အတည်ပြုသည်
အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

အမြဲတမ်း “ရယ်” ဖို့သတိရပါ 

ရယ်မောခြင်းက သင်အသက်အရှည်ဖို့ အရိုးရှင်းဆုံး မှီဝဲလို့ရတဲ့ ဆေးတစ်ခွက်ပါ။

ဟက်ဟက်ပက်ပက်ရယ်လိုက်ခြင်းက သင့်ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်တွေ ပိုပြီးသန်မာအားကောင်းလာစေသလို စိတ်ဖိစီးမှု တွေ၊ စိတ်ရဲ့ နာကျင်မှုတွေကို ကုစားဖို့ အကောင်းဆုံးစိတ်စွမ်းအားတစ်ခု ဖြစ်ပါတယ်။

“စိတ်ပျို၊ကိုယ်နု” ဆိုတဲ့ ဆိုရိုးအတိုင်း နေ့ရက်တစ်ရက်တာမှာ ရယ်ရယ်မောမော၊ ပြုံးပြုံးရွှင်ရွှင်ရှိလိုက်ခြင်းက သင့်ရဲ့ ရုပ်ရော၊ စိတ်ကိုပါ အကျိုးကျေးဇူးတွေ အများကြီးရစေနိုင်မှာလည်းဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ရယ်မောခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို များစွာရေးသားဖော်ပြထားကြသလို ဒီဆောင်းပါးမှာတော့ ရနိုင်တဲ့အကျိုးကျေးဇူးတွေကို အတိုချုံး ပြောပြပေးချင်ပါတယ်။ 

ရယ်မောရုံနဲ့ အကျိုးရှိလို့လား? ဟုတ်။ ရှိပါတယ်။ 
ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများ

စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများ

လူမှုရေးဆိုင်ရာအကျိုးကျေးဇူးများ

• ကိုယ်ခံအားကိုမြှင့်တင်ပေးခြင်း

• စိတ်ဖိစီးမှုဖြစ်စေသော ဟော်မုန်းကို လျော့နည်းစေနိုင်ခြင်း

• နာကျင်မှုကို လျော့ချပေးခြင်း

• ကြွက်သားများ နာကျင်ကိုက်ခဲမှု လျော့နည်းစေနိုင်ခြင်း

• နှလုံးနဲ့ဆိုင်သော ရောဂါများမှ ကာကွယ်နိုင်ခြင်း

• ပျော်ရွှင်မှုကိုတိုးပွားစေပြီး ဘဝကို ပိုနေပျော်လာစေခြင်း

• စိုးရိမ်ပူပန်မှုနဲ့ ကြောင့်ကြစိတ်မရှိဘဲ သောကကင်းဝေးလာစေခြင်း

• စိတ်ဖိစီးမှုကို သက်သာစေခြင်း

• စိတ်ခံစားမှုကောင်းမွန်စေခြင်း

• သည်းခံမှုအတိုင်းအတာမြင့်မားလာစေခြင်း

• အိမ်ထောင်ရေး၊အချစ်ရေး၊လူမှုဆက်ဆံ ‌ရေးများကို ပိုမိုခိုင်မာလာစေခြင်း

• ဆွဲဆောင်မှုရှိတဲ့လူတစ်ဦးဖြစ်လာစေ

ခြင်း

• သင်းဖွဲ့လုပ်ဆောင်မှုများတိုးတက်လာစေခြင်း

• ကြားဝင်ညှိနှိုင်းဆောင်ရွက်မှုများ မြင့်တက်လာခြင်း

• လုပ်ဖော်ကိုင်ဖက်များအကြား ရင်းနှီးမှု ပိုမိုတိုးပွားလာစေခြင်း

ရယ်မောဖို့ဆိုတာ အရမ်းတော့ခက်ခဲတဲ့အရာမျိုးမဟုတ်ပါဘူး။ မွေးကင်းစအရွယ်ကလေးငယ်လေးတွေတစ်ချို့ဟာ မွေးဖွားပြီးတစ်ပတ်အတွင်း ပြုံးရယ်နေတယ်ဆိုတာကို မြင်ဖူးကောင်းမြင်ဖူးကြမှာပါ။ ဒါကြောင့် ရယ်မောဖို့က အရမ်း မခက်ခဲပါဘူး။

သို့ပေမဲ့ အချို့သောသူတွေအတွက် ရယ်ရယ်မောမောနေဖို့ ခက်ခဲနေတတ်ကြတာမျိုး ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒီလိုမျိုး ခက်ခဲနေတယ်ဆိုရင်တော့ သင့်အတွက် ‌ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူ ရယ်မောနိုင်ဖို့ အောက်မှာပါတဲ့ အရိုးရှင်းဆုံး အရာလေး တွေကို လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

ဒီကနေ့ကစပြီး လှိုက်လှိုက်လှဲလှဲရယ်မောကြည့်ဖို့ အဆင်သင့်ပဲလား? 

သင့်ကို ရယ်မောခြင်းနဲ့ ထိတွေ့စေနိုင်မယ့် နည်းလမ်းကောင်းများ

• ဟာသရုပ်ရှင်တွေ၊ တီဗီအစီအစဥ်တွေနဲ့ YouTube ကနေ ဟာသဗီဒီယိုလေးတွေ ရှာကြည့်ပါ။ 

• ဟာသရုပ်စုံတွေ၊ ဟာသစာပေတွေ ရှာဖတ်ပါ။ 

• အရွှန်းဖောက်တတ်တဲ့ ဇဝနဉာဏ်ရွှင်တဲ့ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ မိတ်ဖွဲ့ပါ၊ တွေ့ဆုံပါ။ 

• ကိုယ်သိထား/ဖတ်ထားဖူးတဲ့ ဟာသတွေကို အများနဲ့အတူ ဝေမျှပါ။ 

• သူငယ်ချင်းမိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောပါ။ 

• ကိုယ်ချစ်တဲ့ တိရိစ္ဆာန်လေးတွေနဲ့ အတူတူဆော့ကစားပေးပါ။ 

• စိတ်ကိုတင်းကျပ်စေတဲ့ စည်းမျဥ်းစည်းကမ်းတွေဆီကနေ ဖောက်ထွက်ပြီး စိတ်ပျော်ရွှင်စေနိုင်တာမျိုးကို တစ်ခါတစ်လေ လုပ်ပါ။ 

• ငါ ဒါလေးလုပ်ချင်လိုက်တာ ဆိုတဲ့စိတ်ကူးရှိတဲ့အတိုင်း လိုက်ပြီးလုပ်ကြည့်ပါ။ (ဥပမာ-ကာရာအိုကေဆိုရင်း က တာမျိုး)

စာဖတ်သူနှင့် သင့်တော်နိုင်မည့် အာမခံအမျိုးအစားများ

Protection

သင်နှင့်သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှုနှင့် အကာအကွယ်ပေးဖို့  Manulife ရဲ့ဘ၀အာမခံ

Protection

အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ သင့်မိသားစုအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် Manulife ရဲ့ ပြင်းထန်‌ရောဂါအာမခံနဲ့ ကာကွယ်ထားနိုင်ပါတယ်။

  • ပါရမီရှင်များကိုချီးကျူးဂုဏ်ပြုခြင်းနှင့် မတူကွဲပြားမှုများအပေါ် အားပေးလက်ခံခြင်း

    ပြောင်းလဲတိုးတက်လာသည့် Manulife ၏ အောင်မြင်မှုအတွက် အခြေခံကျသည့်အချက်မှာ ခေတ်အလိုက်ပြောင်းလဲလာသည့်ယဥ်ကျေးမှုဓလေ့များကို အားပေးမြှင့်တင်ခြင်းဖြစ်ပြီး ယင်းတို့တွင် ဝန်ထမ်းများအကြား စေ့စပ်ညှိနှိုင်းခြင်း၊ အရည်အချင်းနှင့်အလားအလာရှိသူများကို ကမ်းလှမ်း၍ ကျွန်ုပ်တို့နှင့်အတူ အတူတကွလုပ်ဆောင်စေခြင်းတို့ ပါဝင်သည်။

    ဆက်လက်ဖတ်ရှုရန်
  • လူမှုအသိုက်အ၀န်းအတွက် ပြန်လည်စောင့်ရှောက်ခြင်း

    Manulife အနေဖြင့် အာရှဒေသတွင်းရှိ ဒေသခံအသိုက်အဝန်းများနှင့်အတူ လက်တွဲကာ ဒေသတွင်း ပြည်သူများ အသက်မွေးဝမ်းကျောင်းနှင့် လူနေမှုဘဝများတိုးတက်မြင့်မားစေရေးအတွက် အတူတကွပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်လျက်ရှိသည်။ 

    ဆက်လက်ဖတ်ရှုရန်
  • ပိုကောင်းတဲ့အနာဂတ်တွေအတွက် Hero Advisor တွေနဲ့ အခုပဲ ဆက်သွယ်မယ်

    ဘယ်အသက်အာမခံအမျိုးအစားက သင့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကိုတော့ Manulife Myanmar ရဲ့ Hero Agent တွေဖြစ်တဲ့ အကောင်းဆုံး အာမခံအကြံပေး ပုဂ္ဂိုလ်တွေက ဆွေးနွေးပေးဖို့အသင့်ဖြစ်နေပါပြီ။ 

     

    ဆက်လက်ဖတ်ရှုရန်
အားလုံးကြည့်ရှုရန်

Manulife အသက်အာမခံအမျိုးအစားများအကြောင်း ပိုမိုသိရှိလိုပါက