အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

အသုံးပြုမှု ဆိုင်ရာ စည်းကမ်းချက်များ (မြန်မာနိုင်ငံအတွက်သာ အကျုံး၀င်သော)

ဤဝက်ဘ်ဆိုက်အား အသုံးမပြုမီ ဤသတိပေးချက်ကို သေချာစွာ ဖတ်ပါ။  အောက်ပါ စည်းကမ်း သတ်မှတ်ချက်များကို သဘောမတူလျှင် ဤဝက်ဘ်ဆိုက်မှ ထွက်ခွာပါ။

 

“ဤဝက်ဘ်ဆိုက်သည် Manulife Myanmar Life Insurance Company Limited (“Manulife Myanmar”) ၏ တစ်သီးပုဂ္ဂလ ပိုင်ဆိုင်ခွင့်အောက်တွင် ရှိပါသည်။”  ဤဝက်ဘ်ဆိုက် အား အသုံးပြုလိုလျှင် လူကြီးမင်းသည် ဤ”စည်းကမ်း သတ်မှတ်ချက်များ”၏ စည်းနှောင်မှုကို ခံယူလျက်၊ ယင်းတို့ အတိုင်း လိုက်နာ ဆောင်ရွက်ရန် သဘောတူ လက်ခံရပါမည်။  ဤဝက်ဘ်ဆိုက်အား ဆက်လက် အသုံးပြုလျှင် နောက်နောင် ပြင်ဆင် ပြောင်းလဲမှု တစ်စုံတစ်ရာတို့ အပါအဝင် ဤစည်းကမ်း သတ်မှတ်ချက်များကို လူကြီးမင်းက သဘောတူ လက်ခံပြီး ဖြစ်ကြောင်း မှတ်ယူမည် ဖြစ်သည်။  ထို့ကြောင့် လူကြီးမင်း အပေါ် စည်းနှောင်မှု ရှိသော စည်းကမ်း သတ်မှတ်ချက်များ၏ နောက်ဆုံး အခြေအနေကို မျက်ခြည်မပြတ် သိရှိနိုင်ရန် အလို့ငှာ လူကြီးမင်းသည် ဤစာမျက်နှာအား အခါအားလျော်စွာ လာရောက် ကြည့်ရှုသင့်ပါသည်။ “

 

ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်ပါ အကြောင်းအရာများ

ဤဝက်ဘ်ဆိုက်ရှိ စာမျက်နှာများပါ သတင်းအချက်အလက်များကို ကြိုတင် အကြောင်းမကြားဘဲ အခါအားလျော်စွာ ပြင်ဆင် ပြောင်းလဲနိုင်သည်။  ဤဝက်ဘ်ဆိုက်ရှိ အကြောင်းအရာ (content)၊ စွမ်းဆောင်ရည် (function) တစ်စုံတစ်ရာ၏ တိကျမှန်ကန်မှု (accuracy)၊ ပြည့်စုံမှု (completeness) သို့မဟုတ် မူလမှန်မှု (authenticity)တို့အား လည်းကောင်း၊ ဤဝက်ဘ်ဆိုက်မှ အကြောင်းအရာ တစ်ရပ်ရပ်အား လူကြီးမင်းထံသို့ ပို့လွှတ်မှု (transmission)အား လည်းကောင်း Manulife Myanmar က အာမခံခြင်း မပြုပါ။   ဤဝက်ဘ်ဆိုက်၏ အချို့သော အစိတ်အပိုင်းများအား Manulife Myanmar က မဟုတ်ဘဲ သူတပါးတို့က ပြုစု ရေးသားထားခြင်း ဖြစ်ပြီး၊ ဤဝက်ဘ်ဆိုက်မှ ရည်ညွှန်းချက် (hypertext links)များဖြင့် ချိတ်ဆက် ရယူထားသည့် အချို့သော World Wide Web ဆိုက်တို့သည်လည်း ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်မှ လုံးဝ သီးခြား လွတ်လပ်စွာ ရပ်တည်ကြသော ဆိုက်များ ဖြစ်ကြပါသည်။  ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်၌ လူပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စု တစ်ရပ်ရပ်အား အသိအမှတ်ပြုမှု (acknowledgement)၊ အမည်ဖော်ပြမှု (identification) သို့မဟုတ် ရည်ညွှန်းချိတ်ဆက်မှု (hypertext link) တစ်စုံတစ်ရာ ပြုလုပ်ထားခြင်းကို အကြောင်းပြုလျက် ၎င်းလူပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်စုအား သော်လည်းကောင်း၊ ၎င်း၏ ဝက်ဘ်ဆိုက်၊ အာမခံအမျိုးအစား၊ ဝန်ဆောင်မှုများအား သော်လည်းကောင်း၊ ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်သို့ ၎င်း၏ ထည့်ဝင်မှုများ(contributions)အား သော်လည်းကောင်း ထောက်ခံခြင်းဟု မမှတ်ယူစေရ။  ဤဝက်ဘ်ဆိုက်၌ ဖော်ပြထားသော ကုန်အမှတ်တံဆိပ် (trademarks)၊ ဝန်ဆောင်မှု အမှတ်တံဆိပ် (service marks)၊  ကုန်သွယ်မှု အမည်များ (trade names)၊ လိုဂို အမှတ်အသားများ (logos)၊ သင်္ကေတပုံရိပ်များ (icons) အားလုံးကို Manulife က ပိုင်ဆိုင်ပြီး၊ Manulife  ၏ အတိအလင်း ခွင့်ပြုချက် မရှိဘဲ ယင်းတို့ကို အသုံးပြုခြင်းအား တားမြစ်သည်။   ရုပ်ပုံ  (image) သို့မဟုတ် ရုပ်-သံ လက်ရာပစ္စည်း (audio-visual materials) တစ်စုံတစ်ရာတို့ အပါအဝင် ဤ ဝက်ဘ်ဆိုက်ရှိ အကြောင်းအရာ/လက်ရာပစ္စည်း (content/material)များကို Manulife က ပိုင်ဆိုင်၊ ထိန်းချုပ်၊ အသုံးချ လုပ်ကိုင်ခြင်း နှင့်/သို့မဟုတ် အသုံးချလုပ်ကိုင်ခွင့် လိုင်စင် ချထားပေးခြင်း ဖြစ်ကာ၊ စာပေနှင့် အနုပညာ မူပိုင်ခွင့် (copyright) ဖြင့် ကာကွယ်ထားပါသည်။

 

ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်အား အသုံးပြုခြင်း

ဤ ဝက်ဘ်ဆိုက်ပါ အကြောင်းအရာ အားလုံးသည် သတင်း အချက်အလက် အသိပေးရန် အတွက်သာ ဖြစ်ပြီး၊ ဤဝက်ဘ်ဆိုက်ရှိ မည်သည့် အချက်ကမျှ Manulife နှင့် ၎င်း၏ တွဲဖက်ကုမ္ပဏီများ (affiliates) မှ အာမခံအမျိုးအစားသို့မဟုတ် ဝန်ဆောင်မှုများ ဝယ်ယူရန် သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းချက် မမြောက်ပါ။    ဤဝက်ဘ်ဆိုက်သည် လူကြီးမင်း၏ သီးခြား လွတ်လပ်စွာ သုတေသနပြုမှု (independent research) အတွက် သော်လည်းကောင်း၊ Manulife Myanmar ကိုယ်စားလှယ် တစ်ဦးနှင့် တိုက်ရိုက် တိုင်ပင် ဆွေးနွေးမှု အရ လူကြီးမင်းသို့ ပေးအပ်သော ပညာရှင် အကြံပြုချက် (professional advice) အတွက် သော်လည်းကောင်း အစားထိုး အသုံးချရန် သို့မဟုတ် အားကိုးအားထားပြုရန် အတွက် မဟုတ်ပါ။  

ဤဝက်ဘ်ဆိုက်ဖြင့် ငွေရေးကြေးရေး၊ အာမခံ၊ ဥပဒေရေးရာ၊ ငွေစာရင်း သို့မဟုတ် အခွန် ဆိုင်ရာ အကြံပြုချက် တစ်စုံတစ်ရာ ပေးရန် ရည်ရွယ်ထားခြင်း မရှိသကဲ့သို့ ထိုသို့ အကြံပြုချက်များ မပေးသောကြောင့် ယင်းကိစ္စတို့ အလို့ငှာ လူကြီးမင်းက အားကိုးအားထားခြင်း မပြုရပါ။  

Manulife Myanmar ၏ အာမခံအမျိုးအစားနှင့် ဝန်ဆောင်မှုများအား ရောင်းချရန် ဥပဒေနှင့် အညီ ကမ်းလှမ်းခွင့် ရှိသော စီရင်ပိုင်ခွင့်နယ်ပယ်တို့၌သာ အဆိုပါ အာမခံအမျိုးအစားနှင့် ဝန်ဆောင်မှုများကို ရရှိနိုင်မည် ဖြစ်ပါသည်။   Manulife Myanmar ၏ အာမခံအမျိုးအစားနှင့် ဝန်ဆောင်မှု အားလုံးတို့သည် အကျုံးဝင် သက်ဆိုင်သည့် သဘောတူညီချက်/ပဋိညာဉ်စာချုပ် တစ်စုံတစ်ရာပါ စည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီရပါမည်။  

လူကြီးမင်း၏ ဤဝက်ဘ်ဆိုက်အား အသုံးပြုမှုသည် “အမြင် အတိုင်း၊ အရှိ အတိုင်း” အခြေခံဖြင့် ဖြစ်ကာ အတိအလင်း (express) သော်လည်းကောင်း၊ သဘောအားဖြင့် (implied) သော်လည်းကောင်း မည်သည့် အာမခံချက် အမျိုးအစားကိုမျှ ပေးမထားဘဲ လူကြီးမင်း၏ ဆုံးရှုံးနိုင်ခြေ စွန့်စားရမှု (risk) သက်သက်ဖြင့်သာ ဖြစ်ကြောင်း လူကြီးမင်းက သဘောတူသည်။ လူကြီးမင်း၏ ဤဝက်ဘ်ဆိုက်အား အသုံးပြုမှုနှင့် တစ်နည်းနည်း ဆက်စပ်လျက် ပေါက်ပေါက်သော တိုက်ရိုက်၊ သွယ်ဝိုက်၊ အထူး၊ သူတပါး ထိခိုက်မှု သို့မဟုတ် အကျိုးဆက် (consequential) နစ်နာကြေး တစ်စုံတစ်ရာတို့ အပါအဝင် မည်သည့် ထိခိုက် ဆုံးရှုံး နစ်နာမှု အတွက်မျှ Manulife Myanmar တွင် လည်းကောင်း၊ Manulife Financial တွင် လည်းကောင်း၊ ၎င်းတို့၏ တွဲဖက်ကုမ္ပဏီ တစ်ခုခုတွင် လည်းကောင်း၊ ၎င်းတို့၏ အရာရှိ၊ ဒါရိုက်တာ သို့မဟုတ် ဝန်ထမ်း တစ်ဦးဦးတွင် လည်းကောင်း၊ ဤဝက်ဘ်ဆိုက် သို့မဟုတ် ယင်းပါ အကြောင်းအရာတို့အား ဖန်တီးမှုနှင့် ပတ်သက်နေသည့် အခြား မည်သူ မဆိုတွင် လည်းကောင်း မည်သည့် ပုဂ္ဂိုလ်ထံသို့မျှ တာဝန်ခံရမှု သို့မဟုတ် ပေးရန်တာဝန် မရှိစေရ။ အထက်ပါတို့အား မကန့်သတ်စေဘဲ ဤဝက်ဘ်ဆိုက် သို့မဟုတ် ယင်းပါ မည်သည့် အကြောင်းအရာအပေါ် မဆို လူကြီးမင်း၏ အကျိုးပျက်ပြားစွာ (detrimental) အားကိုးအားထားပြုခြင်း အတွက် Manulife Myanmar က တာဝန် မယူပါ။

ဤဝက်ဘ်ဆိုက်ပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍ နောက်ထပ် သတင်းအချက်အလက်များ အလိုရှိလျှင် ဖြစ်စေ၊ ဤ ဝက်ဘ်ဆိုက်ပါ အကြောင်းအရာ တစ်ခုခုအား အသုံးပြုခြင်း၊ ကူးပွားခြင်း သို့မဟုတ် ထပ်ဆင့် ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ ခွင့်ပြုချက် အလိုရှိလျှင် ဖြစ်စေ ကျွန်ုပ်တို့ထံသို့ Customer_Service_MM@manulife.com မှ တစ်ဆင့် အီးမေးလ် ပေးပို့နိုင်ပါသည်။

 

လုံခြုံရေး

အင်တာနက်သည် ပုဂ္ဂိုလ် ဆိုင်ရာ အချက်အလက်များ၏ လုံခြုံမှုကို အာမခံနိုင်သည့် နယ်ပယ် မဟုတ်ကြောင်း၊ လက်ရှိ အချိန်ကာလ၌ အင်တာနက်တွင် လုံခြုံမှုနှင့် မပေါက်ကြားရေးကို ရာနှုန်းပြည့် အာမခံနိုင်မှု မရှိသေးကြောင်း လူကြီးမင်းက အသိအမှတ်ပြုပြီး သဘောတူ အတည်ပြုသည်။   ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်ကို အသုံးပြုရာတွင် လူကြီးမင်း၏ သတင်းအချက်အလက်များ မပေါက်ကြားနိုင်ပါဟု ကျွန်ုပ်တို့ အာမခံချက် မပေးနိုင်သည့် အပြင်၊ (ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်သို့ လူကြီးမင်း ပို့လွှတ်သော သတင်းအချက်အလက်တို့ အပါအဝင်) ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်ကို လူကြီးမင်း အသုံးပြုမှု ဆိုင်ရာ သတင်းအချက်အလက်များအား သူတပါးတို့က ကြည့်ရှုနိုင်ကြောင်း သို့မဟုတ် သူတပါးတို့ထံ ဖွင့်ဟ ဖော်ထုတ်ရန် လိုအပ်နိုင်ကြောင်း လူကြီးမင်းက အသိအမှတ်ပြုသည်။    အခြား မည်သည့် တာဝန်မယူကြောင်း ငြင်းဆို ကြေညာချက်မှုကိုမျှ မကန့်သတ်စေဘဲ - ယင်းသို့သော သတင်းအချက်အလက် ပေါက်ကြားမှု သို့မဟုတ် လုံခြုံရေး ပျက်ပြားမှုတို့နှင့် ဆက်စပ်လျက် လူကြီးမင်း ကိုယ်တိုင် အပေါ်သို့  ဖြစ်စေ၊ သူတပါး အပေါ်သို့ ဖြစ်စေ ကျရောက်သော မည်သည့် ထိခိုက်မှု ဆိုးကျိုး အတွက်မျှ Manulife Myanmar က တာဝန်ယူလိမ့်မည် သို့မဟုတ် ပေးရန်တာဝန် လက်ခံလိမ့်မည် မဟုတ်ပါ။   ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်အား အသုံးပြုမှု အသီးသီးအား ချိတ်ဆက် စောင့်ကြည့်နိုင်ရေး (tracking) အတွက် လည်းကောင်း၊  လူကြီးမင်းအတွက် ကျွန်ုပ်တို့ ဆောင်ရွက်ပေးသော ဝန်ဆောင်မှုအား ပိုမို တိုးတက် ကောင်းမွန်စေရန် ပြုပြင် မွမ်းမံနိုင်ရေး အတွက် လည်းကောင်း  Manulife Myanmar  အနေဖြင့် “cookie” သို့မဟုတ် ဆက်စပ် နည်းပညာတို့အား အသုံးချနိင်ပါသည်။

cookie:    အင်တာနက် ဝန်ဆောင်မှု ပေးသူနှင့် ဝန်ဆောင်မှု ရယူသူတို့ အကြား အပြန်အလှန် ပေးပို့ကြသော ချိတ်ဆက်ရေး အချက်အလက်များ အပါအဝင် အချက်အလက်များ ထည့်သွင်းပြီး၊ ဝန်ဆောင်မှု ပေးသူက ဝန်ဆောင်မှု ရယူသူ၏ စက်တွင် သိမ်းဆည်းကာ ပြန်လည် ပေးပို့စေသည့် ဖိုင်ငယ်။