အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ဘောနပ်စ်ရကြပြီလား။ ဘာတွေသုံးလိုက်ပြီလဲ။

ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံး လုပ်ငန်းခွင်ထဲမှာ ကြိုးစားလုပ်ဆောင်ခဲ့ပြီးလို့ အခုလို နှစ်သစ်တစ်နှစ်ရဲ့အစမှာ အားလုံးက လန်းဆန်းတက်ကြွတဲ့ ခွန်အားတွေနဲ့ ပိုကောင်းတဲ့အနာဂတ်၊ အခွင့်အလမ်းတွေကို ရှာဖွေဖို့ အဆင်သင့်ဖြစ်နေကြမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ဒီလိုနှစ်အစတွေမှာ အရင်နှစ်က ကြိုးစားထားတာတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဘောနပ်စ်၊ ခံစားခွင့်၊ ရာထူးတိုး စတာတွေကိုလည်း ပေးလေ့ရှိကြတဲ့အချိန်ပါ။

အပိုထပ်ဆောင်းပေးလေ့ရှိတဲ့ဘောနပ်စ်က ကိုယ်ပုံမှန်ရတဲ့ လစာဝင်ငွေလို လတိုင်းရနိုင်မှာမဟုတ်လို့ ဘောနပ်စ်ရလာခဲ့ရင် ဘယ်လိုလေးသုံးမယ်ဆိုပြီး သေသေချာချာ ခွဲခြမ်းထားဖို့ လိုပါလိမ့်မယ်။

အဲ့ဒီလိုမှမဟုတ်ရင်တော့ မလိုတာတွေသုံးမိပြီး အပိုဘောနပ်စ်ငွေလေးက လေထဲမှာ ခဏလေးနဲ့ ပျောက်သွားမှာပါ။ ဒါကြောင့် ရသမျှဘောနပ်စ်တွေ အကျိုးရှိရှိ အသုံးချနိုင်မယ့် နည်းလမ်းကောင်းလေးတစ်ချို့ကို ဝေမျှလိုက်ပါတယ်။

၁။ ရှိတာထက် ပိုမသုံးဘူး

ဒါကတော့ ဘောနပ်စ်ရမှမဟုတ်ပါဘူး။ လစာဖြစ်ဖြစ်၊ အခြားဝင်ငွေတစ်ခုခုရတဲ့အခါမှာဖြစ်ဖြစ် ကိုယ့်ရဲ့ဝင်ငွေကို ကျော်လွန် ပြီးသုံးစွဲတာမျိုးမလုပ်မိဖို့ အရေးကြီးပါတယ်။

၂။ အကြွေးတွေကို မြန်မြန်ရှင်း

ကိုယ်ချေးထားတဲ့ အကြွေးတွေကို ပိုက်ဆံရတုန်း တတ်နိုင်သမျှ မြန်မြန်ဆပ်ထားလိုက်တာက ကိုယ့်ကို အကြွေးတွေကြားကနေ လွတ်လပ်စေပြီး ပေါ့ပါးတဲ့ ကြွေးကင်းအပူရှင်းတဲ့ဘဝကို ရစေပါလိမ့်မယ်။ အကြွေးတွေကို အရင်မဆပ်ဘဲ ပစ်ထားမိရင်တော့ အကြွေးပေါ် အကြွေးဆင့်ပြီး သင့်ကို ပိုကျပ်တည်းလာစေပါလိမ့်မယ်။

၃။ အ‌ရေးပေါ်သုံးငွေ ကြိုဖယ်ထားမယ်

အရေးပေါ်သုံးငွေဆိုပေမဲ့ အရေးပေါ်မှ သုံးရမှာမျိုးမဟုတ်ဘဲ ကိုယ့်အတွက် တစ်ခုခုလိုအပ်လာတဲ့အခါ အဲ့ငွေထဲကနေယူပြီး သုံးလို့ရအောင် အရန်ငွေအဖြစ် ဖယ်ထားတဲ့ငွေဆို ပိုမှန်ပါလိမ့်မယ်။ တစ်ခုခုဖြစ်လာခဲ့ရင် သုံးဖို့ လိုရမယ်ရဆိုပြီး အခုကတည်းက ဝင်ငွေထဲကနေ ဖယ်ထားမယ်ဆိုရင် အရေးအကြောင်းကြုံလာတဲ့အခါ ကိုယ့်အတွက် အကူအညီတစ်ခုရစေမှာပါ။

၄။ အိုစာမင်းစာကြိုစုတတ်တဲ့အလေ့အထ

ကိုယ်က အရွယ်ငယ်ငယ်လေးရှိသေးတာ အိုမင်းမစွမ်းအချိန်အထိ လှမ်းတွေးဖို့လိုလို့လား ဆိုရင်တော့ အဖြေက လိုတယ်လို ပြောရမှာပါ။ ကြိုပြင်ဆင်ထားတာတော့ မမှားပါဘူး။ ကိုယ်ရတဲ့ငွေကို အသက်ကြီးလာမယ့်အချိန်အတွက် ကြိုတွေးပြီး နည်းနည်းလေးပဲဖြစ်ဖြစ် စုဆောင်းတတ်မယ်ဆို ပင်စင်ယူရတဲ့အရွယ်မျိုးကျ ကိုယ့်အတွက် အခက်အခဲနည်းသွားမှာ အသေ အချာပါပဲ။

၅။ ကိုယ့်ကိုကိုယ် ဆုချဖို့မမေ့ပါနဲ့

မှန်ပါတယ်။ ဒီဝင်ငွေတွေကို ကိုယ်တိုင်က ကြိုးစားရှာဖွေစုဆောင်းထားတာဖြစ်လို့ တစ်ခါတစ်ရံမှာ ကိုယ့်အတွက် ကိုယ်ကိုတိုင် ပြန်ပြီး ဆုချသင့်ပါတယ်။ အကောင်းဆုံးဆိုင်မှာ ညစာသွားစားပစ်လိုက်တာမျိုး၊ ရှော့ပင်ထွက်လိုက်တာမျိုးတွေက ကုန်သွားရ တဲ့ငွေကြေးနဲ့ကိုက်ညီတဲ့ စိတ်ကျေနပ်မှုကို သင့်အတွက် ပြန်ယူလာပေးနိုင်ပါတယ်။

စာဖတ်သူနှင့် သင့်တော်နိုင်မည့် အာမခံအမျိုးအစားများ

Protection

သင်နှင့်သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှုနှင့် အကာအကွယ်ပေးဖို့  Manulife ရဲ့ဘ၀အာမခံ

Protection

အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ သင့်မိသားစုအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် Manulife ရဲ့ ပြင်းထန်‌ရောဂါအာမခံနဲ့ ကာကွယ်ထားနိုင်ပါတယ်။

  • လစဉ် ဘတ်ဂျက်ကို စနစ်တကျ စီမံခန့်ခွဲသင့်တဲ့ အကြောင်းရင်း (၃) ချက်

    ဘတ်ဂျက်ခွဲတယ်ဆိုတာ ငွေရေးကြေးရေး စီမံခန့်ခွဲမှုတစ်ခုဆိုတာထက် ပိုပါတယ်။ ဒါက ငွေနဲ့ ကိုယ့်ကြားက ဆက်ဆံရေးကို တိုးတက်စေသလို ပိုခိုင်မာတဲ့ အနာဂတ်အတွက်လည်း လမ်းဖောက်ပေးနိုင်တယ်လေ။ လိုချင်စရာတွေ များပြီး မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ အမြဲရှိတဲ့ ကမ္ဘာကြီးမှာ လစဉ် ဘတ်ဂျက်ချခြင်းကလည်း ငွေကြေးကို အမျှော်အမြင်ရှိရှိ သုံးစွဲတတ်မှုရဲ့ အခြေခံတစ်ခုပါပဲ။ ဒါဆို ဒီအလေ့အကျင့်ကို ဘာလို့ လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်း (၃) ချက်ကို အတူတူ ကြည့်ကြည့်လိုက်ရအောင်။

    ဆက်လက်ဖတ်ရှုရန်
  • ပိုကောင်းတဲ့အနာဂတ်တွေအတွက် Hero Advisor တွေနဲ့ အခုပဲ ဆက်သွယ်မယ် | June

    သင့်အတွက် ဘယ်အသက်အာမခံအမျိုးအစားက သင့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကိုတော့ Manulife Myanmar ရဲ့ Hero Agent တွေဖြစ်တဲ့ အကောင်းဆုံး အာမခံအကြံပေး ပုဂ္ဂိုလ်တွေက ဆွေးနွေးပေးဖို့အသင့်ဖြစ်နေပါပြီ။ 

    ဆက်လက်ဖတ်ရှုရန်
  • ကျန်းမာကောင်းမွန်လာသည့် ငွေကြေးဆိုင်ရာလူနေမှုဘဝများ

    ကျွန်ုပ်တို့၏ လုပ်ငန်းများလည်ပတ်လျက်ရှိသော နိုင်ငံတိုင်းတွင် ဝန်ထမ်းများနှင့် ဒေသခံလူမှုအသိုက် အဝန်းများ အားလုံးအတွက် ကျန်းမာသော လူနေမှုပုံစံများကို ရွေးချယ်နိုင်ရန်အတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ ပညာပေးခြင်းနှင့် ထောက်ပံ့ခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။

    ဆက်လက်ဖတ်ရှုရန်
အားလုံးကြည့်ရှုရန်

Manulife အသက်အာမခံအမျိုးအစားများအကြောင်း ပိုမိုသိရှိလိုပါက