ကိုယ်ကိုတိုင်နဲ့ ကိုယ်ချစ်ရတဲ့မိသားစုတွေအတွက် စိတ်ချလုံခြုံစေမယ့် အနာဂတ်တစ်ခုကို ပေးချင်တာ ...
ဒါမှမဟုတ် အနာဂတ်ကာလမှာ ငွေကြေးနဲ့ပတ်သက်ပြီး စိတ်ပူပန်သောကမရောက်ချင်တာ ...
ဒီလိုမျိုးလိုအပ်ချက်တွေရှိလာနေပြီဆိုရင်တော့ ကိုယ်နဲ့အကိုက်ညီဆုံးဖြစ်မယ့် အသက်အာမခံအစီအစဥ်ကို ရွေးချယ်ပြီး အနာဂတ်အတွက် ကြိုတင်စီမံဖို့ အကြံပြုပါရစေ။
ဘယ်လိုအစီအစဥ်က ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်မလဲ၊ ဘယ်အသက်အာမခံအမျိုးအစားက သင့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကိုတော့ Manulife Myanmar ရဲ့ Hero Agent တွေဖြစ်တဲ့ အကောင်းဆုံး အာမခံအကြံပေး ပုဂ္ဂိုလ်တွေက ဆွေးနွေးပေးဖို့အသင့်ဖြစ်နေပါပြီ။
ဒီတစ်ခေါက်ရဲ့ Hero Advisor နှစ်ဦးကဘယ်သူတွေများဖြစ်မလဲ?
မတင်တင်မိုး
အသက်အာမခံအကြံပေး (Unit Manager- ရန်ကုန်)
မိသားစုကို ချစ်ခင်တန်ဖိုးထားကြသူတွေတိုင်းအတွက် ငွေကြေးဆိုင်ရာအကာအကွယ်တွေ ထားရှိနိုင်ဖို့သာမက ပိုပြီး ပြည့်စုံကောင်းမွန်တဲ့အနာဂတ်တစ်ခုဆီကို ရောက်ရှိလာစေဖို့ ဖန်တီးပုံဖော်ပေးတဲ့နေရာမှာ အကူအညီပေးဖို့ အသင့်ရှိနေတဲ့ သူမက အခုလို လုပ်ဆောင်ပေးနိုင်ခြင်းက ကိုယ်တိုင်နဲ့လူမှုအသိုက်အဝန်းတစ်ခုလုံးအတွက် အကျိုးကျေးဇူးများရရှိစေ တယ်လို့ လက်ခံထားသူဖြစ်ပါတယ်။ ဒါကြောင့် အာမခံအကြံပေးတစ်ဦးအဖြစ် လုပ်ကိုင်နေရတဲ့အပေါ် အမြဲတမ်း ဂုဏ်ယူ လျက်ရှိတဲ့ Manulife Myanmar ရဲ့ Hero Advisor မတင်တင်မိုး နဲ့ အခုပဲ ဆက်သွယ်လိုက်ပါ။
ကိုသန်းထိုက်စိုး
အသက်အာမခံအကြံပေး (Unit Manager - ရန်ကုန်)
မိတ်ဆွေ၊ သူငယ်ချင်းနဲ့ client တွေအတွက် အသက်အာမခံအကြောင်းအရာတွေကို ဝန်ဆောင်မှုကောင်းများ ထာဝရပေးနိုင်အောင် ကြိုးစားနေတဲ့ ကိုသန်းထိုက်စိုးရဲ့ အဓိက ရည်ရွယ်ချက်က အသက်အာမခံဝယ်ယူတယ် ဆိုတာ နှစ်ရှည်ငွေစုထားသလိုဖြစ်စေတယ်ဆိုတာနဲ့ မိသားစုဘဝရှေ့ရေးအနာဂတ်အတွက် တစ်ချိန်မှာ ငွေကြေးအရ ခိုင်မာတဲ့ အာမခံချက်များ ရရှိစေနိုင်တယ်ဆိုတဲ့အကြောင်းအရာကောင်းတွေကို အများဆီ ဖြန့်ဝေပေးချင်တာပဲဖြစ်ပါတယ်။ အသက်အာမခံနဲ့ပတ်သက်တဲ့ အကြံဉာဏ်ကောင်းတွေကို အခုပဲ Manulife Myanmar ရဲ့ Hero Advisor တစ်ဦးဖြစ်တဲ့ ကိုသန်းထိုက်စိုးနဲ့ အခုပဲ ဆက်သွယ်ရယူလိုက်ရအောင်။
အမြဲတမ်း “ရယ်” ဖို့သတိရပါ
ရယ်မောခြင်းက သင်အသက်အရှည်ဖို့ အရိုးရှင်းဆုံး မှီဝဲလို့ရတဲ့ ဆေးတစ်ခွက်ပါ။ဟက်ဟက်ပက်ပက်ရယ်လိုက်ခြင်းက သင့်ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်တွေ ပိုပြီးသန်မာအားကောင်းလာစေသလို စိတ်ဖိစီးမှု တွေ၊ စိတ်ရဲ့ နာကျင်မှုတွေကို ကုစားဖို့ အကောင်းဆုံးစိတ်စွမ်းအားတစ်ခု ဖြစ်ပါတယ်။
သင်တို့အတွက် အမြဲအဆင်သင့်ရှိနေမှာပါ
အောက်တိုဘာလ ၃ ရက်ကနေ ၇ ရက်နေ့အထိ ရက်သတ္တပတ်တာကို Manulife က Customer Service Week အဖြစ် သတ်မှတ်ပြီး နိုင်ငံအသီးသီးမှာရှိတဲ့ Customer Service Team တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုဆွေးနွေးပွဲတွေကို ရက်သတ္တပတ်တာလုံးမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပိုကောင်းတဲ့အနာဂတ်တွေအတွက် Hero Advisor တွေနဲ့ အခုပဲ ဆက်သွယ်မယ်
ဘယ်အသက်အာမခံအမျိုးအစားက သင့်အတွက် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာကိုတော့ Manulife Myanmar ရဲ့ Hero Agent တွေဖြစ်တဲ့ အကောင်းဆုံး အာမခံအကြံပေး ပုဂ္ဂိုလ်တွေက ဆွေးနွေးပေးဖို့အသင့်ဖြစ်နေပါပြီ။