အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

သင့်ကလေး အနာဂတ် တောက်ပဖို့ ငွေကြေးဆိုင်ရာ ထောက်ပံ့မှု ဖန်တီး ပေးပါမယ်

ဘယ်လို အကျိုးခံစားခွင့် တွေရမှာလဲ?

သင့်ကလေးရဲ့ အနာဂတ်ကို ကာကွယ်မှုပေးထားခြင်းကအဖိုးတန်တယ်ဆိုတာကျွန်တော်တို့သိပါတယ်။ ဒါကြောင့် Manulife ပညာရေးအသက်အာမခံထားရှိပြီး ပညာရေးအသက်အာမခံ အကျိုးခံစားခွင့် နှစ်ဆနဲ့အတူ အခုကတည်းက ကလေးတွေရဲ့ အိပ်မက်တွေအမှန်တကယ် ဖြစ်လာဖို့ ကူညီပေးလိုက်ပါတယ်။ သင့်ကလေးရဲ့ ပညာရေးက အကာအကွယ် ပေးဖို့ထိုက်တန်ပါတယ်။

သင်နဲ့အကျိုးခံစားခွင့်ရသူတို့က ပရီမီယံပေးချေမှု ပြီးဆုံးတဲ့နှစ်မှာ အာမခံကြေးငွေစုစုပေါင်းရဲ့ ၂၀ရာခိုင်နှုန်းကို စတင်ရရှိပြီး သက်တမ်းကုန်တဲ့အထိ နှစ်စဥ်ရရှိမှာ ဖြစ်ပါတယ်။

အကယ်၍များ သင်ဟာရာသက်ပန်ကိုယ်လက်အင်္ဂါမသန်စွမ်း (သို့မဟုတ်) သေဆုံးခဲ့သည်ရှိသော် ‌ရှေ့ဆက်ပေးဆောင်ရမည့် ပရီမီယံကြေးကို ဆက်လက်ပေးသွင်းရန်မလိုပဲ ကင်းလွတ်ခွင့်ရမှာပါ။

နှစ်ထပ်ကွမ်း အကျိုးခံစားခွင့် ပရီမီယံကို ရွေးချယ်ခဲ့ရင် သင်ဟာရာသက်ပန်ကိုယ်လက်အင်္ဂါမသန်စွမ်း ဖြစ်ခဲ့သည်ရှိသော် (သို့မဟုတ်) သေဆုံးခဲ့သည်ရှိသော် အကျိုးခံစားခွင့်ရသူဟာ အာမခံကြေးငွေ စုစုပေါင်းရဲ့ ၁၀၀ရာခိုင်နှုန်း ကိုရရှိမှာပါ။

ပရီမီယံကြေး ၅နှစ်ပေးဆောင်ရမည့် ၉နှစ်သက်တမ်း

ပရီမီယံကြေး ၇နှစ်ပေးဆောင်ရမည့် ၁၁နှစ်သက်တမ်း

ပရီမီယံကြေး ၁၀နှစ်ပေးဆောင်ရမည့် ၁၄နှစ်သက်တမ်း

အာမခံသွင်းငွေပမာဏအလိုက်ပေးဆောင်ရမယ့်၀င်ငွေခွန်လည်း သက်သာမှာဖြစ်ပါတယ်။

Manulife ပညာရေး အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက

မေးလေ့မေးထရှိသော မေးခွန်းများ

အာမခံထားရှိခွင့်အတွက် အနည်းဆုံး ၁၈ နှစ်ပြည့်ရပါမယ်။ ၉ နှစ် အစီအစဉ်အတွက် အများဆုံး အသက် ၅၆နှစ်အထိ၊ ၁၁ နှစ် အစီအစဉ်အတွက် အများဆုံး အသက် ၅၄ နှစ်အထိနဲ့ ၁၄ နှစ် အစီအစဉ်အတွက် အများဆုံး အသက် ၅၁ နှစ်အထိ ထားနိုင်ပါတယ်။

ပညာရေးအသက်အာမခံ‌ကြေးငွေ အနည်းဆုံး သိန်း၅၀ ကနေ အများဆုံး သိန်း ၁၀၀၀ အထိ ၀ယ်ယူထားရှိနိုင်ပါတယ်။

သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ တစ်နှစ်တစ်ကြိမ် ဒါမှမဟုတ် နှစ်၀က်ကိုတစ်ကြိမ် ခွဲသွင်းလို့ရပါတယ်။

ငွေသားနဲ့ပေးသွင်းနိုင်သလို သတ်မှတ်ထားတဲ့ ဘဏ်တွေကနေတစ်ဆင့် ဒါမှမဟုတ် အဲဒီဘဏ်တွေရဲ့ Digital Payment တွေကနေတစ်ဆင့် သုံးပြီးတော့လည်း ပေးသွင်းနိုင်ပါတယ်။

ပညာရေးအသက်အာမခံကြေးငွေ‌ ပေးချေပြီးတဲ့အခါ ပေါ်လစီသက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

အချိန်မရွေး ပယ်ဖျက်နိုင်ပါတယ်။ ပယ်ဖျက်ပြီးတဲ့အခါမှာ နှစ်အလိုက်သတ်မှတ်ထားတဲ့ ငွေတန်ဖိုး (Cash Value) ကို ပြန်လည်ထုတ်ယူနိုင်ပါတယ်။ ငွေတန်ဖိုး (Cash Value) က ဆက်လက်မြင့်တက်နေမှာ ဖြစ်လို့ မပယ်ဖျက်ခင်မှာ သေချာစဥ်းစားဖို့တော့လိုပါတယ်။

ယခု အာမခံအကြောင်း ပိုမိုသိရှိလိုပါက

အခြား အာမခံအမျိုးအစားများ

Protection

သင်နှင့် သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှု နှင့် အကာအကွယ်ပေးမှု

Manulife ချေးငွေကာကွယ် အသက်အာမခံဟာ သင့်ချေးငွေပေးဆပ်မှုကို အပူအပင်ကင်းအောင် ကာကွယ်ပေးမှာပါ။

Protection

အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် Manulife ရဲ့ ပြင်းထန်‌ရောဂါအာမခံနဲ့ ကာကွယ်ထားနိုင်ပါတယ်။

ဆက်စပ်ဆောင်းပါးများကို ဖတ်ရှုရန်