အခက်အခဲတွေနဲ့ရင်ဆိုင်နေရချိန်မှာ စိတ်ဖိစီးမှုဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ၊ ကြောက်လန့်တာ ဒါမှမဟုတ် ဒေါသထွက်လွယ်တာမျိုးက သာမန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုပါပဲ။ ဒီလိုကာလမျိုးတွေမှာဆို သင့်အတွက် စိတ်ပိုင်းဆိုင်ရာ တစ်စိတ်တစ်ဒေသ အထောက်အကူဖြစ်စေဖို့ သင်တကယ်စိတ်ချယုံကြည်ရတဲ့ လူတွေနဲ့ တွေ့ဆုံပြီး စကားပြောသင့်ပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အမြဲတမ်းအဆက်အသွယ်လုပ်ပါ။
အိမ်မှာနေနေရတယ်ဆိုပေမဲ့ ကျန်းမာတဲ့ ဘဝလူနေမှုပုံစံရရှိဖို့ ခန္ဓာကိုယ်အလေးချိန်ထိန်းတာမျိုး၊ ကောင်းစွာအိပ်စက် အနားယူတာ၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်တာ နဲ့ ချစ်ရတဲ့ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ လူမှုဘဝအကြောင်းတွေကို ဖုန်းနဲ့ဖြစ်ဖြစ်၊ အီးမေလ်းကနေဖြစ်ဖြစ် ဆက်သွယ်ပြီး ရင်ဖွင့်တာမျိုးတွေ လုပ်သင့်ပါတယ်။
စိတ်ခံစားချက်တွေကို ဖြေရှင်းဖို့လိုခဲ့ရင်လည်း ဆေးလိပ်သောက်တာ၊ ဒါမှမဟုတ် အရက်၊ မူးယစ်ဆေးဝါးတစ်မျိုးမျိုးသုံးပြီး ဖြေရှင်းတာက တကယ်အဆင်ပြေစေမှာမဟုတ်ပါဘူး။ အကယ်၍ စိတ်ဖိစီးမှုအရမ်းများလွန်းနေပြီလို့ ယူဆမိရင်တော့ ကျန်းမာရေးဆိုင်ရာဆွေးနွေးမှုစင်တာတွေ သို့မဟုတ် ဆွေးနွေးအကြံပေးသူတွေနဲ့ တိုင်ပင်ဖို့လိုပါတယ်။ ထပ်ပြီး လိုအပ်မယ် ဆိုရင်လည်း စိတ်နဲ့ ခန္ဓာ ကျန်းမာရေးလိုအပ်ချက်များအတွက် အကူအညီရယူဖို့ ကြိုတင်ပြီး အစီအစဉ်ဆွဲထားသင့်ပါတယ်။
အချက်အလက်တွေကို ရှာဖွေရယူထားပါ။ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ ကြိုတင်ကာကွယ်မှုတွေ ပြင်ဆင်ထားနိုင်ဖို့အတွက် ကြုံတွေနိုင်တဲ့အန္တရာယ်ကို အတိအကျ ခန့်မန်းပေးနိုင်မယ့် အချက်အလက်တွေကို စပြီးစုဆောင်းထားဖို့ လိုပါတယ် ။ WHO ဝက်ဘ်ဆိုက် (သို့) ဒေသခံ (သို့) ပြည်နယ်ကျန်းမာရေးဌာန အစရှိတဲ့ သင်ကိုယ်တိုင် ယုံကြည်စိတ်ချနိုင်တဲ့ အရင်းအမြစ်ကို ရှာဖွေထားပါ။
ကိုယ်ကိုတိုင်နဲ့ ကိုယ့်မိသားစုဝင်တွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်မယ်လို့ သင်ယူဆထားတဲ့ သတင်းမီဒီယာ အချက်အလက်တွေကို ကြည့်ရှုတာ ဒါမှမဟုတ် နားထောင်တာ စတာတွေကို ကန့်သတ်ထားခြင်းကလည်း စိုးရိမ်ပူပန်မှုနဲ့ စိတ်လှုပ်ရှားမှုတွေကို တတ်နိုင်သမျှလျော့နည်းစေပါလိမ့်မယ်။
သင်နှင့်သင်ချစ်ရသူများကို ကိုဗစ်ကူးစက်ခံရခြင်းမှ ဘယ်လိုကာကွယ်ရမလဲ၊ ကိုဗစ်ကူးစက်မှု မခံရအောင် ဘယ်လိုနည်းလမ်းမျိုးတွေလုပ်သင့်သလဲ?
သင်နှင့်သင်ချစ်ရသူများကို ကိုဗစ်ကူးစက်ခံရခြင်းမှ ဘယ်လိုကာကွယ်ရမလဲ၊ ကိုဗစ်ကူးစက်မှု မခံရအောင် ဘယ်လိုနည်းလမ်းမျိုးတွေလုပ်သင့်သလဲ?
မေမေတို့ဖတ်ဖို့
မိခင်တွေဆိုတာ သားသမီးတွေနဲ့ မိသားစုအတွက် အမြဲတမ်းတွေးတောပေးတတ်ကြသူတွေဖြစ်တာကြောင့် သူတို့အတွက် ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာနဲ့ ပင်ပန်းနွယ်နယ်မှု၊ စိတ်ပင်ပန်းပူပင်မှု၊ ကြောက်ရွံ့မှုတွေက အတူဒွန့်တွဲ လွှမ်းမိုးထားလျက်ရှိ နေတတ်ကြပါတယ်။ ဒီလိုကိစ္စရပ်မျိုးတွေက မိခင်တိုင်းလိုလို ကြုံကြရတာမို့ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။
အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ ပြင်းထန်ရောဂါတွေအတွက် အသင့်ပြင်ဆင်ပြီးပြီလား
Manulife က မြန်မာနိုင်ငံမိသားစုတွေအတွက် ပြင်းထန်တဲ့ရောဂါတွေနဲ့ တွေ့ကြုံလာရတဲ့အခါ အသင့်လျော်ဆုံး အာမခံနှင့် ငွေကြေးဆိုင်ရာ အကြံပြုချက်တွေကို ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။