သင့်ကျန်းမာရေးဆိုတာ သင်ပိုင်ဆိုင်သမျှထဲက အကောင်းဆုံးအရာတစ်ခုဖြစ်လို့ သင့်ကျန်းမာရေးကို ကြိုတင် ကာကွယ်ထားခြင်းဖြင့် စိတ်နှလုံးအေးချမ်းမှုကို ရရှိနိုင်စေမှာ ဖြစ်ပါတယ်။ Manulife အဆင့်မြှင့်တင်ထားသော ပြင်းထန်ရောဂါအာမခံအစီအစဉ်က သင့်ဘဝကို စိတ်နှလုံး ချမ်းမြေ့စွာနဲ့ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးစွာ နေထိုင်နိုင်ရေးကို အကူအညီပေးရန် စီစဉ်ရေးဆွဲထားပြီး ပြီးပြည့်စုံသော အကျိုးသက်ရောက်မှု ရှိစေသောကြောင့် ယုံကြည်မှုရှိရှိ နေထိုင်နိုင်ရန် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
မှတ်ချက်: Manulife အဆင့်မြှင့်တင်ထားသော ပြင်းထန်ရောဂါအာမခံသည် ထပ်တိုးအာမခံအမျိုးအစားတစ်ခု ဖြစ်ပြီး Manulife ဘဝအာမခံ၊ Manulife ကျန်းမာသုခအသက်အာမခံတို့နှင့် တွဲဖက်ဝယ်ယူပြီး အာမခံထားနိုင်မှာဖြစ်ပါတယ်။
အာမခံထားသူသည်အနေနဲ့ ရှိပြီးသား CI ပေါ်လစီကို ပြင်ဆင်ပြီး အဆင့်မြှင့်တင်ထားသော ပြင်းထန်ရောဂါအာမခံ (ECI) ကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အဆင့်မြှင့်တင်ထားသော ပြင်းထန်ရောဂါအာမခံ (ECI) ထပ်တိုးအာမခံကို (MP/MCP) အခြေပြုအစီအစဥ် ပေါ်လစီအသစ်နဲ့သာ ထပ်မံတွဲဖက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
တွဲဖက်လို့မရနိုင်ပါ။ အဆင့်မြှင့်တင်ထားသော ပြင်းထံရောဂါအာမခံ (ECI) rider ကို ရှိပြီးသား အခြေပြုအစီအစဥ် ပေါ်လစီတွင် တိုက်ရိုက်တွဲဖက်၍ မရပါ။ အဆင့်မြှင့်တင်ထားသော ပြင်းထံရောဂါအာမခံ (ECI) rider ကို ရယူလိုပါက (MP/MCP) အခြေပြုအစီအစဥ်အသစ်တစ်ခုနှင့် ဝယ်ယူရန် လိုအပ်ပါတယ်။
· အစောပိုင်းရောဂါများ (ဥပမာ - ကင်ဆာကနဦးအဆင့်၊ နှလုံးစက်တပ်ဆင်ခြင်း) — အာမခံထားငွေ၏ ၂၅ ရာခိုင်နှုန်းခန့်သာ ပေးချေသွားမည်ဖြစ်ပါသည်။
· နောက်ဆုံးအဆင့်ရောဂါများ — အာမခံထားငွေအပြည့် ၁၀၀ ရာခိုင်နှုန်းကို (ကနဦးအဆင့်ပြင်းထန်ရောဂါ အကျိုးခံစားခွင့်ပေးချေထားခြင်းမရှိပါက) ပေးချေသွားမည်ဖြစ်ပါသည်။
Early-stage နဲ့ late-stage Critical Illness (CI) ရောဂါတွေက တူညီနေဖို့ မလိုအပ်ပါဘူး။
ရပါတယ်။ အဆင့်မြှင့်တင်ထားသော ပြင်းထန်ရောဂါအာမခံ (ECI) rider မှာ ပြည်ပဆေးကုသမှုအတွက် လျော်ကြေးတောင်းခံနိုင်ပါတယ်။ သို့သော် လျော်ကြေးတောင်းခံမှုအတွက် တင်သွင်းသောစာရွက်စာတမ်းများ အနေနဲ့ ECI ပေါ်လစီစာချုပ်တွင် ဖော်ပြထားသော သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်။
အာမခံထားသူသည် တောင်းခံခဲ့သော Critical Illness (CI) Disease သည် ပေါ်လစီတွင်ဖော်ပြထားသော Chronic Disease သတ်မှတ်ချက်နှင့် ကိုက်ညီပါက Chronic Disease အကျိုးခံစားခွင့်ကို ဆက်လက်တောင်းခံ နိုင်ပါသည်။ ထို့အပြင် အဆင့်မြှင့်တင်ထားသော ပြင်းထန်ရောဂါအာမခံ (ECI) rider အောက်ရှိ CI ရောဂါတစ်ခုခုကြောင့် ဖြစ်ပွားသော ဆေးရုံတက်ကုသမှုအတွက် ကုန်ကျစရိတ်များသည် MCP ပေါ်လစီအရ ဆေးရုံတက်ကုသမှုအကျိုးခံစားခွင့်အောက်တွင် တောင်းခံခွင့် ရှိပါသည်။ သို့သော် ပေါ်လစီ၏ စည်းမျဉ်းနှင့်သတ်မှတ်ချက်များအတိုင်းသာ ဖြစ်ရမည်ဖြစ်ပါသည်။