကျုံးဝင်မည့်သူများ (ထပ်တိုး) အဖြစ် ဖြစ်လာမည်ဖြစ်သည်။ 

ပရီမီယံသွင်းငွေ

၎င်း၏အဓိပ္ပာယ်မှာ သင့်အာမခံပေါ်လစီအတွက် လစဥ်၊ သုံးလတစ်ကြိမ် (သို့) နှစ်စဥ် ပေးသွင်းရမည့် ကုန်ကျငွေဖြစ်သည်။ 

ပရီမီယံပေးသွင်းရမည့်ကာလ

ဤသည်မှာ ပေါ်လစီကိုင်ဆောင်ထားသူအနေဖြင့် ပရီမီယံကြေးပေးသွင်းရမည့် စုစုပေါင်းကာလကို ရည်ညွှန်းသည်။ ၎င်းမှာ သင်ရွေးချယ်ထားသည့် ပေါ်လစီ အမျိုးအစားပေါ်မူတည်၍ ကွဲပြားမှုရှိနိုင်သည်။  

ပရီမီယံသွင်းငွေနှုန်းထား

ဤသည်မှာ သင့်ပေါ်လစီအတွက် သုံးစွဲရန်လိုအပ်သည့် ငွေကြေးပမာဏကို ဆိုလိုသည်။ ၎င်းမှာ သင်၏ အန္တရာယ်ရှိနိုင်သည့် အနေအထားများနှင့် သင်ဝယ်ယူထားသော ပေါ်လစီ၏ အကာအကွယ်ပေးနိုင်မှုတို့ပေါ် မူတည်၍ တစ်နှစ်နှင့်တစ်နှစ် မတူညီနိုင်ပါ။ 

ပရီမီယံတူညီသော အာမခံ

ဤသည်မှာ အသက်အာမခံအမျိုးအစားတစ်ခုဖြစ်ပြီး ပေါ်လစီသက်တမ်းတစ်လျှောက်တွင် ပေးသွင်းရမည့်ပရီမီယံများမှာ အတူတူပင်ဖြစ်နေလိမ့်မည်။

ပေါ်လစီကို ဖျက်သိမ်းနိုင်သော အချိန်အပိုင်းအခြား

သင့်အနေဖြင့် ပေါ်လစီကို လက်ခံရရှိပြီးနောက်သတ်မှတ်ထားသောရက်အတွင်း ကျွန်ုပ်တို့ထံ ဆက်သွယ်အကြောင်းကြားကာ ပေါ်လစီဖျက်သိမ်းနိုင်သည့် အချိန်အပိုင်းအခြားကို ဆိုလိုသည်။

ပေါ်လစီသက်တမ်းစေ့သည့်ရက်စွဲ

ဆိုလိုသည့်အဓိပ္ပာယ်မှာ ကြိုတင်သဘောတူညီထားရှိသည့် ပေါ်လစီသက်တမ်းကုန်ဆုံး မည့်ရက်ဖြစ်သည်။ ပေါ်လစီသက်တမ်းစေ့သွားသည့်အခါတွင် ပေါ်လစီအနေဖြင့် အကျုံးဝင်တော့မည်မဟုတ်ပါ။

ပေါ်လစီချေးငွေ

အသက်အာမခံပေါ်လစီချေးငွေဆိုသည်မာ သင့်ပေါ်လစီ၏ ပြန်ရနိုင်သောငွေတန်ဖိုး (Cash Value) မှ ချေးယူခြင်းကို ရည်ညွှန်းသည်။ သင့်အနေဖြင့် ချေးငွေကို အချိန်မီ ပြန်လည်ပေးဆပ်မှသာ နောက်ဆုံးအာမခံအကျိုးခံစားခွင့်ကို အပြည့်အဝရရှိမည် ဖြစ်သည်။

ပရီမီယံကြေးကင်းလွတ်ခွင့်

၄င်းမှာ သင့်အနေဖြင့် မသန်စွမ်းဖြစ်ခြင်း (သို့) အသက်သေဆုံးခြင်းများ စသည်တို့ကြောင့်ပရီမီယံကြေးပေးသွင်းခြင်းကင်းလွတ်ခွင့်ရသောအကျိုးခံစားခွင့်ဖြစ်သည်။ ၎င်းမှာ ကျွန်ုပ်တို့၏ ပေါ်လစီများအတွင်းမှ သင်ရွေးချယ်နိုင်မည့် အကျိုးခံစားခွင့်တစ်ခုဖြစ်ပြီး အာမခံအကြံပေးနှင့်တိုင်ပင်၍ ကိုက်ညီသောပုံစံများကို သိရှိနိုင်မည်ဖြစ်သည်။

ပေါ်လစီကြွေးမြီ

 ပေါ်လစီကြွေးမြီမှာ ပရီမီယံကြေးမှအလိုအလျောက်ဖြတ်တောက်သည့် ကြွေးမြီစနစ်နှင့် ယင်းအပေါ်တွင် သက်ရောက်မည့်အတိုး (သို့မဟုတ်) ချေးငွေနှင့် အတိုး (သို့မဟုတ်) နှစ်ခုစလုံးကို ရည်ညွန်းသည်။ 

အကယ်၍ သင့်အနေဖြင့် ပေါ်လစီအတွက် အသားတင်ငွေသားပေးသွင်းရန်လိုအပ် သော်ငြား စောင်ဆိုင်းပေးသည့် ကာလထက်ကျော်လွန်၍ ပေးသွင်းရန်ပျက်ကွက်ပါက ကျွန်ုပ်တို့အနေဖြင့် သတ်မှတ်ရက်ကျော်လွန်ခြင်းအတွက် ပရီမီယံချေးငွေအဖြစ် အလိုအလျောက်သတ်မှတ်ဖြတ်တောက်သွားမည်ဖြစ်သည်။ (ပရီမီယံကြေးမှ အလို အလျောက်ဖြတ်တောက်သည့် ကြွေးမြီစနစ်)

သင့်အနေဖြင့် ငွေသားချေငွေ (cash loan) ကို အသားတင်ငွေသားတန်ဖိုးအဖြစ် သတ်မှတ်နိုင်သည်။ ယင်းအတွက် ကျွန်ုပ်တို့ဘက်မှပေးအပ်ထားမည့် လျှောက်လွှာပုံစံကို အသုံးပြုကာ သင့်အနေဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အများဆုံး ငွေကြေးတန်ဖိုး ၉၀ ရာခိုင်နှုန်းအထိ အမြင့်ဆုံးသတ်မှတ်ပေးထားသည်။ 

အဆိုပါချေးယူခြင်းအတွက် သင့်အနေဖြင့် နေစဥ်အတိုးအနေဖြင့် သတ်မှတ်ခံရမည် ဖြစ်ပြီး တစ်နှစ်တာအတွက် အတိုးနှုန်း ၁၅ရာခိုင်နှုန်းကျသင့်မည်ဖြစ်သည်။ အတိုးကို သင် ဝယ်ယူထားသည့် ပေါ်လစီပမာဏအတွက် တစ်နှစ်ချင်းထပ်တိုးသွားမည်ဖြစ်သည်။ သင့် ကြွေးမြီပမာဏဆိုသည်မှာ ပရီမီယံကြေးမှအလိုအလျောက်ဖြတ်တောက်သည့်

ကြွေးမြီစနစ် နှင့် ယင်းအပေါ်တွင်သက်ရောက်မည့်အတိုး (သို့မဟုတ်) ချေးငွေနှင့် အတိုး (သို့မဟုတ်) နှစ်ခုစလုံး(ပေါ်လစီနှစ်အတွင်း သင်ပထမဆုံးထုတ်ယူသည့် ပရီမီယံကြေးမှအလိုအလျောက်ဖြတ်တောက်သည့်

ကြွေးမြီစနစ် နှင့် ယင်းအပေါ်တွင်သက်ရောက်မည့်အတိုး (သို့မဟုတ်) ချေးငွေနှင့် အတိုး (သို့မဟုတ်) နှစ်ခုစလုံး (သို့မဟုတ်) ပေါ်လစီနှစ်အတွင်း ပေးသွင်းရန်မကျန်ရှိ တော့သည့် ပရီမီယံကြေးမှအလိုအလျောက်ဖြတ်တောက်သည့်

ကြွေးမြီစနစ် နှင့် ယင်းအပေါ်တွင်သက်ရောက်မည့်အတိုး (သို့မဟုတ်) ချေးငွေနှင့် အတိုး (သို့မဟုတ်) နှစ်ခုစလုံး နှင့် လာမည့်ပေါ်လစီနှစ်အတွက် ယခင်ပေါ်လစီနှစ်မှ သင့်ကြွေးမြီပမာဏ (အတိုပါအပါ) အပြင် မည်သည့် ပရီမီယံကြေးမှအလိုအလျောက်ဖြတ်တောက်သည့်ကြွေးမြီစနစ် နှင့် ယင်းအပေါ်တွင်သက်ရောက်မည့်အတိုး (သို့မဟုတ်) ချေးငွေနှင့် အတိုး (သို့မဟုတ်) နှစ်ခုစလုံးကို ဆိုလိုသည်။ 

ပြင်းထန်သော နာမကျန်းဖြစ်ခြင်း 

ယခုအသုံးအနှုန်းမှာ လုပ်ငန်းအမျိးအစားပေါ် မူတည်၍ ခြားနားသော အဓိပ္ပာယ် သတ်မှတ်ချက်များစွာရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤနေရာတွင်ပြင်းထန်သော နာမကျန်းဖြစ်ခြင်း ဟု ညွှန်းဆိုရာ၌ ပြင်းထန်သောရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများအဖြစ် သတ်မှတ်ထားပါသည်။ (ဥပမာ - ကင်ဆာရောဂါ၊ နှလုံးရောဂါ (သို့) အယ်လ်ဇိုင်းမားရောဂါ ကဲ့သို့ ရောဂါများကို ဆိုလိုပါသည်။) 

ပေါ်လစီများအလိုက်  ပြင်းထန်သော နာမကျန်းဖြစ်ခြင်း သတ်မှတ်ချက်များလည်း ကွဲပြားခြားနားမည်ဖြစ်ကာ သင့်အနေဖြင့် ပေါ်လစီတစ်ခုကို မရွေးချယ်မီ သင့်လိုအပ် ချက်များအတွက် ကျွန်ုပ်တို့နှင့် ဦးစွာဆွေးနွေးရန် အရေးကြီးပါသည်။ ထို့အပြင် သင့်ဝယ်ယူမည့် ပေါ်လစီစည်းမျဥ်းစည်းကမ်းများကို သေချာစွာဖတ်ရှုထားရန်လိုအပ်ပြီး မည်သည်အရာများသည် အကျုံးဝင်ကာ မည်သည့်အရာများကိုမူ အကျုံးမဝင်ကြောင်း နားလည်ရန် အရေးကြီးပါသည်။

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

ရွှေ့ဆိုင်းပေးသည့် အချိန်အပိုင်းအခြား

ဤသည်မှာ သင့်အနေဖြင့် ပရီမီယံကြေးပေးသွင်းခြင်းကို ရပ်တန့်လိုက်သော်လည်း ကျွန်ုပ်တို့ဘက်မှ ဆက်လက်အကာအကွယ်ပေးနေသည့် အချိန်ကို ဆိုလိုသည်။ သို့သော်လည်း ယင်းအချိန်ကာလတွင် သင့်အနေဖြင့် ပေါ်လစီ၏ကာကွယ်မှုများ ရပ်တန့်မသွားရန်အတွက် ဤကာလမကုန်ဆုံးမီ ပရီမီယံကြေးကို ပြန်လည်ပေးသွင်းရန် အရေးကြီး ပါသည်။ 

ရှောင်လွှဲနိုင်သည့်အခြေအနေ(သို့) ပြဌာန်းချက်

အကယ်၍ သင့်အနေဖြင့် ပေါ်လစီဆိုင်ရာအချက်အလက်များတွင် မှားယွင်းဖြည့်စွက်ခဲ့မိသည်ရှိသော်  ကျွန်ုပ်တို့အား အချိန်ကာလတစ်ခုအတွင်း (ပုံမှန်အားဖြင့် ၁နှစ်နောက်ပိုင်း) လျော်ကြေးငွေတောင်းခံခြင်းကို ကျွန်ုပ်တို့ဘက်မှငြင်းဆိုပိုင်ခွင့်ရှိသည်။

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

သတ်မှတ်ကာလတစ်ခုအတွက်အသက်အာမခံ

အသက်အာမခံပေါ်လစီနှစ်မျိုးရှိပြီး သတ်မှတ်ကာလတစ်ခုအတွက်အသက်အာမခံနှင့် ဘဝတစ်သက်တာအသက်အာမခံဟူ၍ဖြစ်သည်။ 

သတ်မှတ်ကာလတစ်ခုအတွက်အသက်အာမခံဟူသည်မှာ ကျွန်ုပ်တို့အနေဖြင့် သင့်အား သတ်မှတ်ကာလတစ်ခု (ဥပမာ - ၂၅ နှစ်တာ) အတွက် အကာအကွယ်ပေးထားမည်ဖြစ်ပြီး ဘဝတစ်သက်တာဆိုသည်မှာ သင့်ဘဝသက်တမ်းတစ်လျှောက်လုံးအတွက် အကာအကွယ်ပေးထားခြင်းကို ဆိုလိုသည်။ 

သတ်မှတ်အသက်အပိုင်းအခြား

အသက်အပိုင်းအခြားဆိုသည်မှာ သင်လုပ်ဆောင်နေနိုင်သေးသည့် အသက်အရွယ်ကို ဆိုလိုသည်။ ဥပမာ - ရန်ပုံငွေများထုတ်ယူခြင်း (သို့) အကျိုးခံစားခွင့်များ လက်ခံနိုင် မည့်အရွယ်ကို ဆိုလိုပါသည်။ အသက်အရွယ်သတ်မှတ်ချက်ကို ပြည့်ပြီး အသက်ပေါ်တွင် မူတည်တွက်ချက်ပါသည်။ 

သေဆုံးခြင်းအတွက် အာမခံအကျိုးခံစားခွင့်

သေဆုံးခြင်းအတွက် အာမခံအကျိုးခံစားခွင့်ဆိုသည်မှာ သင့်အနေဖြင့် အသက်အာမခံပေါ်လစီတွင် ရင်းနှီးမြှုပ်နှံသင့်သည့် အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး အနာဂတ်အတွက် ကြိုတင်စီစဥ်နိုင်မည်ဖြစ်ကာ စိတ်အေးချမ်းမှုကိုလည်း ရရှိစေမည် ဖြစ်သည်။ သင်ကွယ်လွန်သွားချိန် တွင် သင်ရွေးချယ်ထားသည့် အကျိုးခံစားခွင့်ရှိသူက အာမခံလျော်ကြေးငွေများကို ရရှိလိမ့်မည်ဖြစ်သည်။ 

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

အသက်အာမခံပေါ်လစီ 

အသက်အာမခံမှာ ပျော်ရွှင်စရာကိစ္စတစ်ခုကဲ့သို့ တွေးမြင်၊ ပြောဆိုရန်မရှိသော်လည်း အခွန်အခများ (သို့) သွားဆရာဝန်ထံသို့ ကုသရန်သွားရခြင်းများ၊ အနာဂတ်အတွက် ကြိုတင် စီစဥ်ခြင်းများပြုလုပ်ရန် အရွယ်‌ရောက်ပြီးသားသူအတွက် မရှိမဖြစ်လိုအပ်သည့် အရာဖြစ် သည်။ 

အကယ်၍ မိသားစုများက သင်၏ ငွေကြေးထောက်ပံ့မှုအောက်တွင် ရပ်တည်မှီခိုနေကြ ရပါက အသက်အာမခံထားရှိခြင်းကသာ ၎င်းတို့အတွက် အကာအကွယ်ပေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ကျွန်ုပ်တို့ Manulife တွင် သင့်အတွက် ပိုမိုလွယ်ကူ သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် ကူညီပေးသွားမည်ဖြစ်သည်။ သို့မှသာ သင်ကိုယ်တိုင် နှင့် သင်ချစ်မြတ်နိုးရသူများအတွက် စိတ်ချလုံခြုံစေမည်ဖြစ်သည်။ 

အသက်အာမခံထားရှိသူ

အသက်အာမခံပေါ်လစီသဘောတရားအရ အကာအကွယ်ပေးထားမည့်လူကို ဆိုလိုသည်။ ပေါ်လစီ ဝယ်ယူသူကိုယ်တိုင်ကလည်း အသက်အာမခံထားရှိသူဖြစ်ခွင့်ရှိသည်။ 

အကျိုးခံစားခွင့် 

ဤနေရာတွင် အကျိုးခံစားခွင့်ဟူသည်မှာ ငွေကြေးပမာဏကို ဆိုလိုခြင်းဖြစ်ပြီး အာမခံ ကုမ္ပဏီဘက်က ပေါ်လစီအရ ပြန်လည်ပေးအပ်သည့် လျော်ကြေးငွေပမာဏကို ဆိုလို သည်။ ယင်းက အာမခံပေါ်လစီများ ဘာကြောင့်ဝယ်ယူမြှုပ်နှံသင့်သနည်း ဆိုခြင်းကို သိသာမြင်သာ စေသည့် အကြောင်းပြချက်ဖြစ်ပြီး သင်တို့၏ အနာဂတ်ဘဝ စိတ်အေး ချမ်းလုံခြုံမှုများအတွက် စီမံပေးနိုင်မည့် အရာလည်းဖြစ်သည်။ 

အကျိုးခံစားခွင့်ရှိသူ 

အကျိုးခံစားခွင့်ရှိသူဟူသည်မှာ အာမခံပေါ်လစီမှ အာမခံလျော်ကြေးငွေအတွက် လက်ခံခွင့်ရှိသူကို ရည်ညွှန်းသည်။ အကျိုးခံစားခွင့်ရှိသူနှစ်မျိုးရှိပြီး အဓိကနှင့် ဆင့်ပွား ဟူ၍ ဖြစ်သည်။ 

ဥပမာ - ကိုအောင်က အသက်အာမခံပေါ်လစီတစ်ခုကို ဝယ်ယူလိုက်ပြီး သူ၏ ဇနီးသည်ကို အာမခံအကျိုးခံစားခွင့်ရှိသူ (အဓိက) အဖြစ် ရွေးချယ်ကာ သူ၏ တစ်ဦးတည်းသောသားဖြစ်သူ မောင်မောင် ကိုမူ အာမခံအကျိုးခံစားခွင့်ရှိသူ (ဆင့်ပွား) အဖြစ် သတ်မှတ်ရွေးချယ်ထားသည်။ 

ကိုအောင်သေဆုံးသွားချိန်တွင် သူ၏ ဇနီးသည်မှာ အဓိကအကျိုးခံစားခွင့်ရှိသူဖြစ်သည့် အလျောက် ပေါ်လစီအရ သေဆုံးခြင်းအတွက် အာမခံလျော်ကြေးငွေကို လက်ခံရရှိမည် ဖြစ်သည်။ အကယ်၍ ကိုအောင်၏ဇနီးသည် သေဆုံးသွားသည်ဆိုပါက ဆင့်ပွားအကျိုးခံစားခွင့်အဖြစ် သတ်မှတ်ထားခဲ့သည့် မောင်မောင်က အာမခံလျော်ကြေးငွေကို လက်ခံရရှိမည်ဖြစ်သည်။

အကျိုးသက်ရောက်မှု

ဤသည်မှာ သင့်အာမခံပေါ်လစီအောက်မှ ကာကွယ်ပေးနေမည့် ငွေကြေးပမာဏကို ရည်ညွှန်းသည်။ သင့်အနေဖြင့် ကျွန်ုပ်တို့ထံတွင် ပရီမီယံကြေးပေးသွင်းပြီး သင်ကိုယ်တိုင် အပါအဝင် သင်ချစ်မြတ်နိုးရသူများအား မမျှော်လင့်သော အဖြစ်အပျက်များမှ ကာကွယ်နိုင်မည်ဖြစ်သည်။ အကယ်၍ မမျှော်လင့်သောအခြေအနေများ တွေ့ကြုံရပါက ကျွန်ုပ်တို့ဘက်မှ သင်ဝယ်ယူထားသော ပေါ်လစီတွင် ပါဝင်သည့်အတိုင်း အပြည့်အဝ လျော်ကြေးပေးအပ်ပါမည်။ ပေါ်လစီတစ်ခုကို ရွေးချယ်ခြင်းမပြုမီ သင့်လိုအပ်ချက်များကို ကျွန်ုပ်တို့နှင့် ဦးစွာ ဆွေးနွေးရန် အရေးကြီးပါသည်။ သင့်အနေဖြင့် ပေါ်လစီဆိုင်ရာ စည်းမျဥ်းစည်းကမ်းများကို ဖတ်ရှုနားလည်ထားရန်လည်း အ‌ရေးကြီးသကဲ့သို့ မည်သည်တို့အကျုံးဝင်ပြီး မည်သည့် အရာများကို ချန်လှပ်ထားကြောင်းကို နားလည်ရန် အရေးကြီးပါသည်။

အဖွဲ့လိုက်ထားရှိနိုင်မည့် အာမခံပေါ်လစီ

ဤအာမခံပေါ်လစီမှာ ကုမ္ပဏီဝန်ထမ်းများ (သို့) အသင်းအဖွဲ့ဝင်များကဲ့သို့သော လူ အစုအဖွဲ့အတွက် ရည်ညွှန်းပါသည်။ ၎င်းမှာ တစ်ဦးချင်းအနေဖြင့်ဝယ်ယူထားသည့် ပေါ်လစီနှင့် ကွာခြားမှုများရှိပါသည်။ 

အာမခံထားရှိရန်အတွက် ပြည့်စုံမှုရှိသည့် ကမ်းလှမ်းချက်

ဤသည်မှာ ကန့်သတ်ချက်များမရှိတော့သည့် အခြေအနေတစ်ခုဖြစ်ပြီး ကျန်းမာရေး အခြေအနေသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ကျန်းမာရေးအတွက် အခြားသော ဆေးဘက်ဆိုင်ရာ မေးခွန်းများအား ဖြေဆိုရန်လိုအပ်တော့မည်မဟုတ်ပေ။

အာမခံမထားရှိမီကျန်းမာရေးအခြေအနေ

ဤသည်မှာ သင့် အာမခံပေါ်လစီ စတင်အသက်မဝင်မီ သင့်ကျန်းမာရေးအခြေအနေ (ရုပ်ပိုင်းဆိုင်ရာ သို့ စိတ်ပိုင်းဆိုင်ရာ)များ စစ်ဆေးထားခြင်း ရလဒ်ကိုဆိုလိုသည်။ သင့်အနေဖြင့် ပေါ်လစီမဝယ်ယူမီ သင့်ကျန်းမာရေးအခြေအနေများကို ပွင့်ပွင့်လင်းလင်း ပြောပြထားမှသာ ကျွန်ုပ်တို့အနေဖြင့် အကာအကွယ် ပေးနိုင်/မပေးနိုင်ကို ပြောပြပေးနိုင်မည်ဖြစ်သည်။ အကယ်၍ ပကတိကျန်းမာရေးအခြေအနေကို ထိမ်ချန်ထားပါက သင်၏ပေါ်လစီပျက်ပြယ်ပါမည်။

အာမခံသက်တမ်းတိုးရန်လုပ်ဆောင်ခြင်း

ဆိုလိုသည့်အဓိပ္ပာယ်မှာ သင့်အနေဖြင့် ပေါ်လစီအတွက် ပရီမီယံကြေး ပေးသွင်းနေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့အနေဖြင့် ကြိုတင်သဘောတူညီထားသည့် အသက်ကာလ အပိုင်းအခြားတစ်ခုအထိ သင့်အား အာမခံအကာအကွယ်ပေးမည်ဖြစ်သည်။ 

အာမခံအတွက်ထည့်သွင်းစဥ်းစားရမည့်အချက်များ

ဤသည်မှာ သင့်အနေဖြင့် အာမခံထားရှိရန် မည်မျှအဆင်ပြေကြောင်းကို ရည်ညွှန်း သည်။ ပေါ်လစီဝယ်ယူရန် ဆုံးဖြတ်ချက်မချမီ ကျွန်ုပ်တို့အနေဖြင့် ကျန်းမာရေး အခြေအနေ၊ အသက်နှင့် ဖြစ်လာနိုင်သည့် အဆိုးဆုံးအခြေအနေများကို ထည့်သွင်းစဥ်းစားပါသည်။ 

အာမခံပယ်ဖျက်ခြင်း

 ပေါ်လစီဖျက်သိမ်းခြင်းကို ဆိုလိုသည်။ 

အလိုအလျောက် ပရီမီယံချေးငွေ

အဆိုပါစနစ်မှာ ပရီမီယံကြေးပေးသွင်းရန်မေ့လျော့သွားချိန်တွင်လည်း သင့်ကို အာမခံ အကျိုးခံစားခွင့်မပျက်သွားစေရန် ကာကွယ်ပေးထားမည်ဖြစ်သည်။ သို့သော် ပရီမီယံကြေးငွေ နှင့်အတိုးများကို သင်၏ ပြန်ရနိုင်သောငွေတန်ဖိုး (Cash Value)အတွင်းမှ အလိုအလျောက်နှုတ်ယူထား မည်ဖြစ်ရာ အကယ်၍ ပရီမီယံကြေးကို ပေးသွင်းခြင်းမရှိခဲ့ပါက အာမခံအကျိုးခံစားခွင့်ထဲမှ နှုတ်ယူထားမည်ဖြစ်သည်။ 

အာမခံလျော်ကြေးငွေ

အာမခံလျော်ကြေးငွေ ဆိုသည်မှာ ဝယ်ယူထားသောအာမခံပေါ်လစီတွင် ဖော်ပြထားသောလျော်ကြေးငွေပမာဏကို ဆိုလိုသည်။ အကျိုးခံစားခွင့် ငွေပမာဏကို အာမခံလျော်ကြေးငွေ၏ ရာခိုင်နှုန်း(%) ဖြင့်ဖော်ပြလေ့ရှိသည်။ 

သင်၏အကျိုးခံစားခွင့်နင့် ပတ်သက်ပြီး နားလည်သိရှိထားရန်လိုအပ်ပါသဖြင့် အာမခံအကြံပေးပုဂ္ဂိုလ်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

အာမခံအတွက်ထည့်သွင်းစဥ်းစားရမည့်အချက်များ

ဤသည်မှာ သင့်အနေဖြင့် အာမခံထားရှိရန် မည်မျှသင့်တော်သည့်အကြောင်းကို ရည်ညွှန်း သည်။ ပေါ်လစီဝယ်ယူရန် ဆုံးဖြတ်ချက်မချမီ ကျွန်ုပ်တို့အနေဖြင့် သင်၏ ကျန်းမာရေးအခြေအနေ၊ အသက်နှင့် ဖြစ်လာနိုင်သည့် အဆိုးဆုံးအခြေအနေများကို ထည့်သွင်းစဥ်းစားပါသည်။ 

အာမခံထားနိုင်သော အရည်အချင်း

ဤသည်မှာ သေဆုံးခြင်း၊ ဆုံးရှုံးခြင်းများ စသည့်ကြိုတင်မမြင်နိုင်သော အဖြစ်အပျက် တစ်စုံတစ်ရာအတွက် အာမခံရယူလိုသူတစ်ဦး၏ ဆီလျော်သည့် အခြေအနေတစ်ခုကို ဆိုလိုသည်။ လူတစ်ဦးအနေဖြင့် ၎င်းကိုယ်တိုင်အတွက်ဖြစ်စေ၊ ၎င်း၏ မိသားစုဝင်များအတွက်နှင့် ၄င်းလုပ်ငန်းများ၏ အကျိုးစီးပွားအတွက် ကာကွယ်ရန် အာမခံထားရှိနိုင်ပါသည်။ ထို့ကြောင့် အာမခံထားနိုင်သောအရည်အချင်းဆိုသည်မှာ ဥပဒေအရသော်လည်းကောင်း သွေးသားတော်စပ်မှုအရသော်လည်းကောင်း ရှိနေသည့် မိသားစုဝင်များနှင့် ပိုင်ဆိုင်မှုတို့နှင့် ဆက်နွယ်သည်။

အသက်အာမခံထားရှိသူ၏ အသက်

အခြေခံပရီမီယံကြေးကို တွက်ချက်ရာတွင်အသုံးပြုသော သင်၏ ပြည့်ပြီးသောအသက် ဖြစ်သည်။ အာမခံပေါ်လစီကိုထုတ်ပေးသောအခါ သင်ရောက်ရှိနေသည့်အသက်မှ စတင်တွက်ယူ၍ ထုတ်ပေးမည်ဖြစ်သည်။ ပုံမှန်အားဖြင့် သင့်အသက်ကြီးလေလေ၊ ပေးသွင်းရမည့် ပရီမီယံ ကြေးများလေလေ ဖြစ်သည်။ 

အပိုဆောင်းအကျိုးခံစားခွင့်

သင်လက်ရှိဝယ်ယူထားသော အာမခံပေါ်လစီအတွက် အပိုဆောင်းအကျိုးခံစားခွင့်ကို ထပ်မံဝယ်ယူခြင်းဖြစ်သည်။ အပိုဆောင်းအကျိုးခံစားခွင့် ကိုဝယ်ယူခြင်းဖြင့် ထပ်ဆောင်းအကာအကွယ်များကို ရရှိမည်ဖြစ်ကာ ပေးသွင်းရမည့် ပရီမီယံကြေးလည်း မြင့်တက်သွားမည်ဖြစ်သည်။ 

အကဲဖြတ်ခြင်းလုပ်ငန်းစဥ်

ဤသည်မှာ ဝယ်ယူမည့်အသက်အာမခံအတွက် သင်သည်မည်မျှသင့်လျော်ကြောင်းနှင့် အန္တရာယ်ရှိနိုင်သည့်အနေအထားကို အကဲဖြတ်ပေးသည့် လုပ်ငန်းစဥ်ကို ဆိုလိုသည်။ 

ဥပဒေအရ မိသားစုဝင်ဖြစ်မှု

ဥပဒေအရ မိသားစုဝင်ဖြစ်မှုဆိုသည်မှာ အာမခံထားရှိသူ၏ တရားဝင်အသိအမှတ်ပြုထားသည့် မိဘ၊ သားသမီး (သို့) အိမ်ထောင်ဖက် ဖြစ်ရန်ရည်ညွှန်းသည်။ 

ဝေါဟာရအဘိဓာန်မှာ အချက်အလက်ပိုင်းအတွက်သာ ဖြစ်ပြီး ဥပဒေဆိုင်ရာ သို့မဟုတ် ငွေကြေးဆိုင်ရာအကြောင်းကြားလွှာများ အဖြစ် ထည့်သွင်းစဉ်းစားရန်မလိုပါ။ သင်၏ ပေါ်လစီစာချုပ်ပါဝေါဟာရများ၊အချက်အလက်များအနေနှင့် ယခု ဝေါဟာရအဘိဓာန်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် မတူညီမှုများ ရှိနိုင်ပါသည်။

Confirm