အနာဂတ်အတွက် အရေးကြီးတဲ့ အရာတစ်ခုအကြောင်း အသေးစိတ် ဆွေးနွေးကြည့်ကြရအောင်။ ဘာလဲဆိုတော့ ငွေကြေး စီမံမှုပဲပေါ့။ ငွေစုတာနဲ့ အာမခံထားတာ နှစ်ခုဟာ ငွေရေးကြေးရေးကိစ္စတွေ တိုင်ပင်ပြီဆိုရင် အမြဲ ပါနေကျ ကိစ္စလေးတွေပေါ့။ တကယ်တော့ ငွေစုတာနဲ့ အာမခံထားတာဟာ ကောင်းကွက်ကိုယ်စီနဲ့ မတူညီကြပေမဲ့ ပေါင်းလိုက်ရင် အရမ်းမိုက်တဲ့ စုံတွဲလေးလိုပါပဲ။
အာမခံဆိုတာကို ယုံကြည်ရတဲ့ သူငယ်ချင်းတစ်ယောက်လို တွေးကြည့်လိုက်ပါ။ အနာဂတ်မှာ လုပ်ချင်တဲ့ စွန့်စားခန်းတွေအတွက်၊ အရေးပေါ် အခြေအနေတွေအတွက်၊ ဒါမှမဟုတ် မျှော်လင့်ချက်နဲ့ အိပ်မက်တွေအတွက် ဖယ်ထားတဲ့ ပမာဏတစ်ခုပေါ့။ တချို့ငွေလေးတွေကို ဖယ်ထားတယ်၊ စုရင်း များများလာမယ်၊ ပြီးရင် လိုအပ်တဲ့အချိန် အသုံးချမယ်ပေါ့နော်။ အရေးအကြောင်း ရှိလာတဲ့ နေ့တွေ ဒါမှမဟုတ် ကိုယ်မျှော်လင့်ထားတဲ့ ခရီးစဉ်တွေအတွက် တစ်ရက်ပြီးတစ်ရက် ရတနာ စုဘူးလေး ဖြစ်လာသလိုပါပဲ။
ကိုယ်တွေ ပိုင်ဆိုင်ထားတဲ့ ငွေကြေးအတွက် အာမခံဆိုတာက စူပါဟီးရိုးဝတ်ရုံနဲ့ လူစွမ်းကောင်းကြီးပေါ့။ မတော်တဆဖြစ်စေ၊ ကျန်းမာရေး ပြဿနာဖြစ်စေ၊ အခက်အခဲနဲ့ ရင်ဆိုင်နေရတာဖြစ်စေ၊ ဒီလိုမျိုး မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခုခုဖြစ်လာခဲ့ရင် အကူအညီပေးဖို့ အမြဲရှိနေတဲ့ အရာပါ။
ငွေစုထားသလိုမျိုး ငွေတွေ စုလေ ပိုရလေ ဆိုတာမျိုးထက် ကိုယ် ကြိုးစားထားသမျှကို ကာကွယ်ပေးနိုင်တာ အာမခံပါ။ ဘဝက လောကဓံလှိုင်းတွေ ရိုက်ခတ်လာရင် ငွေကြေးဆိုင်ရာ ဝန်မပိရအောင် ဒိုင်းလေးလို ကာကွယ်ပေးမှာက အာမခံပါပဲ။
အာမခံဆိုတာက ကိုယ့် ပိုင်ဆိုင်မှုတွေ၊ ဝင်ငွေနဲ့ ငွေကြေးဆိုင်ရာ တည်ငြိမ်မှုအတွက် ကူညီပေးနိုင်မယ့် ငွေရေးကြေးရေး အကာအကွယ်တစ်ခုပါ။ မမြင်နိုင်တဲ့ အန္တရာယ်တွေ၊ မသေချာမရေရာမှုတွေကြောင့် ဘဝကို အနှောင့်အယှက်ဖြစ်လာနိုင်ခြေ ရှိလာတာမျိုးတွေ၊ ငွေကြေးဆိုင်ရာ မတည်မငြိမ်ဖြစ်လာမှာတွေကို ကာကွယ်ထားပေးနိုင်ပါတယ်။ ငွေကို ပုံမှန်လေး ဖယ်ထားပြီး အန္တရာယ်ရှိလာနိုင်တဲ့ အခြေအနေတစ်ခုကို ဖြေရှင်းဖို့ အာမခံ ကုမ္ပဏီတစ်ခုကို အပ်ထားလိုက်တဲ့ သဘောပဲပေါ့။ ဒီလို လုပ်လိုက်မယ်ဆိုရင် ဖြစ်လာနိုင်ခြေရှိတဲ့ ဆုံးရှုံးမှုတွေ၊ ပျက်စီးမှုတွေကိုလည်း အာမခံက တာဝန်ယူသွားပေးနိုင်တယ်လေ။ အိမ်၊ကား၊ ကျန်းမာရေးနဲ့ နောက်ဆုံး ကိုယ့်အသက်၊ ဘဝထိတောင် အာမခံက ကာကွယ်ပေးထားနိုင်ပါတယ်။ ခန့်မှန်းလို့ မရတဲ့ ဖြစ်ရပ်တွေအတွက် ငွေကြေးဆိုင်ရာ လုံခြုံမှုကို ပေးတဲ့ ကွန်ရက်လေးတစ်ခုလို ကိုယ်တိုင်နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို ကာကွယ်ပေးထားလို့ ပြန်ပြီး ကြိုးစားရုန်းထဖို့လည်း ပိုလွယ်ကူသွားတာပေါ့။
အာမခံဆိုတာက ကာကွယ်ပေးရုံ တစ်ခုတည်းသာ မဟုတ်ဘူးနော်။ အနာဂတ် လုံခြုံစိတ်ချရမှုအတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုလည်း ဖြစ်နေပါသေးတယ်။ မမြင်ရတဲ့ အနာဂတ် ဖြစ်ရပ်တွေအတွက် ကာကွယ်ပေးထားသလို တကယ် ဖြစ်လာခဲ့သည်ရှိသော် စုငွေတွေကို အလုံးအထည်မပျက် ဆက်ပြီး စုဆောင်းရပ်တည်နိုင်ဖို့ အာမခံက ထောက်ကန်ထားပေးနိုင်ပါတယ်။ ဆိုတော့ အာမခံဆိုတာက ကိုယ်တည်ဆောက်နေတဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်တွေကို ကာကွယ်ပေးနိုင်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုပါပဲ။
ဒီတော့ ငွေစုမယ်ဆိုတာက အနာဂတ်အတွက် ကူရှင်တစ်ခု ဖြစ်ပြီး အာမခံကတော့ မမျှော်လင့်ထားတာတွေ ဖြစ်လာရင် ကာကွယ်ပေးမယ့် ဒိုင်းလေးပါ။ ဥပမာ အားဖြင့် ကားတစ်စီး ဝယ်ဖို့ ငွေစုနေတယ်ဆိုပါစို့၊ အကြောင်းတစ်ခုခုကြောင့် မမျှော်လင့်ထားတဲ့ ကျန်းမာရေး ကုသစရိတ် ကုန်ကျဖို့ လိုလာမယ်ဆိုရင် ကားဝယ်ဖို့ စုထားတဲ့ငွေထဲက မထိရဖို့ အာမခံက ဝင် ကူပေးနိုင်တယ်လေ။ မမျှော်လင့်ထားတဲ့ ကုန်ကျစရိတ်တွေကို အာမခံထားပြီး ကာကွယ်ထားခြင်းက ငွေကြေးအဆင်ပြေမှုကို ရေတိုမှာရော၊ ရေရှည်မှာပါ ကူညီပေးနိုင်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လူတစ်ဦးချင်းစီနဲ့ သူတို့ ပိုင်ဆိုင်မှုတွေကို မမျှော်လင့်ထားတဲ့ အခြေအနေတွေကနေ ကာကွယ်ပေးနိုင်ဖို့ အဓိကအားဖြင့် အာမခံ(၂)မျိုး ရှိပါတယ်။
ကျန်းမာရေးအာမခံဆိုတာကတော့ မြန်မာနိုင်ငံမှာ တွေ့ရများတဲ့ အာမခံတစ်ခုပါပဲ။ ဆေးစရိတ်တွေ၊ ဆေးရုံခတွေနဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ရဖို့ ငွေကြေးဆိုင်ရာ အထောက်အကူ ပေးပါတယ်။ ကျန်းမာရေး ဝန်ဆောင်မှု စရိတ်တွေ တက်လာတာနဲ့အမျှ လူတစ်ဦးချင်းစီနဲ့ မိသားစုဝင်တွေကို မမျှော်လင့်ထားတဲ့ ကျန်းမာရေး စရိတ်တွေ ထောင်းတာမျိုး မဖြစ်ရအောင်နဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို အချိန်မီ၊အချိန်မှန်ရဖို့အတွက် ကျန်းမာရေး အာမခံတွေ ထားလာကြပါတယ်။
အသက်အာမခံကတော့ မြန်မာနိုင်ငံက မိသားစုတွေအတွက် ငွေကြေးဆိုင်ရာ စိတ်အေးရစေဖို့ အရေးပါတဲ့နေရာကနေ ကာကွယ်ပေးထားပါတယ်။ အသက်အာမခံပေါ်လစီတွေက အာမခံထားရှိသူတွေ မရှိတော့တဲ့အချိန်မှာ အာမခံအကျိုးခံစားခွင့်ရရှိမယ့်သူတွေအတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ပေါ်လစီဝယ်ယူထားသူတွေ မရှိတော့ချိန်မှာတောင်မှ သူချစ်ရတဲ့သူတွေ ငွေကြေးအရ ပူပန်မှု မရှိရလေအောင်၊ သူတို့ နေထိုင်မှုဘဝကို မထိခိုက်ရလေအောင် ကာကွယ်ပေးသွားမှာပါ။
ပညာရေးအာမခံဆိုတာကတော့ မိသားစု အနာဂတ် အစီအစဉ်တွေကို ကူညီပေးဖို့နဲ့ ကလေးတွေရဲ့ အနာဂတ်ပညာရေးမှာ ကူညီပေးနိုင်မယ့် အရာတစ်ခုပါ။ ပညာရေးစရိတ်တွေအတွက် ငွေကြေးဆိုင်ရာ အကူအညီပေးတာမျိုးပေါ့။ အာမခံ ကုမ္ပဏီကို ပရီမီယံကြေး ပုံမှန်လေး သွင်းပေးရုံနဲ့ အာမခံ ကုမ္ပဏီက ကလေးရဲ့ မတူညီတဲ့ ပညာရေးအဆင့်တွေမှာ အသုံးပြုဖို့ ငွေကြေးတစ်ခုကို အကျိုးခံစားခွင့်အနေနဲ့ ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအာမခံကတော့ မိဘတွေအနေနဲ့ သူတို့ ဘဝလမ်းကြောင်းမှာ ကလေးပညာရေးကြောင့် ငွေကြေးအကြပ်အတည်း မဖြစ်ရဘဲ ကလေးတွေ ကောင်းမွန်တဲ့ ပညာရေးကို ရစေဖို့ ကူညီပေးထားတဲ့ အာမခံတစ်ခုပါပဲ။ ဒါဟာ စိတ်အေးချမ်းသာမှု တစ်ခုတည်းအတွက် မဟုတ်ဘဲ ကလေးအနာဂတ်အတွက်ကိုပါ ရေရှည် ရင်းနှီးမြှုပ်နှံမှု လုပ်ထားတာပါ။
ငွေကို စမတ်ကျကျ စုဆောင်းပြီး မှန်ကန်တဲ့ အာမခံကို ရွေးချယ်လို့ ရင်းနှီးမြှုပ်နှံခြင်းက Financial Game ကို ကောင်းကောင်း ထိန်းချုပ်နိုင်တာပါပဲ။ စုဘူးလေးနဲ့ ဒိုင်းလေးကို အတူတူ ထားထားလိုက်သလိုပေါ့။ သူတို့တွေက ငွေကြေး လုံခြုံစိတ်ချရဖို့နဲ့ တိုးပွားလာဖို့ အတူတူ ကူညီပေးနိုင်ပါတယ်။
ဆိုတော့ ရှင်းရှင်းလေးပါပဲ။ ငွေစုခြင်းက အင်ပါယာတစ်ခုကို တည်ထောင်ခြင်းဆိုရင် အာမခံကတော့ ဒီ အင်ပါယာကို မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေကနေ ကာကွယ်သွားမယ့် ဒိုင်းလေးတွေပေါ့။ အတူတူဆိုရင်တော့ အားလုံးရဲ့ ငွေကြေးဆိုင်ရာ အနာဂတ်အတွက် Dream Team စံပြ အဖွဲ့တစ်ခုပါပဲနော်။
Improving Financial Wellbeing
Manulife Myanmar builds financial literacy from a young age, reframes what success looks like and helps kids and their support network.
Don’t want to delay the insurance claim process. How Should I Do?
Don’t want to delay the insurance claim process. How Should I Do?
Let’s Make Contact with Our Hero Advisors, To Be A Better Tomorrow
Let’s Make Contact with Our Hero Advisors, To Be A Better Tomorrow