အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

အာမခံအသုံးအနှုန်းအဘိဓာန်စာမျက်နှာ

အာမခံအသုံးအနှုန်းအဘိဓာန်စာမျက်နှာမှကြိုဆိုပါတယ်။

ယခုအဘိဓာန်က အာမခံလုပ်ငန်းနဲ့ ပတ်သက်ပြီး နားလည်ရပိုမိုလွယ်ကူစေဖို့ ရည်ရွယ်လုပ်ဆောင်ထားတဲ့ အစီအစဥ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အာမခံ လုပ်ငန်းနဲ့ဆက်စပ်ပြီး နားမရှင်းတဲ့ ဝေါဟာရတွေ၊ အသုံးအနှုန်းတွေကို အမှားကင်းကင်းနဲ့ ‌ထည့်သွင်း ဖော်ပြပေးထားမှာဖြစ်လို့ အသုံးပြုရလွယ်ကူပြီး အသုံးတည့်စေဖို့ မျှော်လင့်ပါတယ်။ 

ကျွန်တော်တို့အနေနဲ့ ဒီအဘိဓာန်ကို အာမခံနယ်ပယ်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ဖို့ရာ ရှေးရှုသည့်အားလျော်စွာ အသုံးပြုသူများအနေနဲ့ အဘိဓာန်အတွင်း မပါဝင်ထားသေးတဲ့ စကားစုများ၊ ဝေါဟာရများကို သတိပြုမိပါက ကျွန်တော်တို့ရဲ့ insurancemadesimple@manulife.com ကို အီးမေးလ်ပေးပို့ပြီး စာရင်းသွင်းခိုင်းနိုင်ပါတယ်။ 

စကားလုံးနဲ့ ဝေါဟာရတွေကို နားလည်ရလွယ်ကူအောင် လုပ်ဆောင်ပေးဖို့က ကျွန်တော်တို့ရဲ့ အဓိကကျတဲ့ အပိုင်းပါ။ တချို့သော အသုံးအနှုန်းတွေကတော့ ဘာသာရပ်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေဖြစ်လို့ တိုက်ရိုက်ဘာသာပြန်ဆိုဖို့ ခက်ခဲ ကောင်းခက်ခဲနိုင်ပေမယ့် အနီးစပ်ဆုံး နားလည်ရလွယ်ကူပြီး ရှုပ်ထွေးမနေဖို့ကိုတော့ ကျွန်တော်တို့လုပ်ဆောင်ပေး နိုင်ပါတယ်။ ဒီအဘိဓာန်က အာမခံလုပ်ငန်းရဲ့ ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ အချို့သော ဝေါဟာရတွေကို ရှင်းရှင်း လင်းလင်းနားလည်လာနိုင်စေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ အာမခံနဲ့ပတ်သက်ပြီး သင့်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ အတွက်ကိုတော့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်တဲ့ အာမခံကိုယ်စားလှယ်တွေ၊ မိတ်ဖက်တွေက ကောင်းမွန်စွာရှင်းပြပေးနိုင်မှာဖြစ်ပါတယ်။

 
 

ကနဦးပေးသွင်းရမည့်ပရီမီယံ

ကနဦးပေးသွင်းရမည့် ပရီမီယံဆိုသည်မှာ အာမခံပေါ်လစီအသစ်ဝယ်ယူခြင်း အတွက် ပထမဆုံးပေးသွင်းရမည့် ပရီမီယံကြေးဖြစ်သည်။ 

Disclaimer: ဝေါဟာရအဘိဓာန်မှာ အချက်အလက်ပိုင်းအတွက်သာ ဖြစ်ပြီး ဥပဒေဆိုင်ရာ သို့မဟုတ် ငွေကြေးဆိုင်ရာအကြောင်းကြားလွှာများ အဖြစ် ထည့်သွင်းစဉ်းစားရန်မလိုပါ။ သင်၏ ပေါ်လစီစာချုပ်ပါဝေါဟာရများ၊အချက်အလက်များအနေနှင့် ယခု ဝေါဟာရအဘိဓာန်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် မတူညီမှုများ ရှိနိုင်ပါသည်။