အာမခံနယ်ပယ်ကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ အသက်အာမခံဝယ်ယူဖို့ စိတ်ကူးရှိလို့ဖြစ်ဖြစ် အသက်အာမခံအကြောင်းအရာတွေ ရှာဖွေလေ့လာတဲ့အခါ အချို့စကားလုံးတွေက ကြားနေကျ၊ မြင်နေကျမဟုတ်တဲ့အတွက် နားလည်ဖို့ အခက်အခဲရှိတာ၊ အဓိပ္ပာယ်မသိတာတွေဖြစ်နိုင်ပါတယ်။ ဥပမာ - အောက်က အသက်အာမခံဆိုင်ရာဝေါဟာရတွေကို တစ်ချက်လောက် လေ့လာ ကြည့်ရအောင်။
Beneficiary - အကျိုးခံစားခွင့်ရှိသူ
Face Amount - အာမခံထားငွေ
Initial Premium - ကနဦးပရီမီယံပေးသွင်းငွေ
Policy Owner - ပေါ်လစီပိုင်ရှင်
Premium - ပရီမီယံ
Wavier of Premium - ပရီမီယံပေးသွင်းငွေ ကင်းလွတ်ခွင့်
ဒီလိုအခြေအနေမျိုးမှာ အသက်အာမခံကိုယ်စားလှယ်တွေကို သိချင်တာတွေမေးနိုင်ပေမယ့် ကိုယ်တိုင်လေ့လာထားချင်သူတွေ အတွက်တော့ Manulife Myanmar ရဲ့ အာမခံအသုံးအနှုန်းအဘိဓာန်စာမျက်နှာ က ကူညီပေးနိုင်ပါလိမ့်မယ်။
အာမခံဆိုင်ရာ ဝေါဟာရတွေ၊ အသုံးအနှုန်းတွေကို အမှားကင်းကင်းနဲ့ လေ့လာလိုက်ကြရအောင်။
လစဉ် ဘတ်ဂျက်ကို စနစ်တကျ စီမံခန့်ခွဲသင့်တဲ့ အကြောင်းရင်း (၃) ချက်
ဘတ်ဂျက်ခွဲတယ်ဆိုတာ ငွေရေးကြေးရေး စီမံခန့်ခွဲမှုတစ်ခုဆိုတာထက် ပိုပါတယ်။ ဒါက ငွေနဲ့ ကိုယ့်ကြားက ဆက်ဆံရေးကို တိုးတက်စေသလို ပိုခိုင်မာတဲ့ အနာဂတ်အတွက်လည်း လမ်းဖောက်ပေးနိုင်တယ်လေ။ လိုချင်စရာတွေ များပြီး မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ အမြဲရှိတဲ့ ကမ္ဘာကြီးမှာ လစဉ် ဘတ်ဂျက်ချခြင်းကလည်း ငွေကြေးကို အမျှော်အမြင်ရှိရှိ သုံးစွဲတတ်မှုရဲ့ အခြေခံတစ်ခုပါပဲ။ ဒါဆို ဒီအလေ့အကျင့်ကို ဘာလို့ လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်း (၃) ချက်ကို အတူတူ ကြည့်ကြည့်လိုက်ရအောင်။
ဘောနပ်စ်ရကြပြီလား။ ဘာတွေသုံးလိုက်ပြီလဲ။
အပိုထပ်ဆောင်းပေးလေ့ရှိတဲ့ဘောနပ်စ်က ကိုယ်ပုံမှန်ရတဲ့ လစာဝင်ငွေလို လတိုင်းရနိုင်မှာမဟုတ်လို့ ဘောနပ်စ်ရလာခဲ့ရင် ဘယ်လိုလေးသုံးမယ်ဆိုပြီး သေသေချာချာ ခွဲခြမ်းထားဖို့ လိုပါလိမ့်မယ်။
သို့ ချစ်ရတဲ့ သူငယ်ချင်း
သို့ ချစ်ရတဲ့ သူငယ်ချင်း