Manulife ရဲ့ ပြုံးပျော်သုံးအစီအစဥ်ကို သုံးပြီး Valentine’s Day မှာ ချစ်သူကို လက်ဆောင်တွေပေးကြမယ်။
အသက်အာမခံဝယ်ယူထားသူတွေက Manulife ရဲ့ မိတ်ဖက်လုပ်ငန်းတွေဆီကနေ ပြုံးပျော်သုံး Loyalty Program အစီအစဥ်ကို သုံးပြီး လျှော့စျေးတွေ၊ အထူးအစီအစဥ်တွေရမှာဆိုတော့ အခုလို Valentine အချိန်အခါမှာ အသုံးပြုဖို့ အံဝင်ခွင်ကျပဲပေါ့။
Manulife ပြုံးပျော်သုံးနဲ့ဆို ချစ်ရသူကို ကျန်းမာရေးနဲ့အလှအပဆိုင်ရာ လက်ဆောင်လေးပေးမလား၊ နောက်ဆုံးပေါ် အိုင်ဖုန်းတစ်လုံးလက်ဆောင် ပေးမလား၊ ဒါမှမဟုတ် ချစ်ရသူနဲ့အတူတူ staycation ပြီး ဖြတ်သန်းမလား၊ ဘာပဲဖြစ်ဖြစ် ကြည်နူးစရာအခိုက်အတန့်လေးကို နှစ်ဦးသားဖန်တီးနိုင်မှာဆိုတော့ အခုပဲ ပြုံးပျော်သုံး Loyalty Program အကျိုးခံစားခွင့်တွေကို အသေးစိတ်ဝင်ကြည့်လိုက်ဖို့ မမေ့နဲ့နော်။
ချစ်ရသူတွေရဲ့ အပြုံးက ကိုယ့်ကို ပျော်ရွှင်စေမှာအသေအချာပါပဲ။
Digital Detox: Digital Cleanse ဘာကြောင့်လုပ်ဖို့လိုတာလဲ၊ ဘယ်လိုလုပ်မလဲ
မော်လ်ဒန်ခေတ်ကြီးထဲမှာ စိတ်ဖိစီးမှုဆိုတာ ဖုန်းရဲ့ ဖန်သားပြင်တွေ၊ အချက်ပေးသံတွေကနေတစ်ဆင့် နေ့စဉ်ရက်ဆက် မဖိတ်ခေါ်ဘဲ ရောက်ရောက်လာတတ်တဲ့ ဧည့်သည်လိုပါပဲ။ ဒီလို စိတ်ဖိစီးမှုတွေကြားကနေ ရုန်းထွက်နိုင်ဖို့အတွက်တော့ Digital Detox ဆိုတာ Trend တစ်ခုဆိုတာထက် မဖြစ်မနေ လုပ်ဖို့လိုအပ်တဲ့ ဂရုစိုက်မှုတစ်မျိုးပါ။
လစဉ် ဘတ်ဂျက်ကို စနစ်တကျ စီမံခန့်ခွဲသင့်တဲ့ အကြောင်းရင်း (၃) ချက်
ဘတ်ဂျက်ခွဲတယ်ဆိုတာ ငွေရေးကြေးရေး စီမံခန့်ခွဲမှုတစ်ခုဆိုတာထက် ပိုပါတယ်။ ဒါက ငွေနဲ့ ကိုယ့်ကြားက ဆက်ဆံရေးကို တိုးတက်စေသလို ပိုခိုင်မာတဲ့ အနာဂတ်အတွက်လည်း လမ်းဖောက်ပေးနိုင်တယ်လေ။ လိုချင်စရာတွေ များပြီး မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ အမြဲရှိတဲ့ ကမ္ဘာကြီးမှာ လစဉ် ဘတ်ဂျက်ချခြင်းကလည်း ငွေကြေးကို အမျှော်အမြင်ရှိရှိ သုံးစွဲတတ်မှုရဲ့ အခြေခံတစ်ခုပါပဲ။ ဒါဆို ဒီအလေ့အကျင့်ကို ဘာလို့ လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်း (၃) ချက်ကို အတူတူ ကြည့်ကြည့်လိုက်ရအောင်။
ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ယူပါ။ စိတ်နဲ့ခန္ဓာ အားဖြည့်ပါ။
စိတ်ဖိစီးမှုတွေက မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေလိုပါပဲ။ ဘဝထဲမှာ နေနေရင်းနဲ့ကို မရရတဲ့ အပေါက်က တိုးပြီး ဝင်လာတတ်တာမျိုး မဟုတ်လား။ အလုပ်တွေ၊ မိသားစုတွေနဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကြားမှာ ပိတ်မိနေကြတဲ့အခါ မလွှဲမရှောင်သာ စိတ်ညစ်စရာတွေ ကြုံလာရင်း စိတ်ဖိစီးမှုတွေ ဖြစ်လာတတ်ကြတာပါပဲ။ ဒီလိုမျိုး ဘဝက စိတ်အနှောင့်အယှက်ဖြစ်စရာ အခိုက်အတန့်တွေ ဖန်တီးပေးလာတဲ့အခါ သုံးလို့ရတဲ့ ဖြေဆေးလေးကတော့ “Me-time” လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ပေးခြင်းပါပဲ။