အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

သင်နှင့် သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာ ဖြေရှင်းမှုနှင့် အကာအကွယ် ပေးမှု

 

Manulife ပြင်းထန်ရောဂါအာမခံဆိုတာ ဘာလဲ?

အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ သင့်မိသားစုအပေါ်ငွေကြေးအရ ဝန်ထုပ်ဝန်ပိုးမဖြစ်ရလေအောင် ကာကွယ်ထားလိုက်ပါ။ ပြင်းထန်ရောဂါတွေအတွက် ကျွန်တော်တို့ ငွေကြေးအထောက်အပံ့ပေးသွားမှာဖြစ်လို့ သင် အပူအပင်ကင်းစွာ ဆေးကုသမှုခံယူသွားနိုင်မှာပါ။

Manulife ပြင်းထန်ရောဂါအာမခံသည် ထပ်တိုးအစီအစဉ်တစ်ခုဖြစ်ပြီး Manulife ဘဝအာမခံနှင့် တွဲပြီး အာမခံထားနိုင်ပါသည်။

တန်ဖိုးမဖြတ်နိုင်သောသင့်ကျန်းမာရေးကိုကာကွယ်ပါ။ 

Manulife ပြင်းထန်ရောဂါအာမခံ အကျိုးခံစားခွင့်များ

ပြင်းထန်ရောဂါများအတွက် စာချုပ်ပါ အာမခံလျော်ကြေးရဲ့ ၁၀၀% ကို ရရှိမှာပါ။

စောင့်ဆိုင်းကာလ - ၉၀ ရက်

ပြင်းထန်ရောဂါအတွက် အကျိုးခံစားခွင့်ကို ထုတ်ပေးပြီးလျှင် Manulife ဘဝအာမခံအတွက် အနာဂတ်ပရီမီယံပေးသွင်းငွေများကို ကင်းလွတ်ခွင့်ရမှာ ဖြစ်ပါတယ်။ (Manulife မှ ပေးချေမည်ဖြစ်သည်။) 

အာမခံသွင်းငွေ ပမာဏအလိုက် ပေးဆောင်ရမည့် ဝင်ငွေခွန်လည်း သက်သာမှာဖြစ်ပါတယ်။ 

အနည်းဆုံးပရီမီယံဖြင့်ပိုမိုကောင်းမွန်သော အကာအကွယ်ကိုရရှိမှာဖြစ်ပါတယ်။

မှတ်ချက် - ပြင်းထန်ရောဂါအကျိုးခံစားခွင့်ကို သေဆုံးခြင်းနှင့် လုံးလုံးလျားလျား ထာဝစဉ်မသန်စွမ်းခြင်းအကျိုးခံစားခွင့်မှ နှုတ်ယူမည်ဖြစ်သည်။

 

 

ဒီလို အသက်စိုးရိမ်ဖွယ်ပြင်းထန်ရောဂါတွေကို ကုသဖို့ ငွေကြေးဆိုင်ရာထောက်ပံ့မှုပေးသွားမှာပါ။ 

Major Cancer 
ပြင်းထန်သောကင်ဆာ

Major Stroke 
လေဖြတ်ခြင်း

Heart Attack 
ရုတ်တရက်နှလုံးဖောက်ခြင်း

Coronary Artery Bypass Surgery 
နှလုံးပတ်သွေးလွှတ်ကြော လမ်းကြောင်းလွှဲ ခွဲစိတ်ကုသမှု

Open Surgery to Aorta
နှလုံးပင်မသွေးလွှတ်ကြော ခွဲစိတ်ကုသမှု

End-Stage Lung Disease 
အဆုတ်ရောဂါနောက်ဆုံးအဆင့်

End-stage Liver Failure
အသည်းပျက်စီးခြင်
နောက်ဆုံးအဆင့်

Kidney Failure 
ကျောက်ကပ်ပျက်စီးခြင်း

Major Organ Transplantation 
အရေးကြီးသောကိုယ်တွင်းအင်္ဂါ အစားထိုးကုသခြင်း

Heart  နှလုံး

Lung အဆုတ်

Liver အသည်း

Kidney ကျောက်ကပ်

Pancreas ပန်ကရိယ

Manulife ပြင်းထန်ရောဂါအာမခံအကြောင်း ပိုမိုသိရှိလိုပါက

မေးလေ့မေးထရှိသော မေးခွန်းများ

အသက်အာမခံထားခွင့်အတွက် အနည်းဆုံး ၁၆နှစ်ပြည့်ရပါမယ်။ ၁၀ နှစ်အစီအစဥ်အတွက် အများဆုံးအသက် ၅၅ နှစ်အထိထားနိုင်ပါတယ်။ အနှစ် ၂၀ အစီအစဥ်အတွက် အများဆုံးအသက် ၄၅ နှစ်အထိထားနိုင်ပါတယ်။

ထပ်တိုးအကျိုးခံစားခွင့်ဆိုတာ သင့်အာမခံပေါ်လစီပေါ် ထပ်တိုးထောက်ပံ့ကြေးဖြည့်ဖို့ သို့မဟုတ် မဖြည့်ဖို့ဆုံးဖြတ်ခွင့်ပေးတဲ့ အကျိုးအမြတ်ကို ဆိုလိုတာဖြစ်ပါတယ်။ ထပ်တိုးအစီအစဉ်ဆိုသည်မှာ ပရီမီယံပေးသွင်းငွေအနည်းငယ်ပေးရုံဖြင့် သင့်ရဲ့အာမခံအကာအကွယ်ကို ပိုများစေပါတယ်။ 

စောင့်ဆိုင်းကာလဆိုတာကတော့ စောင့်ကြည့်ကာလအတွင်းမှာ ကျွန်တော်တို့က အာမခံထားရှိသူက ပေါ်လစီစာချုပ်ချုပ်ပြီးပြီးချင်း အချိန်အတိုအတွင်း အာမခံထားရှိသူရဲ့ကျန်းမာရေးအခြေအနေကို စောင့်ကြည့်လေ့လာသွားမှာဖြစ်ပြီး ဒီလိုစောင့်ကြည့်တဲ့ကာလအတောအတွင်းမှာ အကျိုးခံစားခွင့်ကြေးငွေ ပေးမှာမဟုတ်တဲ့ ကာလတစ်ခုကိုဆိုလိုတာပါ။

ပြင်းထန်ရောဂါအတွက် - ပေါ်လစီသက်ရောက်မှုရှိတဲ့နေ့ (ခ) စာချုပ်ချုပ်ဆိုတဲ့နေ့ သို့မဟုတ် ပြန်လည်ချုပ်ဆိုတဲ့နေ့ စတဲ့နေ့တွေထဲက အနောက်ကျဆုံးဖြစ်တဲ့နေ့ကစပြီး ရက်ပေါင်း(၉၀)အကြာ စောင့်ဆိုင်းကာလဖြစ်ပါတယ်။

ယခု အာမခံအကြောင်းကို ပိုမိုသိရှိလိုပါက

အခြား အာမခံအမျိုးအစားများ

Protection

သင်နှင့် သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှု နှင့် အကာအကွယ်ပေးမှု

Education

သင့်ကလေးအနာဂတ်အတွက် Manulife ရဲ့ ပညာ‌ရေး အသက်အာမခံအစီအစဥ်

Protection

သင့်ချေးငွေပေးဆပ်မှုကို အပူအပင်ကင်းအောင် ကာကွယ်ပေးမှာပါ။