အတည်ပြုသည်
အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ကျွန်တော်တို့ခရီးလမ်း

mm

    

ကျွန်တော်တို့က ဘယ်သူတွေများပါလိမ့်။

Manulife Financial Corporation ဆိုတာ နိုင်ငံတကာက ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေပေးအပ်နေတဲ့ အဖွဲ့အစည်းတွေထဲမှာမှ ထိပ်တန်းကနေ ဦးဆောင်ထားတဲ့ လုပ်ငန်းတစ်ခုဖြစ်သလို နိုင်ငံသားတိုင်းရဲ့ငွေကြေးပိုင်းဆိုင်ရာ လုံခြုံစိတ်ချရမှုတွေ၊ ဆုံးဖြတ်ချက်တွေ အလွယ်တကူချမှတ်နိုင်စေဖို့ရာအပြင် ပြီးပြည့်စုံကောင်းမွန်တဲ့ လူနေမှုဘဝတွေ ဖန်တီးလာနိုင်စေဖို့ ထောက်ပံ့ကူညီပေးနေတဲ့ လုပ်ငန်းအဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအတွက် John Hancock အမည်နဲ့ အဓိကလုပ်ဆောင်နေပြီး အခြားနိုင်ငံတွေမှာတော့ Manulife အမည်နဲ့ ကျွန်တော်တို့ လုပ်ငန်းတွေ လည်ပတ်လျက် ရှိပါတယ်။ အဖွဲ့အစည်း၊ ဌာနဆိုင်ရာတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ငွေကြေးဆိုင်ရာ အကြံဉာဏ်ကောင်းတွေ၊ အာမခံဆိုင်ရာအကြံဉာဏ်ကောင်းတွေအပြင် ဓနဥစ္စာနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းတွေကို ကူညီပံ့ပိုးပေးနေတာလည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကာလမှာတော့ ကျွန်တော်တို့ရဲ့လုပ်ငန်းကို ၀န်ထမ်းပေါင်း ၃၄,၀၀၀ ကျော်၊ ကိုယ်စားလှယ်ပေါင်း ၈၂,၀၀၀ ကျော်အပြင် ဖြန့်ချိရေးမိတ်ဖက် ထောင်ပေါင်းများစွာနဲ့ လက်တွဲပြီး ကမ္ဘာ့နိုင်ငံသားပေါင်း၂၈ သန်းနီးပါးကို ဝန်ဆောင်မှုပေးခဲ့ပြီး ဖြစ်ပါတယ်။

 

၂၀၁၈ခုနှစ် ဒီဇင်ဘာ ၃၁ အထိ ပိုင်ဆိုင်မှုအမြတ်ငွေတန်ဖိုး ကနေဒါဒေါ်လာ ၁.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၉၄ ဘီလီယံ)ကို ကျွန်တော်တို့ စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်မှုလက်အောက်မှာ ရရှိခဲ့တာဖြစ်ပြီး ဝန်ဆောင်မှု အသုံးပြုသူတွေအတွက် ပြီးခဲ့တဲ့ ၁၂လအတွင်းမှာ ကနေဒါဒေါ်လာ ၂၉ ဘီလီယံ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ အခုဆို အာရှ၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာ သုံးစွဲသူတွေကို ၀န်ဆောင်မှုပေးလာခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်တိုင်လာခဲ့ပါပြီ။

ကျွန်တော်တို့ရဲ့ အပြည်ပြည်ဆိုင်ရာလုပ်ငန်းဌာနချုပ်ကို ကနေဒါ တိုရွန်တိုမြို့မှာထားရှိပြီး တိုရွန်တို၊ နယူးယော့ခ်နဲ့ ဖိလစ်ပိုင်စတော့ဈေးကွက်မှာတော့ ‘MFC’ (Manulife Financial Corporation) နာမည်နဲ့ မှတ်ပုံတင်ထားကာ ဟောင်ကောင်စတော့ဈေးကွက်မှာတော့ ‘945’ နာမည်နဲ့ မှတ်ပုံတင်ထားပါတယ်။

 

အာရှနိုင်ငံတွေဖြစ်တဲ့ ကမ္ဗောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ အခုဆို မြန်မာနိုင်ငံက နိုင်ငံသားတိုင်းအတွက် ဝန်ဆောင်မှုတွေကို ဂုဏ်ယူစွာနဲ့ ပေးအပ်လျက်ရှိပါတယ်။ အခုဆို မြန်မာနိုင်ငံကို တစ်ကျော့ပြန် ဝင်ရောက်လာပြီးတဲ့နောက် မိသားစုတိုင်းအတွက် ခိုင်မာတဲ့ငွေကြေးအာမခံချက်တွေရရှိအောင် စီမံနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့၏ ရည်မှန်းချက်များ

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အများစုစိတ်ထဲ ရှုပ်ထွေးတယ်လို့ မြင်ထားကြတယ့် ငွေကြေးဆိုင်ရာနဲ့ အာမခံဝန်ဆောင်မှုလုပ်ငန်းတွေကို အလွယ်တကူနားလည်လာစေဖို့ရန်နဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ သူတို့ရဲ့ ဘဝနေထိုင်မှုတွေအတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စေဖို့ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ ဖောက်သည်‌တွေ ဆုံးဖြတ်ချက်တွေ အလွယ်တကူချမှတ်နိုင်စေဖို့ရာအပြင် ပြီးပြည့်စုံကောင်းမွန်တဲ့ လူနေမှုဘဝတွေ ဖန်တီးလာနိုင်စေဖို့ ရာအမြဲ‌ရှေးရှသွားမှာဖြစ်ပါတယ်။  ကျွန်တော်တို့ရဲ့ပန်းတိုင်ဟာ ရိုးရှင်းပြီးမြင်သာတဲ့အပြင် ခိုင်မာတဲ့ အန္နိမပန်းတိုင် တစ်ခုလဲ ဖြစ်ပါတယ်။

ကျွန်တော်တို့၏ စံသတ်မှတ်ချက်များ

ကျွန်တော်တို့ရဲ့ စံသတ်မှတ်ချက်တွေဆိုတာ ကျွန်တော်တို့ရည်မှန်းချက်တွေကို ပိုပြီးအရောင်တောက်ပလာစေဖို့ရာအတွက် လမ်းပြကူညီပေးတဲ့ အခြေခံအကြောင်းအချက်များဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်တွေကပဲ ကျွန်တော်တို့ဟာ ဘယ်လိုလူမျိုးတွေဖြစ်ပြီး ကျွန်တော်တို့ ဘယ်လိုမျိုး အတူတကွ လက်တွဲလုပ်ဆောင်နေကြတယ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုပေး နေကြတာပါ။     

 

ဖောက်သည်များအကြောင်းစဥ်ဆက်မပြတ်စူးစမ်းလေ့လာခြင်း      - ဖောက်သည်တိုင်း၏ လိုအပ်ချက်များအတွက် တင်ကြိုတွက်ဆမှုများပြုလုပ်ခြင်းနှင့် စိတ်ကျေနပ်မှုရှိစေရန် အစွမ်းကုန်အားထုတ်ကြိုးစားခြင်း။

မှန်ကန်စွာလုပ်ဆောင်ခြင်း - သမာသမတ်ကျစွာပြုမူခြင်းနှင့် အပြောနှင့်အလုပ်ညီညွတ်စွာလုပ်ဆောင်ခြင်း။

အမြှော်မြင်ကြီးစွာတွေးခေါ်ခြင်း - မည်သည့်အရာမဆို လက်တွေ့ဖြစ် လာနိုင်ကြောင်းကို နှလုံးသွင်း၍ အကောင်းဆုံးသောနည်းလမ်းများကို အမြဲတမ်းရှာဖွေလုပ်ဆောင်ခြင်း။

အတူတကွလုပ်ဆောင်အောင်မြင်ခြင်း - စွမ်းဆောင်ရည်ပြည့်ဝပြီးအသင်း အဖွဲ့စိတ်ဓါတ်ရှိသူများနှင့် ဖွဲ့စည်းထားသည့်အလျောက် အတူတကွပူးပေါင်းဆောင်ရွက်မှုများဖြင့် အကောင်းဆုံးသောရလဒ်များ ဖော်ဆောင်နိုင်ခြင်း။

ကိုယ်ပိုင်အရည်အသွေးဖြင့်ရဲဝံ့ခြင်း - ဆုံးဖြတ်ချက်များနှင့် တာဝန်ယူ ဆောင်ရွက်မှုများအား မိမိတို့ကိုယ်တိုင်ချမှတ်လုပ်ဆောင်နိုင်စေရန် အခွင့်အရေးနှင့်လုပ်ပိုင်ခွင့်များ ရရှိစေခြင်း။

ကိုယ်ချင်းစာနာမှုများဖြင့်မျှဝေခြင်း - အချင်းချင်းအထောက်အကူပြုခြင်း၊ မတူကွဲပြားမှုများ၊ အကောင်းမြင်စိတ်များထားနှင့် တိုးတက်ခိုင်မာ သော လုပ်ငန်းခွင်တစ်ခုတည်ဆောက်ခြင်း။

 

ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းဟာ စွန့်ဦးတီထွင်မှု၊ ဦးဆောင်မှုများနဲ့ ဆုံးဖြတ်ချက်များ မှန်ကန်လွယ်ကူစွာချမှတ်နိုင်ရေးနဲ့ လူနေမှုဘဝများ ပိုမိုကောင်းမွန်လာရေးအတွက် နည်းလမ်းအသစ်များရှာဖွေခြင်းတွေနဲ့ ဖြတ်သန်းလာခဲ့တာဖြစ်ပါတယ်။ အောက်မှာပြထားတဲ့ သက္ကရာဇ်တွေကို ကြည့်ချင်းအားဖြင့် ကျွန်တော်တို့ရဲ့ ခရီးလမ်းအစဖြတ်သန်းမှုတွေကို မြင်တွေ့နိုင်မှာပါ။

၂၀၁၈

သုံးစွဲသူအတွေ့အကြုံကောင်းများရရှိစေရန် ပြုပြင်ပြောင်းလဲခြင်း

သုံးစွဲသူဗဟိုပြုလုပ်ငန်းဆောင်ရွက်မှုပုံစံအဖြစ်ပြောင်းလဲခြင်းကို Manulife ဟောင်ကောင်မှ ပထမဦးဆုံးအဖြစ် ပြင်ဆင်ဆောင်ရွက်ခဲ့။

၂၀၁၈

ကုန်အမှတ်တံဆိပ် ပြောင်းလဲခြင်း

Manulife နဲ့ John Hancock အမှတ်တံဆိပ်တွေကို ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များအဖြစ် ပြင်ဆင်မိတ်ဆက်ခဲ့။

၂၀၁၇

ဒေါ်လာ ၁ ထရီလီယံ အထိရောက်ရှိခြင်း

စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်မှုလက်အောက်မှာ ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်မှု အမြတ်ငွေ ၁ ထရီလီယံဒေါ်လာသို့ရောက်ရှိ။

၂၀၁၇

ကမ္ဘာ့စံချိန်တင် မှတ်တမ်းဝင်ခြင်း

Manulife အာမခံလုပ်ငန်းကိုယ်စားလှယ် Joe Sun ရဲ့ ၆၃နှစ်တာ လုပ်သက်ကြောင့် ကမ္ဘာ့စံချိန်သစ်အဖြစ် မှတ်တမ်းတစ်ရပ်ကို အံ့သြဖွယ် ရေးထိုးနိုင်ခဲ့။

၂၀၁၇

တရုတ်နိုင်ငံသို့ခြေလှမ်းသစ်များ စတင်ထိုးဖောက်ခြင်း

Manulife ဟာ တရုတ်နိုင်ငံအတွင်းမှာ ရာနှုန်းပြည့်နိုင်ငံခြားသားပိုင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (WFOE) လိုင်စင်ကို ရရှိခဲ့တဲ့ ပထမဆုံး ငွေကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ခဲ့။

၂၀၁၆

မိုဘိုင်းမှ တစ်ဆင့် အာမခံလျော်ကြေးတောင်းခံနိုင်ခြင်း

တရုတ်နိုင်ငံမှာ WeChat ကနေတစ်ဆင့် အာမခံလျော်ကြေး တောင်းခံမှုတွေ စတင်ပြုလုပ်နိုင်ခဲ့။

၂၀၁၅

ManulifeMOVE အစီအစဥ်သစ်

ကျန်းမာရေးအလေးပေးပြီး အားကစားလိုက်စားသူ Manulife ဖောက်သည်များအတွက် ဆုချီးမြှင့်တဲ့အစီအစဥ်သစ်တစ်ရပ်ကို Manulife Asia မှ တီထွင်ဆန်းသစ်ခဲ့။

၂၀၁၄

မြန်မာ

နှစ်ပေါင်း ၇၀ ကြာ ကင်းကွာနေပြီးတဲ့နောက် Manulife ကိုယ်စားလှယ်ရုံးခန်းကို မြန်မာနိုင်ငံတွင်း တစ်ကျော့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့။

၂၀၁၂

ကမ္ဘောဒီးယား

ကမ္ဘောဒီးယားရုံးချုပ်ကို ဖနွမ်းပင်မှာ စတင်ဖွင့်လှစ်ခဲ့။

၂၀၀၄

John Hancock နဲ့ပေါင်းစည်းခြင်း

John Hancock နဲ့ ပေါင်းစည်းခြင်းကြောင့် ကနေဒါတွင် အကြီးဆုံးသော အာမခံလုပ်ငန်းစုအဖြစ်လည်ကောင်း၊ မြောက်အမေရိကတွင် ဒုတိယအကြီးဆုံးနှင့် ကမ္ဘာ့အဆင့် နံပါတ်(၅)နေရာသို့ ရောက်ရှိလာခဲ့။

၂၀၀၀

အသားတင်၀င်ငွေ ဒေါ်လာ ၁ ဘီလီယံ ရရှိခြင်း

ကနေဒါအခြေစိုက် အသက်အာမခံကုမ္ပဏီများအတွင်း အသားတင်ဝင်ငွေ ၁ ဘီလီယံဒေါ်လာရရှိခဲ့သည့် ပထမဆုံး အသက်အာမခံကုမ္ပဏီဖြစ်လာခဲ့။

၁၉၉၉

အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲခြင်း

TSX, NYSE, SEHK နဲ့ PSE တို့မှာ ၂.၅ ဘီလီယံ ဒေါ်လာနဲ့ စတင်ရောင်းဝယ်ခဲ့ပြီး ကနေဒါနိုင်ငံရဲ့သမိုင်းမှာ အကြီးဆုံး IPO ဖြစ်ခဲ့။

၁၉၉၉

ဂျပန်နှင့် ဗီယက်နမ်

Manulife ဟာ ဂျပန်နိုင်ငံမှာ အကျိုးတူစီးပွားရေး စတင်ခဲ့တဲ့ ပထမဆုံး ကနေဒါကုမ္ပဏီတစ်ခုဖြစ်ပြီး ဗီယက်နမ်နိုင်ငံအတွက် ပထမဆုံးသော နိုင်ငံ ခြားသားပိုင် အာမခံလုပ်ငန်းကုမ္ပဏီ ဖြစ်လာခဲ့။

၁၉၉၆

ရှန်ဟိုင်းတွင် အကျိုးတူပူးပေါင်းမှုများစတင်ခြင်း

Manulife-Sinochem က တရုတ်နိုင်ငံအတွက် ပထမဆုံးသော အကျိုးတူစီးပွားရေး အသက်အာမခံကုမ္ပဏီဖြစ်ခဲ့။

၁၉၉၃

Manulife ဘဏ်လုပ်ငန်း စတင်ခြင်း

ဘဏ်လုပ်ငန်းကိုစတင်လုပ်ဆောင်ခဲ့တဲ့ ကနေဒါအခြေစိုက် ပထမဆုံး အာမခံကုမ္ပဏီ ဖြစ်ခဲ့။

၁၉၉၂

တရုတ်နိုင်ငံတွင်း ပထမဆုံးအကြိမ်အဖြစ် ရုံးခန်းဖွင့်လှစ်နိုင်ခဲ့ခြင်း

တရုတ်နိုင်ငံ(ဘေဂျင်း)မှာ ပထမဆုံး ရုံးခန်းဖွင့်လှစ်နိုင်ခဲ့တဲ့ ကနေဒါအခြေစိုက် အသက်အာမခံကုမ္ပဏီ ဖြစ်လာခဲ့။

၁၉၈၅

အင်ဒိုနီးရှား

Dharmala Group ၊ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းတို့နဲ့ အကျိုးတူပူးပေါင်းပြီး P.T. Asuransi Jiwi Dharmala Manulife ကို စတင်ခဲ့။

၁၉၈၁

ဆေးလိပ်မသောက်သူများအတွက်  ပိုမိုသက်သာသည့်ပရီမီယံကြေး

ဆေးလိပ်သောက်သုံးခြင်းမပြုသူများအတွက် အာမခံကြေးလျှော့ပေါ့ပေးတဲ့ပထမဆုံး အာမခံကုမ္ပဏီ ဖြစ်ခဲ့။

၁၉၇၈

ပထမဆုံး အမျိုးသမီး ဒါရိုက်တာနှင့် ဥက္ကဌ

Dr. Gail C. A. Cook-Bennett မှာ ပထမဆုံး အမျိုးသမီးဒါရိုက်တာဖြစ်လာပြီး ၂၀၀၈ ခုနှစ်မှာတော့ ဘုတ်အဖွဲ့ရဲ့ပထမဆုံး အမျိုးသမီး ဥက္ကဌဖြစ်လာခဲ့။

၁၉၆၁

ဒေါ်လာ ၁ ဘီလီယံ

ပိုင်ဆိုင်မှုအမြတ်ငွေ စုစုပေါင်း ဒေါ်လာ ၁ ဘီလီယံသို့ ရောက်ရှိခဲ့။

၁၉၅၆

အပြောင်းအလဲကို ဦးစွာအသုံးချနိုင်ခဲ့ခြင်း

ကနေဒါနိုင်ငံတွင်း IBM 650 ချိတ်ဆက်တပ်ဆင်ထားတဲ့ mainframe ကွန်ပျူတာနည်းပညာကို ပထမဆုံးအသုံးပြုတဲ့ အာမခံကုမ္ပဏီဖြစ်ခဲ့။

၁၉၄၀

ဆီးချိုဝေဒနာရှင်များအတွက် အာမခံဝန်ဆောင်မှု

ဆီးချိုဝေဒနာရှင်များအတွက် အာမခံ၀န်ဆောင်မှုပေးအပ်ခဲ့သော ပထမဆုံး မြောက်အမေရိကကုမ္ပဏီတစ်ခု ဖြစ်ခဲ့။

၁၉၂၅

ရုံးချုပ်အသစ်

Toronto မြို့ Bloor လမ်း၊ အမှတ် (၂၀၀) မှာ ရုံးချုပ်အသစ်ကို တရား၀င်ဖွင့်လှစ်ခဲ့ပြီး အခုအချိန်ထိ  လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေဆဲဖြစ်။

၁၉၀၃

မြန်မာ

မြန်မာနိုင်ငံတွင်း ကိုယ်စားလှယ်ရုံးခန်းတစ်ခု ဖွင့်လှစ်ခဲ့။

၁၈၉၇

အာရှသို့စျေးကွက်ချဲ့ထွင်ခြင်း

Manulife ရဲ့ပထမဆုံး အာမခံပေါ်လစီကို ရှန်ဟိုင်းမှာ ရောင်းချခဲ့။

၁၈၉၃

နိုင်ငံတကာ သို့ ဈေးကွက် စတင်ဖြန့်ကျက်ခြင်း

 

ကနေဒါနိုင်ငံပြင်ပ Bermuda မှာ ကျွန်တော်တို့ရဲ့ အာမခံပေါ်လစီတွေကို ပထမဆုံးရောင်းချခဲ့ခြင်းနဲ့အတူ နိုင်ငံတကာမှာ လုပ်ငန်းများ စတင်လည်ပတ်ခဲ့။

၁၈၈၇

The Manufacturers Life အသက်အာမခံကုမ္ပဏီ စတင်တည်ထောင်ခြင်း

ကနေဒါနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် Sir John A. Macdonald က ကုမ္ပဏီရဲ့ ပထမဆုံး ဥက္ကဌလည်းဖြစ်ပြီး သူ့ရဲ့ မျှော်မှန်းချက်များက လုပ်ငန်းကို အောင်မြင်ရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိစေခဲ့။