ကိုယ်ကိုတိုင်နဲ့ ကိုယ်ချစ်ရတဲ့မိသားစုတွေအတွက် စိတ်ချလုံခြုံစေမယ့် အနာဂတ်တစ်ခုကို ပေးချင်တာ ...
ဒါမှမဟုတ် အနာဂတ်ကာလမှာ ငွေကြေးနဲ့ပတ်သက်ပြီး စိတ်ပူပန်သောကမရောက်ချင်တာ ...
ဒီလိုမျိုးလိုအပ်ချက်တွေရှိလာနေပြီဆိုရင်တော့ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်မယ့် အသက်အာမခံအစီအစဥ်ကို ရွေးချယ်ပြီး အနာဂတ်အတွက် ကြိုတင်စီမံဖို့ အကြံပြုပါရစေ။
ဘယ်လိုအစီအစဥ်က ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်မလဲ၊ ဘယ်အသက်အာမခံအမျိုးအစားက သင့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကိုတော့ Manulife Myanmar ရဲ့ Hero Agent တွေဖြစ်တဲ့ အကောင်းဆုံး အာမခံအကြံပေး ပုဂ္ဂိုလ်တွေက ဆွေးနွေးပေးဖို့အသင့်ဖြစ်နေပါပြီ။
ဒီတစ်ခေါက်ရဲ့ Hero Advisor နှစ်ဦးကဘယ်သူတွေများဖြစ်မလဲ?
မအေးသန္တာသိန်း
အသက်အာမခံအကြံပေး (Unit Manager- ရန်ကုန်)
သူမက အသက်အာမခံအကြံပေးတစ်ဦး ဖြစ်မလာခင်က International School နှစ်ခုရဲ့ သင်ကြားရေးဆရာမတစ်ဦး ဖြစ်ခဲ့သူပါ။ ဒါကြောင့် သူချစ်ရတဲ့ ကလေးငယ်လေးတွေရဲ့ အနာဂတ်တွေ လှပစေဖို့အပြင် အသိပညာ၊ အတတ်ပညာတွေပေးချင်ရုံသာမက ဒီကလေးငယ် လေးတွေအတွက် အေးမြတဲ့အရိပ်စစ်ဖြစ်တဲ့ မိဘတွေကိုလည်း အေးချမ်းတဲ့ အနာဂတ်ဘဝမျိုးကူညီပေးလိုစိတ် ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အသက်အာမခံလုပ်ငန်းနဲ့ ရင်းနှီးခွင့်ရချိန်မှာ သူမလုပ်ချင်တဲ့ ဆန္ဒတွေအတွက် အသက်အာမခံက ကူညီဖြည့်ဆည်းပေးနိုင်တာကို သိခွင့်ရတာကြောင့် မိတ်ဆွေတစ်ဦးချင်းစီအတွက် အသက်အာမခံကနေ တဆင့် သင့်လျော်မယ့် Saving Plan တွေနဲ့ အသက်အာမခံ Product တွေကို ဆွေးနွေးပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါ တယ်။ ဒါကြောင့် ဘဝအနာဂတ်အတွက် အသေးစိတ်ရေးဆွဲပြင်ဆင်ထားလိုသူတွေဆိုရင်တော့ မိတ်ဆွေတို့အနာဂတ်အတွက် အထောက်အပံ့ကောင်းတွေပေးဖို့ အသင့်ရှိနေတဲ့ Manulife Myanmar ရဲ့ Hero Advisor တစ်ဦးဖြစ်တဲ့ မအေးသန္တာသိန်း နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
ကိုမင်းသူ
အသက်အာမခံအကြံပေး (Unite Manager - ရန်ကုန်)
Logistic Manager တစ်ဦးအဖြစ် ၅ နှစ်ကျော် သက်တမ်းလုပ်ကိုင်ခဲ့ပြီးတဲ့နောက် ပင်လယ်ကူးလုပ်ငန်းတွေမှာ ကြုံရတဲ့ အခက်အခဲတွေ၊ အန္တရာယ်တွေကို များစွာသိမြင်ခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါကြောင့် မမြင်နိုင်တဲ့အန္တရာယ်တွေ ကျရောက် တတ်တာကို ဘယ်လိုကာကွယ်နိုင်မလဲလို့ သိချင်စိတ်ပြင်းပြခဲ့သူတစ်ဦးအနေနဲ့ ငယ်သူငယ်ချင်းဖြစ်သူ အသက်အာမခံ Agency Manager နဲ့ ပြန်လည်ဆုံတွေ့ခဲ့ချိန်မှာ သူသိလိုတဲ့အရာတွေအတွက် အဖြေတစ်ခုရပြီဆိုတာကို သိခဲ့သူဖြစ်ပါ တယ်။ ဒါကြောင့် လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အသက်အာမခံဝန်ဆောင်မှုကို လူတိုင်းအတွက် ကူညီဆွေးနွေးပေး လိုတာကြောင့် အသက်အာမခံအကြံပေးတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုမင်းသူက မတူညီတဲ့မိသားစုဝင်တွေအတွက် အကောင်းဆုံးဖြစ်စေမယ့် အသက်အာမခံ Plan တွေကို ဆွေးနွေးပေးဖို့ အဆင်သင့်ဖြစ်နေပြီမို့ အခုပဲ Manulife Myanmar ရဲ့ Hero Advisor တစ်ဦးဖြစ်တဲ့ ကိုမင်းသူနဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
အမြဲတမ်း “ရယ်” ဖို့သတိရပါ
ရယ်မောခြင်းက သင်အသက်အရှည်ဖို့ အရိုးရှင်းဆုံး မှီဝဲလို့ရတဲ့ ဆေးတစ်ခွက်ပါ။ဟက်ဟက်ပက်ပက်ရယ်လိုက်ခြင်းက သင့်ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်တွေ ပိုပြီးသန်မာအားကောင်းလာစေသလို စိတ်ဖိစီးမှု တွေ၊ စိတ်ရဲ့ နာကျင်မှုတွေကို ကုစားဖို့ အကောင်းဆုံးစိတ်စွမ်းအားတစ်ခု ဖြစ်ပါတယ်။
ငွေစုတာထက် အာမခံဝယ်ထားတာက တကယ်ပဲပိုများတဲ့အခွင့်အရေးရတယ်ဆိုတာ ဟုတ်ရဲ့လား?
ဘဏ်မှာငွေစုခြင်းကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင်စုဆောင်း ငွေက ပမာဏတစ်ခုကို ရောက်လာနိုင်သော်ငြား စုဆောင်းနိုင်ခြင်းမရှိနိုင်တော့မဲ့ အချိန်တွေအတွက်ကိုတော့ အသက်အာမခံက သာ သင့်ကိုရော၊ သင်ချစ်ရသူတွေကိုပါ အကာအကွယ်ပေးသွားမှာပါ။
သင်တို့အတွက် အမြဲအဆင်သင့်ရှိနေမှာပါ
အောက်တိုဘာလ ၃ ရက်ကနေ ၇ ရက်နေ့အထိ ရက်သတ္တပတ်တာကို Manulife က Customer Service Week အဖြစ် သတ်မှတ်ပြီး နိုင်ငံအသီးသီးမှာရှိတဲ့ Customer Service Team တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုဆွေးနွေးပွဲတွေကို ရက်သတ္တပတ်တာလုံးမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။