အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

သင်နှင့် သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာ ဖြေရှင်းမှုနှင့် အကာအကွယ် ပေးမှု

ဘယ်လို အကျိုးခံစားခွင့် တွေရမှာလဲ?

သင့်ကိုယ်သင်ကာကွယ်ထားခြင်းကသင့်မိသားစုအတွက်အကာအကွယ်ပေးခြင်းပါပဲ။ သေဆုံးခြင်း (သို့မဟုတ်) ရာသက်ပန် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ခြင်းတို့ကို ငွေကြေးအားဖြင့် အကာအကွယ်ပေးနိုင်ဖို့  အသက်အာမခံအစီအစဥ်တစ်ခုဖြစ်တဲ့ Manulife ရဲ့ဘ၀အာမခံနဲ့အတူ အခြေအနေအရပ်ရပ်တိုင်းမှာလုံခြုံမှုကို ရယူလိုက်ပါ။

 

သေဆုံးခြင်းနှင့် ရာသက်ပန် ကိုယ်လက်အင်္ဂါ

မသန်စွမ်းဖြစ်ခြင်းတို့အတွက် အကာအကွယ်ရနိုင်ပါတယ်။

သေဆုံးခြင်းနှင့် ရာသက်ပန် ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်ခြင်းတို့ ဖြစ်ပေါ် ခဲ့သည်ရှိသော် အာမခံထားရှိမှု အားလုံးရဲ့ ၂၀၀ ရာခိုင်နှုန်းကို ရယူနိုင်ပါတယ်။ ဒါ့အပြင် မတော်တဆမှုကြောင့်ဖြစ်ပွားခဲ့ရင်လည်း ထပ်ဆောင်းအနေနဲ့ အာမခံထားရှိမှုရဲ့ ၂၀၀ ရာခိုင်နှုန်းကို ထပ်မံရရှိနိုင်မှာဖြစ်ပါတယ်။ 

ကာကွယ်မှုအတွက် အသုံးပြုခြင်းမရှိခဲ့သော် ပေါ်လစီသက်တမ်းကုန်ဆုံးတဲ့နေ့မှာ အာမခံထားရှိမှုရဲ့ ၁၀၀ ရာခိုင်နှုန်းကို ပြန်လည်ထုတ်ယူနိုင်ပါသည်။ သင်ရွေးချယ်တဲ့ ပေါ်လစီဟာ စုဆောင်းထားသကဲ့သို့ တန်ဖိုးရှိလာမှာ ဖြစ်ပါတယ်။

သင်တတ်နိုင်တဲ့ငွေကြေး၊ လိုအပ်တဲ့ကာကွယ်မှုနဲ့အညီ သင့်လျော်ရာသက်တမ်းတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ  ၁၀နှစ်အတွက်ပေးနိုင်တဲ့ ၁၀နှစ်စာအစီအစဥ် အပြင် နှစ် ၂၀စာပေးနိုင်တဲ့ အစီအစဥ်တွေလည်း ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အာမခံသွင်းငွေပမာဏအလိုက်ပေးဆောင်ရမယ့်၀င်ငွေခွန်လည်း သက်သာမှာဖြစ်ပါတယ်။

Manulife ဘဝအာမခံအကြောင်း ပိုမိုသိရှိလိုပါက

မေးလေ့မေးထရှိသော မေးခွန်းများ

အသက်အာမခံထားခွင့်အတွက် အနည်းဆုံး၁၆နှစ်ပြည့်ရပါမယ်။ ၁၀နှစ် အစီအစဥ်အတွက် အများဆုံး အသက်၅၅နှစ် အထိထားနိုင်ပါတယ်။ အနှစ် ၂၀ အစီအစဥ်အတွက် အများဆုံး အသက်၄၅နှစ်အထိ ထားနိုင်ပါတယ်။

အာမခံကြေးငွေ အနည်းဆုံး သိန်း၅၀ မှစ၍ ၀ယ်ယူထားရှိနိုင်ပါတယ်။

အာမခံကြေးငွေ အပြည့် သို့မဟုတ် သက်တမ်းအပြည့် အကျိုးခံစားခွင့် ပေးချေပြီးတဲ့အခါ  ပေါ်လစီသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

အချိန်မရွေး ပယ်ဖျက်နိုင်ပါတယ်။ ပယ်ဖျက်ပြီးတဲ့အခါမှာ နှစ်အလိုက်သတ်မှတ်ထားတဲ့ ငွေတန်ဖိုး (Cash Value) ကို ပြန်လည်ထုတ်ယူနိုင်ပါတယ်။ ငွေတန်ဖိုး (Cash Value) က ဆက်လက်မြင့်တက်နေမှာ ဖြစ်လို့ မပယ်ဖျက်ခင်မှာ သေချာစဥ်းစားဖို့တော့လိုပါတယ်။

ယခု အာမခံအကြောင်း ပိုမိုသိရှိလိုပါက

အခြား အာမခံအမျိုးအစားများ

Protection

အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် Manulife ရဲ့ ပြင်းထန်‌ရောဂါအာမခံနဲ့ ကာကွယ်ထားနိုင်ပါတယ်။

Education

သင့်ကလေးအနာဂတ်အတွက် Manulife ရဲ့ ပညာ‌ရေး အသက်အာမခံအစီအစဥ်

Manulife ချေးငွေကာကွယ် အသက်အာမခံဟာ သင့်ချေးငွေပေးဆပ်မှုကို အပူအပင်ကင်းအောင် ကာကွယ်ပေးမှာပါ။