အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ကျန်းမာကောင်းမွန်လာသည့် ငွေကြေးဆိုင်ရာလူနေမှုဘဝများ

မိမိ၏ လစာဝင်ငွေနှင့် ပင်စင်မယူမီ ကြားကာလများအတွင်း ငွေကြေးစီမံခန့်ခွဲခြင်းနှင့် ရင်းနှီး မြှုပ်နှံမှုပြုလုပ်ထားခြင်းများက သင့်ကိုစိုးရိမ်ကြောင့်ကြများစေပါသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်း လူအများနားလည်ရန်ခက်ခဲလေ့ရှိသည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများအား အာရှနိုင်ငံတစ်လွှားမှ လူအများ အလွယ်တကူနားလည်စေရန် ကျွန်ုပ်တို့အနေဖြင့် လိုအပ်သည့် အဖွဲ့အစည်းများနှင့်အတူ လက်တွဲလုပ်ဆောင်ပေးလျက်ရှိသည့်အပြင် အနာဂတ်နောင်ရေးအတွက် လိုအပ်မည့် အကူအညီများကိုလည်း ပေးစွမ်းလျက်ရှိပါသည်။ အောက်ပါနည်းလမ်းသုံးသွယ်မှာ ကျွန်ုပ်တို့၏ လူမှုအသိုက်အဝန်းအတွက် ငွေကြေးပိုင်းဆိုင်ရာ အားပေးထောက်ပံ့မှုပြုလုပ်လျက်ရှိသည့် ဝန်ဆောင်မှုများဖြစ်ပါသည်။

  • ငွေကြေးဆိုင်ရာဘာသာဗေဒအား ငယ်စဥ်ကတည်းက စနစ်တကျတည်ဆောက်ပျိုးထောင်ခြင်း ကျောင်းသားလူငယ်များအရွယ်ကတည်းကပင် အရွယ်ရောက်ပြီးသူတစ်ဦးကဲ့သို့ ငွေကြေးအား စနစ်တကျစီမံတတ်စေရန်ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏ပန်းတိုင်မှာ မိမိတို့လုပ်ငန်းတည်ရှိရာ နိုင်ငံအနှံ့တွင် ငွေကြေးပိုင်းဆိုင်ရာ မြင့်မားလာစေရန်နှင့် အနာဂတ်မျိုးဆက်သစ်များ ဘဝနောင်ရေးစိတ် အေးရစေရန်အတွက် ကူညီဆောင်ရွက်ပေးနိုင်ရန်ဖြစ်သည့်အားလျော်စွာ အာရှတစ်ခွင်ရှိ အစိုးရကျောင်းများနှင့်အတူ လက်တွဲလုပ်ကိုင်လျက်ရှိသည့် အစီအစဥ်လည်းဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် Peso Smart မှာ အစိုးရကျောင်းများတွင်တက်ရောက်နေသည့် ကျောင်းသူကျောင်းသားများအား ငွေစုခြင်းနှင့်ရင်းနှီးမြှုပ်နှံခြင်းအခြေခံ အချက်အလက်များကို သင်ကြားပို့ချလျက်ရှိသည့် ရေရှည်သင်တန်းတစ်ခုဖြစ်ပါသည်။ Manulife ဖိလစ်ပိုင်မှ ဝန်ထမ်းများက နိုင်ငံအတွင်းရှိ မူလတန်းကျောင်း ၅ ကျောင်း၌ အပတ်စဥ် သင်တန်းပို့ချပေးလျှက် ရှိပါသည်။ သင်တန်းနောက်ဆုံးအပတ်သို့ရောက်လာပါက ကျောင်းသားများအနေဖြင့် ၎င်းတို့၏ မိသားစုအတွက် ငွေကြေးစီမံခန့်ခွဲမှုအစီအစဥ်တစ်ခုကို သင်ကြားပြီးဖြစ်သည့် နည်းလမ်းများ အတိုင်းရေးဆွဲတင်ပြကြရသည်လည်းဖြစ်ရာ အဆိုပါလက်တွေ့လုပ်ဆောင်မှုမှာ ၎င်းတို့ဘဝများ အတွက် ကျန်ရှိနေမည်လည်းဖြစ်ပါသည်။
  • အောင်မြင်မှုကို မည်ကဲ့သို့ပုံဖော်ကြမည်နည်း။ အောင်မြင်ခြင်းမှာ တစ်ခါတစ်ရံတွင် ဝင်ငွေနှင့် တိုက်ရိုက်အချိုးကျခြင်းမျိုးမဟုတ်ဘဲ စီမံခန့်ခွဲခြင်းနှင့် ဉာဏ်ပညာရှိစွာချင့်ချိန်ပြင်ဆင်ခြင်းအပေါ်တွင် သာ၍မူတည်လေ့ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် လုပ်ဆောင်လျှက်ရှိသည့် ကျွန်ုပ်တို့၏ ‘Curhat Cerdas Finansial’ မှာ အနာဂတ်လူငယ်များ ငွေကြေးအပေါ်တွင် တွေးတောမှုပုံစံပြောင်းလဲလာရန်အတွက် ရည်ရွယ်ဆောင်ရွက်သည့် အစီအစဥ်တစ်ခုဖြစ်ပါသည်။ ယင်းအစီအစဥ်မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံရှိတက္ကသိုလ်ကျောင်းသားများနှင့် ငယ်ရွယ်အောင်မြင်နေသူများက ၎င်းတို့၏ ငွေကြေးပိုင်းအတွက် အသိဉာဏ်ကြွယ်ဝစွာဖြင့် ပိုမိုစီမံခန့်ခွဲတတ်လာစေရန်လည်း ရည်ရွယ်ပြီး မှန်ကန်သည့် ငွေကြေးစီမံခန့်ခွဲခြင်းကသာ မိမိတို့၏ဘဝကို လွတ်လပ်အေးချမ်းစေမည်ဖြစ်ကြောင်း သိရှိစေရန်လည်းဖြစ်ပါသည်။ Manulife အင်ဒိုနီးရှား၏ ဝန်ထမ်းများဖြစ်သည့် Head of Brand & Product Campaigns ဖြစ်သူ Henry Widago ၊ Director & Chief Marketing Officer ဖြစ်သူ Novita Rumngangun တို့ကိုယ်တိုင်က ၎င်းတို့ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံများကို Danone Indonesia ၊ Santika Hotel နှင့် Multimedia Nusantara University တို့ဆီသို့ သွားရောက် မျှဝေပေးခဲ့ကြပါသည်။
  • ကလေးငယ်များအတွက်ထောက်ပံ့ခြင်းနှင့် ပံ့ပိုးမှုများအတွက်ကွန်ရက်တည်ဆောက်ခြင်း။ အင်ဒိုနီးရှားနိုင်ငံတွင်ကျောင်းသားကျောင်းသူများအတွက် ငွေကြေးဆိုင်ရာသင်ကြားပေးခြင်းနှင့် ပြောဆိုတင်ဆက်မှုအပိုင်းတိုးတက်လာရေးအတွက် အစီအစဥ်နှစ်ခုပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ အောင်မြင်မှုရရှိထားသည့် CSR Zoning အစီအစဥ်နှင့် Manulife ၏ ရေပန်းစားတီဗီအစီအစဥ် “DO IT” တို့ ပူးပေါင်းခြင်းဖြင့် ဂျာကာတာအရှေ့ပိုင်းရှိ အလယ်တန်းကျောင်းမှ ကျောင်းသား ၂၀၀ ခန့်၊ ဆရာ/ဆရာမ ၅၈ ဦးခန့်ကိုခေါ်ယူကာ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်တစ်ခုကို လုပ်ဆောင်ခဲ့ပါသည်။
  • အစီအစဥ်တွင် Manulife အင်ဒိုနီးရှား၏ Director & Chief Marketing Officer ဖြစ်သူ Novita Rumngangun နှင့် အင်ဒိုနီးရှားနာမည်ကြီးသရုပ်ဆောင် Ari Wibowo တို့နှစ်ဦးက 'Curi Start Dana Pendidikan Buah Hati’ (Start Early for Your Children’s Educational Fund) ခေါင်းစဥ်အောက်တွင် ငွေကြေးဆိုင်ရာစီမံခန့်ခွဲခြင်း အကြောင်းအရာများကို တိုက်ရိုက်ဆွေးနွေးပေးခဲ့ကြသည်။ ထို့အပြင် Manulife အင်ဒိုနီးရှားအနေနှင့် အင်ဒိုနီးရှားငွေ ၁၀၀ မီလံယံတန်ကြေးရှိ ရုတ်တရက်ဘေးအန္တရာယ်ကျရောက်ခြင်းများအတွက် အာမခံများကို ကျောင်းရှိ ဝန်ထမ်းများအား ပေးအပ်ခဲ့ပြီး ငွေကြေးဆိုင်ရာနားလည်တတ်ကျွမ်းမှုနှင့် ၎င်းတို့၏ မျှော်မှန်းချက်များကို သိရှိနားလည်စေခဲ့ပါသည်။

အကယ်၍ သင်သည် လက်ရှိကျောင်းတက်နေဆဲဖြစ်ပြီး သင့်အတွက် ပထမဆုံးဖြစ်လာမည့် လုပ်ငန်းခွင်တစ်ခုကို ရှာဖွေနေသူ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုတစ်ခုခုပြုလုပ်ရန် ရှာဖွေနေသူဖြစ်ပါက သင့်အား ကူညီပေးနိုင်ရန်အတွက် ကျွန်ုပ်တို့ ရှိနေပါသည်။

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက 

  • လစဉ် ဘတ်ဂျက်ကို စနစ်တကျ စီမံခန့်ခွဲသင့်တဲ့ အကြောင်းရင်း (၃) ချက်

    ဘတ်ဂျက်ခွဲတယ်ဆိုတာ ငွေရေးကြေးရေး စီမံခန့်ခွဲမှုတစ်ခုဆိုတာထက် ပိုပါတယ်။ ဒါက ငွေနဲ့ ကိုယ့်ကြားက ဆက်ဆံရေးကို တိုးတက်စေသလို ပိုခိုင်မာတဲ့ အနာဂတ်အတွက်လည်း လမ်းဖောက်ပေးနိုင်တယ်လေ။ လိုချင်စရာတွေ များပြီး မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ အမြဲရှိတဲ့ ကမ္ဘာကြီးမှာ လစဉ် ဘတ်ဂျက်ချခြင်းကလည်း ငွေကြေးကို အမျှော်အမြင်ရှိရှိ သုံးစွဲတတ်မှုရဲ့ အခြေခံတစ်ခုပါပဲ။ ဒါဆို ဒီအလေ့အကျင့်ကို ဘာလို့ လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်း (၃) ချက်ကို အတူတူ ကြည့်ကြည့်လိုက်ရအောင်။

    ဆက်လက်ဖတ်ရှုရန်
  • အမြဲတမ်း “ရယ်” ဖို့သတိရပါ

    ရယ်မောခြင်းက သင်အသက်အရှည်ဖို့ အရိုးရှင်းဆုံး မှီဝဲလို့ရတဲ့ ဆေးတစ်ခွက်ပါ။ဟက်ဟက်ပက်ပက်ရယ်လိုက်ခြင်းက သင့်ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်တွေ ပိုပြီးသန်မာအားကောင်းလာစေသလို စိတ်ဖိစီးမှု တွေ၊ စိတ်ရဲ့ နာကျင်မှုတွေကို ကုစားဖို့ အကောင်းဆုံးစိတ်စွမ်းအားတစ်ခု ဖြစ်ပါတယ်။ 

    ဆက်လက်ဖတ်ရှုရန်
  • သင်တို့အတွက် အမြဲအဆင်သင့်ရှိနေမှာပါ

    အောက်တိုဘာလ ၃ ရက်ကနေ ၇ ရက်နေ့အထိ ရက်သတ္တပတ်တာကို Manulife က Customer Service Week အဖြစ် သတ်မှတ်ပြီး နိုင်ငံအသီးသီးမှာရှိတဲ့ Customer Service Team တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုဆွေးနွေးပွဲတွေကို ရက်သတ္တပတ်တာလုံးမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

    ဆက်လက်ဖတ်ရှုရန်
အားလုံးကြည့်ရှုရန်