အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

သင်နှင့် သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာ ဖြေရှင်းမှုနှင့် အကာအကွယ် ပေးမှု

 

ချေးငွေကာကွယ် အသက်အာမခံဆိုတာဘာလဲ?

ပြန်ဆပ်ဖို့လိုသေးတဲ့ ချေးငွေဟာ ဘယ်လိုအချိန်အခါမျိုးမှာမဆို သင့်မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်တော်တို့နားလည်ပါတယ်။ ဒါ့ကြောင့် သင့်ချေးငွေကိုအပြည့်အဝ မပေးချေနိုင်သေးခင်မှာ သင့်အနေဖြင့် အချိန်မသင့်ဘဲ သေဆုံးခြင်း (သို့မဟုတ်) ရာသက်ပန် ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်းဖြစ်ပွားခဲ့လျှင် ပရီမီယံအနည်းငယ်သာပေးသွင်းပြီး ချေးငွေပေးဆပ်မှုပေါ်အပူအပင်ကင်းအောင် ကာကွယ်ပေးမည့် အာမခံအမျိုးအစားနှစ်ခုကို ကျွန်တော်တို့ စီစဉ်ထားပါတယ်။

ထိုအာမခံအမျိုးအစားနှစ်ခုက‌တော့

  • ပရီမီယံတစ်ကြိမ်ပေးနှစ်တို ချေးငွေအသက်ကာကွယ်အာမခံ
  • ပရီမီယံတစ်ကြိမ်ပေး ချေးငွေအသက်ကာကွယ်အာမခံ တို့ဖြစ်ပါတယ်။
ဖော်ပြပါ ပရီမီယံအနည်းငယ်သာပေးသွင်းရသည့် အာမခံအမျိုးအစားနှစ်ခုသည် အောက်ပါ uab ချေးငွေသုံးစွဲသူများအတွက်သာ အကျုံးဝင်ပါသည်။
  • အပေါင်ထားချေးငွေ
  • ကိုယ်ပိုင်ချေးငွေ
  • လုပ်ငန်းချေးငွေ

ပရီမီယံကြေးအနည်းငယ်သာ သွင်းရခြင်းကြောင့် သင့်ချေးငွေအတွက် အကောင်းဆုံးနှုန်းထားကို ရရှိနိုင်ပါတယ်။ 

သင့်ချေးငွေကြောင့် စိတ်ပူပန်စရာမလိုဘဲ စိတ်အေးလုံခြံမှုရှိတဲ့ မိသားစုလူမှုဘဝ အဆင့်အတန်းတစ်ရပ်ကို ရရှိပိုင်ဆိုင်စေမှာပါ။

ပရီမီယံပမာဏအလိုက် မိမိပေးဆောင်ရမယ့် ဝင်ငွေခွန်က သက်သာမှာဖြစ်ပါတယ်။ 

အဆိုပြုလွှာဖြည့်လိုက်ရုံဖြင့် လုံခြုံမှု ရရှိသွားမှာပါ။

Manulife ချေးငွေကာကွယ်အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက

 

 

 

မေးလေ့မေးထရှိသော မေးခွန်းများ

အာမခံထားရှိသူက အာမခံဝယ်ယူချိန်မှာ အနည်းဆုံးအသက် ၁၈ နှစ်ပြည့်ရမှာဖြစ်ပြီး အသက် ၆၅ (အာမခံသက်တမ်းမပါ) ထက်ကြီးလို့မရပါ။

အနည်းဆုံး သိန်း ၃၀ က စပြီး အာမခံထားရှိနိုင်ပါတယ်။

အာမခံထားသူက အသက်သေဆုံးခြင်း (သို့) ရာသက်ပန်ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်းဖြစ်ပွားခဲ့သည်ရှိသော် ပေါ်လစီရဲ့ အကျိုးခံစားခွင့် စာရင်းမှာ ဖော်ပြထားတဲ့အတိုင်း ငွေပမာဏရဲ့ ၁၀၀% ကို အလျော်ရမှာဖြစ်ပါတယ်။ ပြန်ဆပ်ဖို့ လိုနေသေးတဲ့ချေးငွေထက် ပိုတဲ့ ငွေပမာဏတိုင်းက အာမခံအကျိုးခံစားခွင့်ရှိသူ (သို့) အသက်အာမခံထားသူကို ပေးအပ်သွားမှာဖြစ်ပါတယ်။

ပေါ်လစီကုန်ဆုံချိန်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(က) သင့်ဆီက ပေါ်လစီကို ရပ်တန့်ဖို့အကြောင်းကြားစာကို ကျွန်တော်တို့လက်ခံရရှိချိန် 

(ခ) အာမခံထားသူ အသက်သေဆုံးချိန် (သို့) ရာသက်ပန်ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်း အကျိုးခံစားခွင့်နဲ့ကိုက်ညီတဲ့ အခြေအနေဖြစ်ပွားချိန်

(ဂ) ပေါ်လစီသက်တမ်းကုန်ဆုံးချိန်

အာမခံ အကျိုးခံစားခွင့် ငွေပမာဏက ချေးငွေပမာဏထက်များနေရင် ချေးငွေထက်ပိုနေသည့် ပမာဏကို အကျိုးခံစားခွင့်ရှိသူ (သို့မဟုတ်) အသက်အာမခံထားရှိသူအား  ပေးအပ်သွားမှာဖြစ်ပါတယ်။

ယခု အာမခံအကြောင်း ပိုမိုသိရှိလိုပါက

အခြား အာမခံအမျိုးအစားများ

Protection

သင်နှင့် သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှု နှင့် အကာအကွယ်ပေးမှု

Education

သင့်ကလေးအနာဂတ်အတွက် Manulife ရဲ့ ပညာ‌ရေး အသက်အာမခံအစီအစဥ်

Protection

အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် Manulife ရဲ့ ပြင်းထန်‌ရောဂါအာမခံနဲ့ ကာကွယ်ထားနိုင်ပါတယ်။