အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

အပျော်တွေ...ပျောက်နေပြီလား 

အပျော်တွေ...ပျောက်နေပြီလား

ပျော်ရွှင်ခြင်းတွေပြည့်နှက်နေတဲ့အခါ ‌နေ့ရက်တိုင်းကို တက်ကြွတဲ့စိတ်ခွန်အားတွေနဲ့ ဖြတ်သန်းနိုင်ကြစမြဲပါ။

အမြဲတမ်းတော့ ပျော်ရွှင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းရော ကိုယ့်ဘာသာကို မေးကြည့်နေမိပြီလား။ ပျော်ရွှင်မှုရရှိလာဖို့ အရင်းအမြစ်တွေက အဝေးကြီးမှာရှာစရာမလိုပါဘူး။ ဒီတော့ သင်က ပျော်ရွှင်ပြီးနေရတာကို သဘောကျနှစ်သက်သူဆိုရင် အခုပဲ အောက်မှာရေးထားတဲ့ ပျော်ရွှင်ဖို့ရာ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကို မြင့်တက်စေမဲ့ နည်းလမ်းတွေကို လိုက်လုပ် ကြည့်ရအောင်။

ပျော်ရွှင်ခြင်းကိုပေးတဲ့ Dopamine

စိတ်ကိုကြည်လင်စေတဲ့ Dopamine ဟော်မုန်းက ခန္ဓာကိုယ်ထဲ မြင့်တက်လာတာနဲ့အမျှ စိတ်ကို ကြည်လင်စေပြီး ကောင်းမွန် တဲ့ စိတ်ခံစားမှုတွေကိုရမှာပါ။ ဒီတော့ Dopamine ဟော်မုန်းမြင့်လာဖို့ဆို အောက်က အချက် (၄) ချက်ကို လုပ်ရုံပါပဲ။

  • အိပ်ရေးဝဝအိပ်မယ်
  • ကိုယ့်စိတ်ကြိုက်သီချင်းတွေနားထောင်မယ်
  • အရသာရှိတဲ့ အစားအသောက်ကောင်းတွေ စားမယ်
  • နံနက်ခင်းနေရောင်နွေးနွေးအောက်မှာ ကိုယ်လက်လှုပ်ရှားမယ်

စိတ်ဖိစီးမှုလျော့ချပေးမဲ့ Endorphin

လူသားတိုင်းမဖြစ်မနေကြုံရမှာက စိတ်ဖိစီးခြင်းပါ။ တစ်ချိန်မဟုတ်တစ်ချိန် ကြုံလာရနိုင်တဲ့ စိတ်ဖိစီးမှုကို ရှောင်လွှဲမရနိုင် သော်ငြား လျော့ချဖို့ကိုတော့ တတ်နိုင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ထဲမှာ Endorphin ဟော်မုန်းမြင့်တက်လာတာနဲဲ့အမျှ စိတ်ဖိစီးမှု က လျော့ကျသွားမှာဖြစ်လို့ အောက်က အချက်တွေကို စိတ်ဖိစီးတဲ့အချိန်တိုင်း လုပ်ကြည့်ဖို့မမေ့ပါနဲ့။

  • များများရယ်ပါ
  • ကိုယ်ချစ်မြတ်နိုးရသူတွေနဲ့ အတူရှိပါ
  • စိတ်တည်ငြိမ်စေမဲ့ တရားထိုင်ခြင်းမျိုးကိုလုပ်ပါ
  • သီချင်းတွေဆိုပြီး ကခုန်ပစ်ပါ

အပူအပင်တွေဝေး စိတ်အေးစေမဲ့ Serotonin

သောကတွေပိနေတဲ့ စိတ်ကြီးနဲ့တော့ ပျော်ရွှင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ သောကကင်းဝေးပြီး စိတ်တည်ငြိမ်အေးချမ်း နေမယ်ဆို ကိုယ့်စီကို ပျော်ရွှင်ခြင်းတွေက တစိမ့်စိမ့် ဝင်ရောက်လာနိုင်မှာပါ။ ဒီတော့ သောကနည်းပြီး စိတ်အေးချမ်းစေမဲ့ Serotonin ဟော်မုန်းကို မြင့်တက်လာစေဖို့ဆို ဒီနည်းလမ်းတွေက အကောင်းဆုံးပါပဲ။

  • နေရောင်ခြည်နဲ့ ထိတွေ့ပါ
  • တရားထိုင်ပါ
  • ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပါ

ချစ်ခြင်းမေတ္တာနဲ့နွေးထွေးစေမဲ့ Oxytocin

ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ်ချစ်ရသူတွေကြားမှာ နွေးနွေးထွေးထွေးဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာက လူသားတွေအတွက် အပျော်ရွှင်စေဆုံး အကြောင်းတရားတစ်ခုပါ။ ပျော်ရွှင်မှုကို တကယ်နှစ်သက်သူတွေက ချစ်ခြင်းမေတ္တာဟော်မုန်းတွေ လျော့ပါး မသွားဖို့ ဂရုစိုက်ဖို့လိုတာကြောင့် Oxytocin ဟော်မုန်း မြင့်တက်လာဖို့ ဒီအချက်တွေကို မမေ့မလျော့ လိုက်လုပ်ကြည့်ပါဦး။

  • ကိုယ်ချစ်ခင်မြတ်နိုးသူတွေနဲ့ ပွေ့ဖက်မယ်
  • တစ်ဦးနဲ့တစ်ဦးကြား ချီးကျူးစကားဆိုကြမယ်
  • အများအကျိုးအတွက် တတ်နိုင်သမျှတွေ လုပ်မယ်
  • သူငယ်ချင်းတွေနဲ့ တွေ့မယ် 

စာဖတ်သူနှင့် သင့်တော်နိုင်မည့် အာမခံအမျိုးအစားများ

Protection

သင်နှင့်သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှုနှင့် အကာအကွယ်ပေးဖို့  Manulife ရဲ့ဘ၀အာမခံ

Protection

အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ သင့်မိသားစုအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် Manulife ရဲ့ ပြင်းထန်‌ရောဂါအာမခံနဲ့ ကာကွယ်ထားနိုင်ပါတယ်။

  • Digital Detox: Digital Cleanse ဘာကြောင့်လုပ်ဖို့လိုတာလဲ၊ ဘယ်လိုလုပ်မလဲ

    မော်လ်ဒန်ခေတ်ကြီးထဲမှာ စိတ်ဖိစီးမှုဆိုတာ ဖုန်းရဲ့ ဖန်သားပြင်တွေ၊ အချက်ပေးသံတွေကနေတစ်ဆင့် နေ့စဉ်ရက်ဆက် မဖိတ်ခေါ်ဘဲ ရောက်ရောက်လာတတ်တဲ့ ဧည့်သည်လိုပါပဲ။ ဒီလို စိတ်ဖိစီးမှုတွေကြားကနေ ရုန်းထွက်နိုင်ဖို့အတွက်တော့ Digital Detox ဆိုတာ Trend တစ်ခုဆိုတာထက် မဖြစ်မနေ လုပ်ဖို့လိုအပ်တဲ့ ဂရုစိုက်မှုတစ်မျိုးပါ။

    ဆက်လက်ဖတ်ရှုရန်
  • လစဉ် ဘတ်ဂျက်ကို စနစ်တကျ စီမံခန့်ခွဲသင့်တဲ့ အကြောင်းရင်း (၃) ချက်

    ဘတ်ဂျက်ခွဲတယ်ဆိုတာ ငွေရေးကြေးရေး စီမံခန့်ခွဲမှုတစ်ခုဆိုတာထက် ပိုပါတယ်။ ဒါက ငွေနဲ့ ကိုယ့်ကြားက ဆက်ဆံရေးကို တိုးတက်စေသလို ပိုခိုင်မာတဲ့ အနာဂတ်အတွက်လည်း လမ်းဖောက်ပေးနိုင်တယ်လေ။ လိုချင်စရာတွေ များပြီး မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ အမြဲရှိတဲ့ ကမ္ဘာကြီးမှာ လစဉ် ဘတ်ဂျက်ချခြင်းကလည်း ငွေကြေးကို အမျှော်အမြင်ရှိရှိ သုံးစွဲတတ်မှုရဲ့ အခြေခံတစ်ခုပါပဲ။ ဒါဆို ဒီအလေ့အကျင့်ကို ဘာလို့ လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်း (၃) ချက်ကို အတူတူ ကြည့်ကြည့်လိုက်ရအောင်။

    ဆက်လက်ဖတ်ရှုရန်
  • ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ယူပါ။ စိတ်နဲ့ခန္ဓာ အားဖြည့်ပါ။

    စိတ်ဖိစီးမှုတွေက မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေလိုပါပဲ။ ဘဝထဲမှာ နေနေရင်းနဲ့ကို မရရတဲ့ အပေါက်က တိုးပြီး ဝင်လာတတ်တာမျိုး မဟုတ်လား။ အလုပ်တွေ၊ မိသားစုတွေနဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကြားမှာ ပိတ်မိနေကြတဲ့အခါ မလွှဲမရှောင်သာ စိတ်ညစ်စရာတွေ ကြုံလာရင်း စိတ်ဖိစီးမှုတွေ ဖြစ်လာတတ်ကြတာပါပဲ။ ဒီလိုမျိုး ဘဝက စိတ်အနှောင့်အယှက်ဖြစ်စရာ အခိုက်အတန့်တွေ ဖန်တီးပေးလာတဲ့အခါ သုံးလို့ရတဲ့ ဖြေဆေးလေးကတော့ “Me-time” လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ပေးခြင်းပါပဲ။​

    ဆက်လက်ဖတ်ရှုရန်
အားလုံးကြည့်ရှုရန်

Manulife အသက်အာမခံအမျိုးအစားများအကြောင်း ပိုမိုသိရှိလိုပါက