ဖျားနာခြင်းနဲ့ ရောဂါဝေဒနာဆိုတာ စကားလုံးနှစ်ခုစာဆိုပေမယ့် ဒီစကားလုံးနှစ်လုံးက ကျွန်ုပ်တို့တွေရဲ့ ဘဝမှာ ပျော်ရွှင်စွာနေ ထိုင်နိုင်ခြင်းအပေါ်ကို များစွာစိုးရိမ်ကြောင့်ကြမှုဖြစ်စေနိုင်ပြီး နာတာရှည်ဝေဒနာသည်အဖြစ်ဖြတ်သန်းရတာ၊ ဒါမှမဟုတ် ဆေးရုံပေါ်မှာ အချိန်ကြာမြင့်စွာတက်ရောက်ကုသမှုတွေကို ဖြစ်စေလို့ သင့်ရဲ့ စိတ်ကျေနပ်မှုတွေအတွက် အနှောက်အယှက်ပေး နိုင်ပါတယ်။ သို့ပေမယ့် လူတော်တော်များများက ဒီလိုရောဂါတွေခံစားနေရပြီး အသက်အန္တရာယ်စိုးရိမ်ရနိုင်တယ့် ပြင်းထန် ရောဂါတွေနဲ့ ဘဝကို လွန်ဆွဲနေရပါတယ်။
အသက်စိုးရိမ်ဖွယ်ပြင်းထန်ရောဂါဆိုတာဘာလဲ
အသက်စိုးရိမ်ဖွယ်ပြင်းထန်ရောဂါဆိုတာကတော့ ဘဝတစ်ခုလုံးစာကို ခြိမ်းခြောက်နိုင်သည်အထိ ပြင်းထန်တဲ့ရောဂါအခြေအနေ တစ်မျိုးမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုမျိုး အသက်စိုးရိမ်ဖွယ်ပြင်းထန်ရောဂါတွေကို မကုသနိုင်ခဲ့ရင်တော့ ဒီရောဂါတွေက ကိုယ့်ရဲ့ အသက်ရှင်ဖို့ စွမ်းဆောင်ရည်တွေကိုအားနည်းပျက်စီးစေပြီးတော့ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်း အသက်သေဆုံးသူတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ နှလုံး၊ အဆုတ်၊ အသည်းရောဂါများ၊ လေဖြတ်ခြင်းနဲ့ ကင်ဆာ စတဲ့ ပြင်းထန်ရောဂါတွေကြောင့် သေဆုံးခဲ့ကြတာပါ။ သို့သော်လည်း ဆေးပညာ တွေ တစ်နေ့တစ်ခြား တိုးတက်လာတာနဲ့အမျှ အသက်စိုးရိမ်ဖွယ်ရောဂါတွေကို လျှင်မြန်စွာရှာဖွေတွေ့ရှိနိုင်ပြီဖြစ်လို့ ရောဂါ သက်သာနိုင်ခြေလည်း မြင့်တက်လာပါပြီ။
အသက်စိုးရိမ်ဖွယ်ပြင်းထန်ရောဂါတွေက သင်နဲ့ သင့်မိသားစုအတွက် ဘယ်လိုအကျိုးသက်ရောက်နိုင်သလဲ
သင်တို့ကိုယ်တိုင် ကိုယ့်ကိုကိုယ် ဒီမေးခွန်းမမေးမိရင်တောင် အသက်စိုးရိမ်ဖွယ်ပြင်းထန်ရောဂါဟူကတည်းက တကယ်ကို ဘေးကျပ်နံကြပ်နဲ့ သင်တို့အတွက် စိုးရိမ်ခြိမ်းခြောက်မှုတွေရှိစေနိုင်မှာ ဧကန်ပါပဲ။ သင့်အတွက် ရုပ်ပိုင်းဆိုင်ရာထိခိုက် ယိုယွင်းမှုတွေကိုသာမက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေဖြစ်စေမယ့်အပြင် မိသားစုအတွက်ငွေကြေးဆိုင်ရာမှာလည်း ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေဦးမှာဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်တွေအတွက် ဆေးရုံစရိတ်တွေနဲ့ ဆရာဝန်အခကြေးငွေတွေကို ပေးချေ ဖို့အခက်အခဲနဲ့ရင်ဆိုင်နေရတာကလည်း သင်တစ်ယောက်ထဲတော့ မဟုတ်ပြန်ပါဘူး။
Manulife က မြန်မာနိုင်ငံမိသားစုတွေအတွက် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ အသင့်လျော်ဆုံး အာမခံနှင့် ငွေကြေးဆိုင်ရာ အကြံပြုချက်တွေကို ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ လူတိုင်းရဲ့ဘဝက တန်ဖိုးရှိပြီး အကာအကွယ်ပေးသင့်လို့ဖြစ်ပါတယ်။ Manulife ဟာ အဖိုးတန်တဲ့ မြန်မာပြည်သူတွေရဲ့ ဘဝတွေကို သာလွန် ကောင်းမွန်ပြီး လုံခြုံစိတ်ချရတဲ့အခြေအနေရောက်ရှိဖို့ မှန်ကန်တဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေချရာမှာ အကူအညီပေးဖို့ အဆင်သင့်ရှိနေပြီလည်း ဖြစ်ပါတယ်။
အသက်စိုးရိမ်ဖွယ်ပြင်းထန်ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ ငွေကြေးဆိုင်ရာအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှိသလား
Manulife ပြင်းထန်ရောဂါအာမခံ နဲ့ ဆိုရင်တော့ ဘဝနေထိုင်မှုနဲ့ ငွေကြေးဆိုင်ရာ အကျပ်အတည်းတွေကို တွေ့ကြုံရစေနိုင် တဲ့ အခြေအနေတစ်ခုကနေ ကုစားနိုင်တဲ့အခြေအနေတစ်ခုကို ပံ့ပိုးပေးနိုင်မှာ အသေအချာဖြစ်ပါတယ်။ Manulife ပြင်းထန်ရောဂါအာမခံဟာ ထပ်ဆောင်းပရီမီယံကြေးအနည်းငယ်ပေးသွင်းလိုက်ရုံနဲ့ သင့်ရဲ့အာမခံအကာအကွယ်ကို ပိုမိုရရှိစေနိုင်ပြီးတော့ Manulife ဘဝအာမခံနဲ့ အတူတကွ ဝယ်ယူရရှိနိုင်တဲ့ အာမခံ ဖြစ်ပါတယ်။
အထက်ပါ အာမခံအစီအစဥ်အတွက် ပရီမီယံပေးသွင်းငွေကင်းလွတ်ခွင့်အကျိုးခံစားခွင့်ကိုလည်း ရရှိနိုင်မှာဖြစ်ပြီး ယင်းခံစား ခွင့်ကြောင့် ပြင်းထန်ရောဂါအာမခံအတွက် အကျိုးခံစားခွင့်ရယူပြီးပါက ဆက်လက်ပေးသွင်းရန်ကျန်ရှိဦးမယ့် Manulife ဘဝအာမခံအတွက် ပရီမီယံကြေးကိုလည်း ကင်းလွတ်ခွင့် (Manulife မှ ပေးချေခြင်း) ကို ရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ Manulife ဘဝအာမခံအတွက် ဆက်လက်ပေးသွင်းရန်ကျန်ရှိနေမယ့် ပရီမီယံကြေးကို ပေးသွင်းဖို့အတွက် စိုးရိမ်ပူပန်နေဖို့ မလိုတော့ဘဲ သင့်ကျန်းမာရေးပြန်ကောင်းဖို့ကို အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်တမ်းပြည့်အကျိုးခံစားခွင့်နဲ့ Manulife Protector ကနေ ကျန်ရှိနေမယ့် အကျိုးခံစားခွင့်ကို လည်း ဆက်လက်တည်မြဲနေမှာ ဖြစ်ပါတယ်။
သင်မိသားစုနဲ့ သင့်ကျန်းမာရေးဆိုတာ တန်ဖိုးရှိပြီး အကာအကွယ်ပေးဖို့ ထိုက်တန်ပါတယ်။
အမြဲတမ်း “ရယ်” ဖို့သတိရပါ
ရယ်မောခြင်းက သင်အသက်အရှည်ဖို့ အရိုးရှင်းဆုံး မှီဝဲလို့ရတဲ့ ဆေးတစ်ခွက်ပါ။ဟက်ဟက်ပက်ပက်ရယ်လိုက်ခြင်းက သင့်ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်တွေ ပိုပြီးသန်မာအားကောင်းလာစေသလို စိတ်ဖိစီးမှု တွေ၊ စိတ်ရဲ့ နာကျင်မှုတွေကို ကုစားဖို့ အကောင်းဆုံးစိတ်စွမ်းအားတစ်ခု ဖြစ်ပါတယ်။
သင်တို့အတွက် အမြဲအဆင်သင့်ရှိနေမှာပါ
အောက်တိုဘာလ ၃ ရက်ကနေ ၇ ရက်နေ့အထိ ရက်သတ္တပတ်တာကို Manulife က Customer Service Week အဖြစ် သတ်မှတ်ပြီး နိုင်ငံအသီးသီးမှာရှိတဲ့ Customer Service Team တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုဆွေးနွေးပွဲတွေကို ရက်သတ္တပတ်တာလုံးမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပိုကောင်းတဲ့အနာဂတ်တွေအတွက် Hero Advisor တွေနဲ့ အခုပဲ ဆက်သွယ်မယ်
ဘယ်အသက်အာမခံအမျိုးအစားက သင့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကိုတော့ Manulife Myanmar ရဲ့ Hero Agent တွေဖြစ်တဲ့ အကောင်းဆုံး အာမခံအကြံပေး ပုဂ္ဂိုလ်တွေက ဆွေးနွေးပေးဖို့အသင့်ဖြစ်နေပါပြီ။