အတည်ပြုသည်
အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

လူမှုအသိုက်အ၀န်းအတွက် ပြန်လည်စောင့်ရှောက်ခြင်း

Manulife အနေဖြင့် အာရှဒေသတွင်းရှိ ဒေသခံအသိုက်အဝန်းများနှင့်အတူ လက်တွဲကာ ဒေသတွင်း ပြည်သူများ အသက်မွေးဝမ်းကျောင်းနှင့် လူနေမှုဘဝများတိုးတက်မြင့်မားစေရေးအတွက် အတူတကွပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်ရာတွင် လိုအပ်သည့် ဒေသများသို့ ရန်ပုံငွေတိုက်ရိုက်ထောက်ပံ့ခြင်း၊ ရန်ပုံငွေရရှိရန်ထောက်ကူကြိုးပမ်းခြင်း၊ လှူဒါန်းခြင်း (သို့) စေတနာ့ဝန်ထမ်းခြင်း အစရှိသည်တို့ကို Manulife ၏ ရည်မှန်းချက်များနှင့်ကိုက်ညီသော ကုသိုလ်ဖြစ်လူမှုအကျိုးပြုအဖွဲ့အစည်းများဖြင့် လက်တွဲဆောင်ရွက်လျက်လည်းရှိသည်။

လူမှုအထောက်အကူပြုလုပ်ငန်းများလုပ်ဆောင်ရန်အတွက် အဓိကအားဖြင့် ယင်းဒေသများရှိ ပြည်သူများ၏ ဘဝနောင်ရေးစိတ်အေးရစေရန်အတွက် လိုအပ်မည့် အရာများနှင့် ရင်းမြစ်များကို ဖြည့်စွမ်းပေးခြင်းဖြစ်ပြီး အခြေခံလိုအပ်ချက်ပြည့်စုံခြင်းမရှိသူများကို ပံ့ပိုးနိုင်ရန်ရည်ရွယ်သည်။

ဝန်ထမ်းများအား မှန်ကန်သောအပြောင်းအလဲကိုဖြစ်ပေါ်စေသည့် အခွင့်အလမ်းများအား ပေးအပ်နိုင်ခြင်းကြောင့်  ဤကဲ့သို့လူမှုအသိုက်အဝန်းနှင့်ထိတွေ့လုပ်ဆောင်နိုင်ခြင်းအပေါ် ကျွန်ုပ်တို့အနေနှင့် များစွာဂုဏ်ယူလျက်ရှိသည်။ အောက်တွင်ဖော်ပြထားသည့် အနည်းငယ်သော ဥပမာများမှာ ကျွန်ုပ်တို့ အဖွဲ့သားများမှ ဒေသခံရပ်ရွာလူထုများအတွက် အပြုသဘောဖြင့် ဆောင်ရွက်ပေးခဲ့မှုများ ဖြစ်သည်။

  • သွေးလှူဒါန်းခြင်း - လူတိုင်း မတူကွဲပြားမှုများကို ပြုလုပ်နိုင်ကြသော်လည်း အတူတကွလုပ်ဆောင် ခြင်းဖြင့် အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ နှစ်စဥ်နှစ်တိုင်းတွင် အာရှဒေသတစ်လွှားမှ Manulife ဝန်ထမ်းအသီးသီးက သွေးလှူဒါန်းခြင်းကို လုပ်ဆောင်လျက်ရှိကြသည်။ ပြီးခဲ့သော ၂၀၁၉ခုနှစ် အောက်တိုဘာလတွင်မူ Manulife ဗီယက်နမ်မှ သွေးလှူဒါန်းခြင်း အနှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ‘Give Blood - Save Life” ကမ်ပိန်းကို ကြက်ခြေနီအသင်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ဟောင်ကောင်ကြက်ခြေနီအသင်း (Hong Kong Red Cross Blood Transfusion Service) နှင့်အတူ နှစ်ပေါင်းလေးဆယ်နီးပါး ဂုဏ်ယူစွာဖြင့် လက်တွဲ ဆောင်ရွက်ခဲ့ပြီး Manulife မှ သောင်းနှင့်ချီသည့် သွေးလှူရှင်များကို ထွက်ပေါ်စေခြင်းဖြင့် စံချိန်တစ်ခုသို့ ရောက်ရှိမှတ်တမ်းတင်နိုင်ခဲ့သည်။
  • ကျန်းမာပြီးတက်ကြွသည့်နေထိုင်မှုပုံစံဖြစ်လာစေရန်လမ်းညွှန်ခြင်း – ကျန်းမာပြီး တက်ကြွလန်းဆန်းသည့် လူနေမှုပုံစံကိုထောက်ခံအားပေးသူတစ်ဦးဖြစ်သည့်အားလျော်စွာ ၂၀၁၇ခုနှစ်တွင် Manulife-Sinochem Life Insurance Co., Ltd. (MSL)သည် NBA China နှင့်လက်တွဲခဲ့သည့် ပထမဆုံးသော အာမခံဝန်ဆောင်မှုပေးသူဖြစ်လာခဲ့သည်။ နှစ်များစွာ အတူတကွပူးပေါင်းဆောင် ရွက်မှုများအတွင်းမှ တစ်စိတ်တစ်ဒေသအဖြစ် MSL က NBA နှင့်အတူ တရုတ်နိုင်ငံတွင်းရှိ အထက်တန်းကျောင်းဘတ်စကတ်ဘောကွင်း ၃ ကွင်းအား ပြန်လည်ပြင်ဆင်ခြင်းနှင့် လှူဒါန်းခြင်း၊ ဘတ်စကတ်ဘောကွင်းအသင်းများ ဆောက်လုပ်ခြင်းအပြင် NBA မှ ကျွမ်းကျင်နည်းပြများကိုခေါ်ယူ၍ ဘတ်စကတ်ဘောဝါသနာပါသည့် ကျောင်းသားများအား လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်။
  • ကလေးငယ်များအတွက်ပံ့ပိုးခြင်း - ချို့တဲ့နွမ်းပါးသောကလေးငယ်များ၏ ဘဝများကို အပြောင်းအလဲဖြစ်စေရန်အလို့ငှာ Manulife ကမ္ဗောဒီးယားမှာ အမျိုးသားအိုလံပစ်ကော်မတီ(ကမ္ဗောဒီးယား) မှ စီစဥ်သော Angkor Wat International Half Marathon အား အဓိကပံ့ပိုးကူညီသူအဖြစ် ၅ နှစ်သက်တမ်းစာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့သည်။ ယနေ့အချိန်အထိ အဆိုပါပြိုင်ပွဲ တွင် ကမ္ဘာတစ်ဝန်းမှ Manulife ဝန်ထမ်းများက ပါဝင်ဆင်နွှဲလျက်ရှိပြီး Siem Reap ရှိ Angkor ကလေးဆေးရုံအတွက် အမေရိကန်ဒေါ်လာ သုံးသိန်းကျော်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ် သည်။ အဆိုပါဆေးရုံမှာ နေ့စဥ် လူနာ ၅၀၀ ခန့်ကို အထွေထွေ၊ အထူးကုနှင့် အထူးကြပ်မတ်ကုသ မှုများဖြင့် ကြည့်ရှုစောင့်ရှောက်နေရခြင်းလည်းဖြစ်သည်။ အဆိုပါဆေးရုံမှာ ကမ္ဗောဒီးယားနိုင်ငံတွင်း ကလေးအထူးကုဆရာဝန်လောင်းများအတွက် သင်ကြားပေးနေသည့် ဆေးရုံသုံးခုအနက်မှ တစ်ခုလည်းဖြစ်ပြီး ၎င်းကိုထောက်ပံ့ပေးခြင်းအားဖြင့် ကမ္ဗောဒီးယား၏ အနာဂတ်မျိုးဆက်သစ်များအတွက် ကျန်းမာရေးစောင့်ရှောက်ပေးမှုတစ်ခုလည်းဖြစ်စေသည်။ ရန်ပုံငွေကြိုးပမ်းရှာဖွေမှုများမှာ အထူးသဖြင့် ကမ္ဗောဒီးယားရှိ ချို့တဲ့နွမ်းပါးသူ ကလေးငယ်များအတွက် ၎င်းတို့၏ မိသားစု ဝင်များမှ ကုန်ကျမှုမရှိစေရန်အတွက်ကိုလည်း ရည်ရွယ်ခြင်းဖြစ်သည်။
  • ဗီယက်နမ်နိုင်ငံရှိလူထုနှင့်ထိတွေ့ဆောင်ရွက်ခြင်း - တစ်ထောင်နီးပါးခန့်ရှိသော Manulife ဗီယက်နမ်၏ ဝန်ထမ်းများက ၂၀၁၉ခုနှစ်တွင် Da Nang မြို့၌ ကျင်းပခဲ့သော Team Building Day တွင် အမျိုးမျိုးသော လူမှုအကျိုးပြုလုပ်ငန်းများစွာတွင် ပါဝင်ခဲ့ကြသည်။ အဆိုပါအဖွဲ့မှာ ကမ်းခြေတစ်လျှောက် သန့်ရှင်းရေးအတွက် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး Da Nang မြို့ရှိ Hope Village မှ ချို့တဲ့သူကလေးငယ်များအတွက် အဖိုးတန်ပြီး အဓိပ္ပါယ်ရှိသည့် လက်ဆောင်များ ပေးခဲ့ကြသည်။
  • လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့်လှုပ်ရှားမှုများ - ၁၉၉၈ ခုနှစ်တွင် Manulife မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရန် Manulife Care Foundation (YMP) ကို စတင်ထည်ထောင်ခဲ့သည့်အပြင် Manulife အင်ဒိုနီးရှားမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံအတွင်း လူမှုအထောက်အကူပြုလှုပ်ရှားမှုများကို အင်တိုက်အားတိုက်ဖြင့် စတင်လုပ် ဆောင်ခဲ့သည်။ ၂၀၁၈ခုနှစ်တွင်မူ ဖောင်ဒေးရှင်း၏ ရန်ပုံငွေများတိုးပွားလာခဲ့ပြီး ငလျင်ဒဏ်နှင့် ဆူနာမီဒဏ်သင့်ခဲ့သည့် အနီးပတ်ဝန်းကျင်မှ Banten၊ Lombok နှင့် Central Sulawesi တို့ကိုပါ ထောက်ပံ့မှုပြုနိုင်ခဲ့သည်။ ဆေးဝါးများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အသင့်စား အစားအသောက်များကိုလည်း Banten မြို့အတွက် ထောက်ပံ့ပေးခဲ့သည်။ ထို့အတူ အားကစားဝတ်စုံများနှင့် ကျောင်းသင်ထောက်ကူပစ္စည်းများကိုလည်း Lombok ရှိ မူလတန်းကျောင်းများသို့ လည်ကောင်း၊ သဘာဝဘေးဒဏ်သင့်ခဲ့သည့် Central Sulawei မှ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ဝန်ထမ်းများအချင်းချင်းက ယာယီနားခိုစရာအိမ်များ ထောက်ပံ့ခဲ့ကြသည်။
 

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက 

  • ပါရမီရှင်များကိုချီးကျူးဂုဏ်ပြုခြင်းနှင့် မတူကွဲပြားမှုများအပေါ် အားပေးလက်ခံခြင်း

    ပြောင်းလဲတိုးတက်လာသည့် Manulife ၏ အောင်မြင်မှုအတွက် အခြေခံကျသည့်အချက်မှာ ခေတ်အလိုက်ပြောင်းလဲလာသည့်ယဥ်ကျေးမှုဓလေ့များကို အားပေးမြှင့်တင်ခြင်းဖြစ်ပြီး ယင်းတို့တွင် ဝန်ထမ်းများအကြား စေ့စပ်ညှိနှိုင်းခြင်း၊ အရည်အချင်းနှင့်အလားအလာရှိသူများကို ကမ်းလှမ်း၍ ကျွန်ုပ်တို့နှင့်အတူ အတူတကွလုပ်ဆောင်စေခြင်းတို့ ပါဝင်သည်။

    ဆက်လက်ဖတ်ရှုရန်
  • ပိုကောင်းတဲ့အနာဂတ်တွေအတွက် Hero Advisor တွေနဲ့ အခုပဲ ဆက်သွယ်မယ်

    ဘယ်အသက်အာမခံအမျိုးအစားက သင့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကိုတော့ Manulife Myanmar ရဲ့ Hero Agent တွေဖြစ်တဲ့ အကောင်းဆုံး အာမခံအကြံပေး ပုဂ္ဂိုလ်တွေက ဆွေးနွေးပေးဖို့အသင့်ဖြစ်နေပါပြီ။ 

     

    ဆက်လက်ဖတ်ရှုရန်
  • ပိုကောင်းတဲ့အနာဂတ်တွေအတွက် Hero Advisor တွေနဲ့ အခုပဲ ဆက်သွယ်မယ်

    သင့်အတွက် ဘယ်အသက်အာမခံအမျိုးအစားက သင့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကိုတော့ Manulife Myanmar ရဲ့ Hero Agent တွေဖြစ်တဲ့ အကောင်းဆုံး အာမခံအကြံပေး ပုဂ္ဂိုလ်တွေက ဆွေးနွေးပေးဖို့အသင့်ဖြစ်နေပါပြီ။ 

    ဆက်လက်ဖတ်ရှုရန်
အားလုံးကြည့်ရှုရန်