အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

မေမေတို့ဖတ်ဖို့ 

မိခင်တွေဆိုတာ သားသမီးတွေနဲ့ မိသားစုအတွက် အမြဲတမ်းတွေးတောပေးတတ်ကြသူတွေဖြစ်တာကြောင့် သူတို့အတွက် ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာနဲ့ ပင်ပန်းနွယ်နယ်မှု၊ စိတ်ပင်ပန်းပူပင်မှု၊ ကြောက်ရွံ့မှုတွေက အတူဒွန့်တွဲ လွှမ်းမိုးထားလျက်ရှိ နေတတ်ကြပါတယ်။ ဒီလိုကိစ္စရပ်မျိုးတွေက မိခင်တိုင်းလိုလို ကြုံကြရတာမို့ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။

သားသမီးအတွက် ပြုစုပျိုးထောင်ပေးဖို့ အချိန်များစွာလိုအပ်သလို မိခင်တွေကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ် စိတ်ရော၊ ကိုယ်ပါ ဂရုတစိုက်နဲ့ ကျန်းမာစေဖို့ အချိန်တစ်ခုလိုအပ်တဲ့အတွက် အောက်မှာပါတဲ့ အချက် ၅ ချက်အတိုင်း လိုက်ပါဆောင်ရွက်ဖို့ အကြံပြုပါရစေ။

(၁) အားလပ်ချိန်လေး ကိုယ့်အတွက်ပေး

“ငါ့ကလေးအတွက် ငါရှိနေမှကိုဖြစ်မှာ” “မိသားစုအတွက် ငါရှိဖို့လိုတယ်”  

အပေါ်ကလို စကားတွေနဲ့ မိခင်တွေတိုင်းက သူတို့ရဲ့ နေ့ရက်တွေကို အလုပ်ကိစ္စတွေအပြင် မိသားစုကိစ္စတွေနဲ့ပါ ရှုတ်ယှက်ခတ် ပြီးဖြတ်သန်းကြရလေ့ရှိပါတယ်။ မိသားစုအရေးက ရှောင်လွှဲမရနိုင်တဲ့ အရေးကြီးကိစ္စအဖြစ် ခံယူထားကြပေမဲ့ မိခင်တွေ အတွက် ကိုယ့်ကိုကိုယ်အချိန်ပေးဖို့ ဆိုတာကလည်း ထည့်သွင်းစဥ်းစားဖို့ လိုအပ်တဲ့အရာပါ။ ကိုယ့်အတွက်ကို အားလပ်ချိန် ပေးလိုက်ခြင်းက စိတ်ရော၊ ကိုယ်ပါ အနားယူနိုင်ဖို့အတွက်ဖြစ်လို့ ဒီအချိန်တွေအတွက် ကိုယ့်ကိုကိုယ် စိတ်မလုံမလဲဖြစ်နေဖိို့ လည်း မလိုပါဘူး။

အနားယူတယ်ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်အတွက် နဲ့ စိတ်အတွက်ဆိုပြီး ကွဲပြားတဲ့နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။ အေးအေး လူလူလမ်းလျှောက်ထွက်တာမျိုးဖြစ်ဖြစ်၊ ခန္ဓာကိုယ်ကိုအညောင်းအညာပြေစေတဲ့ အားကစားတမျိုးမျိုးလုပ်တာဖြစ်ဖြစ်၊ ဒါမှ မဟုတ် သူငယ်ချင်း‌တွေနဲ့ တွေ့တာမျိုး စတဲ့ ကိုယ့်အတွက်ကို အားလပ်ချိန်တစ်ခု ပြည့်ပြည့်ဝဝ ပြန်ပေးလိုက်တယ်ဆိုတဲ့အရာ က မိခင်တစ်‌ယောက်အတွက် ကိုယ့်ကလေးနဲ့မိသားစုအတွက် လုပ်ဆောင်စရာရှိတာ‌တွေ ပြန်ပြီးလုပ်ဆောင်ဖို့ရာ ခွန်အားသစ် တွေပြန်လည်ရရှိစေလို့ပါပဲ။

(၂) ပူပန်မှုတွေလျှော့ချမယ်၊ အစီအစဥ်တကျပိုလုပ်မယ်

စိုးရိမ်ပူပန်မှုတွေဆိုတာ မိခင်ဖြစ်လာသူတွေနဲ့အတွေ့အကြုံဆိုတဲ့ခေါင်းစဥ်အောက်မှာ တသားတည်းကျနေပြီးသားဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က Ipsos က အာရှနိုင်ငံ ၅ နိုင်ငံမှာ ကောက်ယူခဲ့တဲ့စစ်တမ်းရဲ့အဖြေအရ မိခင် တွေက သားသမီးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်မှုက ဖခင်တွေထက် တစ်ကြိမ်ပိုတယ်ဆိုတာနဲ့ မိဘနှစ်ပါးရဲ့ စိုးရိမ်ပူပန်မှုတွေ က မတူညီကြဘူးဆိုတာကို ပြသခဲ့ပါတယ်။

မရောက်လာသေးတဲ့ အနာဂတ်တွေအတွက် ကြိုတင်ပူပန်နေမယ့်အစား မသေချာမရေရာတာတွေအပေါ် ပူပန်ရတာတွေကို လျှော့ချဖို့ တက်တက်ကြွကြွရှိတဲ့ခြေလှမ်းတွေနဲ့ သေချာတဲ့အရာတွေကို စတင်စီစဥ်ပြီးလုပ်ဆောင်ထားဖို့လိုပါတယ်။ အနာဂတ်အတွက် မသေချာမရေရာမှုတွေအထဲမှာမှ ငွေကြေးဆိုင်ရာမသေချာမှုတွေအတွက်ကိုတော့ အသက်အာမခံဝယ်ယူ ထားခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ။

(၃) အဆိုးအတွေး၊ အတွေးအဆိုးတွေ လျှော့ချမယ်

မိခင်တစ်ယောက်အတွက် သားသမီးတွေရဲ့ ပျော်ရွှင်မှုတွေအပြင် အခြားစိန်ခေါ်မှုတွေကိုလည်း အချိန်တိုင်းမှာ တွေ့ကြုံနေကြရ စမြဲပါ။

ကိုယ့်ကိုကိုယ်နွေးထွေးကြင်နာဖို့ မမေ့ပါနဲ့။

တစ်ခါတစ်ရံမှာ အပြစ်ရှိသလိုခံစားရတာ၊ စိတ်တိုတာ၊ ‌ဒေါသထွက်တာ စသဖြင့် အဲ့လိုခံစားရတဲ့အခိုက်အတန့်တွေကို ကျော် ဖြတ်ရတဲ့အခါတိုင်း ဒီအရာတွေကြောင့် ကိုယ်ရလိုက်တဲ့ ခံစားမှုတွေကို လက်သင့်ခံရမှာဆိုပေမဲ့ ကိုယ့်ကိုကိုယ် ငြင်ငြင်သာသာ တွေးပေးဖို့လိုသလို အဲ့ဒီအရာတွေနဲ့အတူပါလာမယ့် ခံစားချက်တွေကိုတော့ လွှတ်ချလိုက်ဖို့လိုပါတယ်။ အတွေးအဆိုးတွေ၊ အဆိုးအတွေးတွေကို ကျော်ဖြတ်နိုင်ဖို့ အကောင်းမြင်စိတ်ထားဖို့နဲ့ ဇွဲလုံ့လလိုအပ်သလို ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ရမယ် ဆိုပြီး မိခင်တစ်ဦးအနေနဲ့ ကိုယ့်စိတ်ထဲမှာ ရှုထောင့်တစ်ခုလို ထည့်သွင်းစဥ်းစားထားသင့်ပါတယ်။

(၄) ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး

ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိန်းသိမ်းခြင်းကလည်း ကိုယ့်ကိုကိုယ့် တန်ဖိုးထားစောင့်ရှောက်ခြင်းရဲ့ နောက်ထပ် သော့ချက် တစ်ခုဖြစ်ပါတယ်။ သားသမီးတွေရဲ့ ကျန်းမာခြင်းအတွက် အထူးဂရုပြုနေချိန်တွေမှာဆိုရင်တောင် ကိုယ့်ရဲ့ အာဟာရအတွက် ကိုလည်း လျစ်လျူရှု မထားသင့်ပါဘူး။ ဒါကြောင့် ကိုယ့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ ပြင်ဆင်တာ မျိုး၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန် အနည်းအကျဥ်းလောက်ဖယ်ထားဖို့ လိုပါတယ်။

(၅) အထောက်အပံ့ကောင်းများဖွေရှာရင်း ဘဝခရီးအတွက် ကိုယ်ပိုင်အစီအစဥ်များ ချမှတ်ပါ

မိခင်တစ်ယောက်ဖြစ်လာပြီဆိုကတည်းက ကိုယ့်ရဲ့ဘဝအချိန်တွေနဲ့ ခွန်အားတွေကို တပါးသူတွေအတွက် ဖဲ့ပေးလိုက်ရပြီမို့ ကိုယ်ပိုင်အချိန်တွေဆိုတာ နည်းပါးသွားရစမြဲပါ။ နေ့ရက်တွေတိုင်းကို မိခင်တစ်ယောက်အဖြစ် ကုန်ဆုံးရတဲ့အခါ စိုးရိမ်မှုတွေ၊ စိတ်ပင်ပန်းမှုတွေနဲ့ သောကတွေကြားထဲမှာ ပိတ်မိပြီး ကိုယ်ကိုတိုင်က ပျောက်ဆုံးနေသလိုမျိုး ခံစားရစေပါတယ်။ ဒီလို ခရီးလမ်းမျိုးကို သင်တစ်ယောက်တည်း ဖြတ်သန်းနေရတယ်သဘောမထားဘဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ချစ်ရသူတွေနဲ့ အတူ တကွဖြတ်သန်းဖို့ ပြင်ဆင်လုပ်ဆောင်ဖို့လိုပါတယ်။ ဒါ့အပြင် တခြားသော မိခင်တွေနဲ့လည်း စကားပြောကြည့်တာမျိုး၊ ကိုယ် စိုးရိမ်နေရတဲ့ အရာတွေနဲ့ ကိုယ့်ရဲ့ သားသမီးအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကို သူတို့နဲ့ အတူတကွမျှဝေပြောဆိုမယ်ဆိုရင် သင့်ရဲ့အတွေးရှုထောင့်တွေက အကောင်းဘက်ကို ပြောင်းလဲလာစေနိုင်ပါတယ်။ ကိုယ်တစ်ဦးတည်းမဟုတ်ဘူးဆိုပြီး သိရတဲ့ အသိက၊ မိခင်တွေအတွက် စိတ်ခွန်အားရရှိစေသလို တပါးသူတွေက သူတို့ရဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ဘယ်လိုမျိုး ကျော် ဖြတ်နိုင်ခဲ့တယ်ဆိုတာတွေကို ကြားသိရချိန်တွေမှာတော့ သင်က သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချလိုက်နိုင်မှာပါ။

Reference: Self-Care Guide for Mothers (manulife.com.sg)

စာဖတ်သူနှင့် သင့်တော်နိုင်မည့် အာမခံအမျိုးအစားများ

Protection

သင်နှင့်သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှုနှင့် အကာအကွယ်ပေးဖို့  Manulife ရဲ့ဘ၀အာမခံ

Protection

အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ သင့်မိသားစုအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် Manulife ရဲ့ ပြင်းထန်‌ရောဂါအာမခံနဲ့ ကာကွယ်ထားနိုင်ပါတယ်။

  • အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ ပြင်းထန်ရောဂါတွေအတွက် အသင့်ပြင်ဆင်ပြီးပြီလား

    Manulife က မြန်မာနိုင်ငံမိသားစုတွေအတွက် ပြင်းထန်တဲ့ရောဂါတွေနဲ့ တွေ့ကြုံလာရတဲ့အခါ အသင့်လျော်ဆုံး အာမခံနှင့် ငွေကြေးဆိုင်ရာ အကြံပြုချက်တွေကို ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။

    ဆက်လက်ဖတ်ရှုရန်
  • COVID-19 ကာကွယ်ဆေးမထိုးခင်နဲ့ ထိုးပြီးချိန် ဘာတွေလုပ်ဖို့လိုအပ်မလဲ

    COVID-19 ကာကွယ်ဆေးထိုးဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေရှိသလို ထိုးပြီးချိန်မှာလည်း ဘာတွေလုပ်ဆောင်သင့်တယ်၊ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကို Manulife Myanmar က ဝေမျှပေးလိုက်ပါတယ်။

    ဆက်လက်ဖတ်ရှုရန်
  • အခက်အခဲကာလအတွင်းမှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ?

    အခက်အခဲတွေနဲ့ရင်ဆိုင်နေရချိန်မှာ စိတ်ဖိစီးမှုဖြစ်တာ၊ စိတ်ရှုပ်ထွေးတာ၊ ကြောက်လန့်တာ ဒါမှမဟုတ် ဒေါသထွက်လွယ်တာမျိုးက သာမန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုပါပဲ။ 

    ဆက်လက်ဖတ်ရှုရန်
အားလုံးကြည့်ရှုရန်

Manulife အသက်အာမခံအမျိုးအစားများအကြောင်း ပိုမိုသိရှိလိုပါက