အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ကျန်းမာသန်စွမ်းသောဘဝများဆီသို့

ကျွန်ုပ်တို့၏ လုပ်ငန်းများလည်ပတ်လျက်ရှိသော နိုင်ငံတိုင်းတွင် ဝန်ထမ်းများနှင့် ဒေသခံလူမှုအသိုက် အဝန်းများ အားလုံးအတွက် ကျန်းမာသော လူနေမှုပုံစံများကို ရွေးချယ်နိုင်ရန်အတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ ပညာပေးခြင်းနှင့် ထောက်ပံ့ခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။ သို့မှသာ နိုင်ငံသားတိုင်းအတွက် ပိုမိုကောင်းမွန်သော ဘ၀များကို ရရှိနိုင်မည်လည်း ဖြစ်ပါသည်။

ထို့အပြင် ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် အကျိုးခံစားခွင့် အမျိုးမျိုးကိုထောက်ပံ့ပေးလျှက် ရှိသည့်အပြင် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေရန်အတွက် အခမ်းအနားများ၊ လုပ်ဆောင်မှုများကိုလဲ တစ်စိတ်တစ်ဒေသအဖြစ် ပြုလုပ်ပေးလျက်ရှိပါသည်။

  • ပရဟိတအကျိုးပြုအားကစားပွဲများ – ကျွန်ုပ်တို့အနေဖြင့် ဝန်ထမ်းများအား ၎င်းတို့၏လူမှုအသိုက်အဝန်းအတွင်း ကောင်းမွန်သောအရာများကို ကိုယ်တိုင်ပြုလုပ်နိုင်စေခြင်းဖြင့် တိုးတက်သောလူနေမှုသို့ ဦးတည်ဆောင်ရွက်သည့် အခမ်းအနားများတွင် တတ်ကြွစွာပါဝင်စေရန် တိုက်တွန်းနှိုးဆော်မှုများကို ပြုလုပ်ပေးလျက်ရှိပါသည်။ ဥပမာတစ်ခုအနေဖြင့် Manulife ဗီယက်နမ်မှ ဟနွိုင်းရှိကနေဒါသံရုံး၊ဗီယက်နမ် - ကနေဒါချစ်ကြည်ရေးအသင်းတို့နှင့် ပူးပေါင်း၍ ၂၀၀၀ ခုနှစ်တွင် ဟနွိုင်းကလေးများအပြေးပြိုင်ပွဲကို ဂုဏ်ယူစွာပံ့ပိုးပေးခဲ့သည်။ ၂၀၁၈ခုနှစ်တွင်မူ အစီအစဥ်တွင် ပြိုင်ပွဲဝင်ပေါင်း ၇,၀၀၀ ကျော်က စိတ်ပါဝင်စားစွာဖြင့် ပါဝင်ခဲ့ကြပြီး ဗီယက်နမ်နိုင်ငံရှိ ကင်ဆာရောဂါနှင့် နှလုံးရောဂါဝေဒနာခံစားနေရသည့် ချို့တဲ့ကလေးများအတွက် ထောက်ပံ့ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၇,၈၀၀ ကျော်ရရှိခဲ့သည်။ ထို့အတူ Manulife ဗီယက်နမ်၀န်ထမ်းများမှာ ၂၀၁၉ ခုနှစ်တွင် ကျင်းပသည့် Terry Fox Run နှင့် ၂၀၁၁ခုနှစ်မှ ၂၀၁၉ခုနှစ်အတွင်း ကျင်းပခဲ့သည့် Danang Marathon တွင်လည်း ပါဝင်ခဲ့ကြသည်။
  • World Heart Day – World Heart Federation မှ ကြီးမှူးကျင်းပသည့်  World Heart Day သည် နှစ်စဥ် ကမ္ဘာတစ်ဝန်းမှ လူဦးရေပေါင်း ၁၇.၉ သန်းခန့်ကို သေဆုံးစေနိုင်သည့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို သတိပြုမိစေရန်ကျင်းပသည့် အခမ်းအနားဖြစ်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများအား တစ်ဦးချင်းစီ အနေဖြင့် မည်ကဲ့သို့ ထိန်းချုပ်၊ ကာကွယ်နိုင်မည်ဆိုသည့်အကြောင်းအရာများကို ထောက်ပြပေးနိုင်ရန် လည်း ရည်ရွယ်ခြင်းဖြစ်သည်။၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာမစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းကြောင့် ဖြစ်ပေါ်တတ်သော ဆိုးကျိုးများ အစရှိသကဲ့သို့သော အန္တရာယ်ရှိသည့် အချက်များကိုထိန်းချုပ်နိုင်ရန်နှင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းကြောင့် အချိန်မတန်မီသေဆုံးမှု အနည်းဆုံး ၈၀% ခန့်ကို မည်ကဲ့သို့ရှောင်ရှားနိုင်မည်ဆိုသည့် နည်းလမ်းများအား သိရှိနားလည်ရန်နှင့်ပညာပေးရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများအတွက် အသိပညာမျှဝေတိုးမြှင့်ရန် ၂၀၁၇ခုနှစ်မှ စတင်ကာ World Heart Federation နှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့သည်။
    • စင်္ကာပူနိုင်ငံတွင် World Heart Day အတွက် ကျွန်ုပ်တို့လှုပ်ရှားမှု၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝန်ထမ်းအားလုံးကို အရေးပေါ်အသက်ကယ်နှလုံးနှိုးခြင်း CPR လေ့ကျင့်ခြင်းအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ထို့အတူ စင်္ကာပူနိုင်ငံသားများ၏ နှလုံးကျန်းမာရေးနှင့်ပတ်သက်သည့် ခံယူချက်၊ သိရှိ နားလည်ထားမှုများအတွက်ကိုလည်း လေ့လာဆန်းစစ်မှုတစ်ရပ်ပြုလုပ်ခဲ့သည်။ ထိုလေ့လာမှုအရ စင်္ကာပူနိုင်ငံသား ၁၀ ဦး အနက် ၇ ဦးမှာ နှလုံးရုတ်တရက်ရပ်တန့်သွားပါက မည်ကဲ့သို့လုပ်ဆောင်ရမည်ကို မသိရှိကြောင်း လေ့လာသိရှိခဲ့ရသည်။ အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် ကျွန်ုပ်တို့အနေဖြင့် Stop the Drama  လှုပ်ရှားမှုကို စတင်ခဲ့ပြီး ဝါရင့်သရုပ်ဆောင် Lim Kay Tong က နှလုံးသားကိုထိစေသည့် ဒရာမာ ရုပ်ရှင်များမှပေးသော နှလုံးရောဂါနှင့် ပြင်ပလက်တွေ့ဘဝနှလုံးရောဂါများကို နှိုင်းယှဥ်ပြသည့် ပို့ချမှု တစ်ခုကို ပြုလုပ်ခဲ့သည်။
    • ဟောင်ကောင်တွင်လည်း ၂၀၁၈ ခုနှစ်တစ်လျှောက်လုံးတွင် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုသည့် ဘဝနေထိုင်မှုပုံစံကို မြှင့်တင်ရန်နှင့် ကျန်းမာရေးနှင့်ကိုက်ညီသော အစားအစာများရွေးချယ် စားသောက်တတ်စေရေး လှုပ်ရှားမှုအစီအစဥ်များကို စဥ်ဆက်မပြတ်ပြုလုပ်ခဲ့သည်။ ယင်းအစီအစဥ်များတွင် ဂျပန်နိုင်ငံရှိ သစ်တောများ ပြန်လည်စိမ်းလန်စေရေးခရီးစဥ်လည်းပါဝင်ခဲ့သည့်အပြင် ဝန်ထမ်းများ၏ နှလုံးကျန်းမာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများအပါအဝင် ကလေးသူငယ်များနှလုံးကျန်းမာရေးဖောင်ဒေးရှင်းနှင့်အတူ ပူးပေါင်းကာ Eat Smart Cooking သင်တန်းပေးအပ်ခဲ့ပြီး ယင်းသင်တန်းမှတစ်ဆင့် နှလုံးရောဂါခံစားနေရသည့် ကလေးငယ်များအတွက် ချက်ပြုတ်နည်းအညွှန်းဖြစ်သည့် family-friendly heart-healthy recipes ကို မိဘများနှင့် အတူရင်းနှီးစွာ ပြုလုပ်ခဲ့သည်။
  • မိုင်ပေါင်းများစွာလမ်းလျှောက်ပါ (Walk for Millions) အစီအစဥ်- Manulife ဟောင်ကောင်သည် ရပ်ရွာများမှ စီစဥ်ကျင်းပသော ပရဟိတလမ်းလျှောက်ပွဲများတွင် နှစ်စဉ် ပါဝင်ထောက်ပံ့ခဲ့ပြီး အဆိုပါ လမ်းလျှောက်ပွဲများမှ ရရှိသည့် ရန်ပုံငွေများဖြင့် လူနေမှုဘဝအတွက် လိုအပ်နေသည့်မိသားစုများကို အကူအညီပေးရန်နှင့် ချို့တဲ့သောမိသားစုများတွင်လည်း မိသားစုချင်း ရင်းနှီးသောဆက်ဆံမှုတစ်ခု တည်ဆောက်နိုင်ရန် လူမှုဖူလုံရေးအေဂျင်စီများအတွက်ကိုလည်း ထောက်ပံ့ပေးခဲ့သည်။
  • စိတ်ပိုင်းဆိုင်ရာကျန်းမာသန်စွမ်းစေခြင်း- ကျန်းမာသန်စွမ်းသောစိတ် နှင့် ရုပ်ခန္ဓာပိုင်ဆိုင်မှသာ သာယာပျော်ရွင်ဖွယ်ကောင်းသော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မည်လည်း ဖြစ်ပါသည်။ Manulife ၏ ကျန်းမာရေးစောင့်ရှာက်မှုအစီအစဥ်များအတွင်းမှ တစ်ခုဖြစ်သည့် စိတ်ပိုင်းဆိုင်ရာကျန်းမာသန်စွမ်းစေခြင်း အစီအစဥ်တွင် ဝန်ထမ်းများအတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် အခမ်းအနားများကို ကျင်းပပေးလျက်ရှိပါသည်။  အနီးစပ်ဆုံးဥပမာတစ်ခုအား ပြရမည်ဆိုလျှင် Manulife ကမ္ဗောဒီးယားက ကမ္ဘာ့အမျိုးသမီးမဟာမိတ်အဖွဲ့  (GWA)မှ ကြီးမှူးသော ‘the Power of Positive Thinking’ ခေါင်းစဥ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင် ဝင်ရောက်ဆွေးနွေးခဲ့ပြီး အစားအသောက်ကို သဟဇာတဖြစ်စွာစားသောက်ခြင်းနှင့် မိမိတို့၏ စိတ်ခံစား ချက်များ ဆက်နွယ်နေသည့်အကြောင်းအရာကို ဆွေးနွေးပြောကြားခဲ့သည်။

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက 

  • အမြဲတမ်း “ရယ်” ဖို့သတိရပါ

    ရယ်မောခြင်းက သင်အသက်အရှည်ဖို့ အရိုးရှင်းဆုံး မှီဝဲလို့ရတဲ့ ဆေးတစ်ခွက်ပါ။ဟက်ဟက်ပက်ပက်ရယ်လိုက်ခြင်းက သင့်ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်တွေ ပိုပြီးသန်မာအားကောင်းလာစေသလို စိတ်ဖိစီးမှု တွေ၊ စိတ်ရဲ့ နာကျင်မှုတွေကို ကုစားဖို့ အကောင်းဆုံးစိတ်စွမ်းအားတစ်ခု ဖြစ်ပါတယ်။ 

    ဆက်လက်ဖတ်ရှုရန်
  • သင်တို့အတွက် အမြဲအဆင်သင့်ရှိနေမှာပါ

    အောက်တိုဘာလ ၃ ရက်ကနေ ၇ ရက်နေ့အထိ ရက်သတ္တပတ်တာကို Manulife က Customer Service Week အဖြစ် သတ်မှတ်ပြီး နိုင်ငံအသီးသီးမှာရှိတဲ့ Customer Service Team တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုဆွေးနွေးပွဲတွေကို ရက်သတ္တပတ်တာလုံးမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

    ဆက်လက်ဖတ်ရှုရန်
  • ပိုကောင်းတဲ့အနာဂတ်တွေအတွက် Hero Advisor တွေနဲ့ အခုပဲ ဆက်သွယ်မယ်

    ဘယ်အသက်အာမခံအမျိုးအစားက သင့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကိုတော့ Manulife Myanmar ရဲ့ Hero Agent တွေဖြစ်တဲ့ အကောင်းဆုံး အာမခံအကြံပေး ပုဂ္ဂိုလ်တွေက ဆွေးနွေးပေးဖို့အသင့်ဖြစ်နေပါပြီ။ 

     

    ဆက်လက်ဖတ်ရှုရန်
အားလုံးကြည့်ရှုရန်