အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

လွတ်လပ်စွာ ဖန်တီး ပုံဖော်လေ့လာနိုင်ခွင့်ကို အားပေးတဲ့ အုပ်ထိန်းမှု ပုံစံ (၄)မျိုး 

အာမခံ၏ အရေးပါပုံကို ထုတ်ဖော်ခြင်း။ ။ လုံခြုံသော အနာဂတ် အကာအကွယ်တစ်ခု ကို လေ့လာခြင်း

ကလေးတွေရဲ့ အိပ်မက်နဲ့ မျှော်လင့်ချက်တွေ တကယ်ဖြစ်လာဖို့ လမ်းပြညွှန်ကြား ပုံဖော်ပေးရတဲ့ အလုပ်ဟာ မိဘတွေရဲ့ တာဝန်ဝတ္တရားတွေထဲက တစ်ခုပါပဲ။ ဒီ မျှော်လင့်ချက်တွေနဲ့ ဆန္ဒတွေဟာ သူတို့ လျှောက်လှမ်းရာ လမ်းကို တည့်တည့်မတ်မတ် သွားနိုင်အောင် လမ်းပြခေါ်ဆောင်ခြင်းနဲ့ သူတို့ ကိုယ်ပိုင် ကံကြမ္မာကို ကိုယ်တိုင် လွတ်လပ်စွာ ဖန်တီးနိုင်ခြင်း ကြားထဲမှာ ရှိနေပါတယ်။ 

မိဘအုပ်ထိန်းမှုရဲ့ အဓိပ္ပာယ် 

အုပ်ထိန်းမှုဆိုတာဟာ မတူညီတဲ့ နည်းလမ်းတွေ၊ ပုံစံတွေ ချဉ်းကပ်မှုတွေနဲ့ ကလေးတွေကို ပြုစုပျိုးထောင် လမ်းပြခြင်း လုပ်ငန်းစဉ်ပါ။ ဂရုစိုက်မှု၊ ပံ့ပိုးပေးမှုနဲ့ လမ်းညွှန်မှုတွေ ပါသလို စည်းကမ်းချမှတ်ပေးမှုတွေလည်း ပါဝင်ပါတယ်။ ရှေးရိုးအစဉ်အလာ အုပ်ထိန်းတဲ့ နည်းလမ်းတွေကနေ မော်ဒန်ခေတ် အုပ်ထိန်းမှု နည်းလမ်းတွေ၊ နူးညံ့သိမ်မွေ့တဲ့ နည်းလမ်းတွေထိ မိဘတွေဟာ ကလေးတွေရဲ့ ကောင်းကျိုးကိုပဲ ရှေးရှုပြီး တိုးတက်ဖွံ့ဖြိုးလာဖို့ အကြံဉာဏ်ပေး၊ နည်းလမ်းပြ၊ ပုံဖော်ပေးရတာပါ။ 

မိဘအုပ်ထိန်းမှုဆိုတာ တစ်ခါတလေမှာ ကလေးတွေကို အောင်မြင်စေလိုခြင်းနဲ့ သူတို့လေးတွေ ကိုယ့်ဖြစ်တည်မှု ကိုယ် ရှာဖွေတွေ့ရှိခြင်းဆိုတဲ့ ကြားက ဝိရောဓိ တစ်ခုပါပဲ။ ကလေးတစ်ယောက်ကို လမ်းပြပြီး ဒီလမ်းကို လျှောက်နိုင်အောင် အားပေးခြင်းက တစ်ခါတလေမှာ သူတို့ ဖြစ်လိုရာ ဖြစ်စေဆိုပြီး ကိုယ့်လမ်းကိုယ် လျှောက်ခိုင်းလိုက်တာထက် ပိုပြီး လွယ်ကူပါတယ်။

မိဘအုပ်ထိန်းမှု ပုံစံ (၄)မျိုး 

စိတ်ပညာမှာ အသိအမှတ်ပြုထားတဲ့ မိဘအုပ်ထိန်းမှု ပုံစံ (၄)မျိုး ရှိပါတယ်။ အဲဒါတွေကတော့ အလိုလိုက် အကြိုက်ဆောင်တဲ့ အုပ်ထိန်းမှုပုံစံ၊ မျှတတဲ့ အုပ်ထိန်းမှု ပုံစံ၊ လျစ်လျူရှုထားတဲ့ အုပ်ထိန်းမှု ပုံစံနဲ့ အာဏာရှင်ဆန်တဲ့အုပ်ထိန်းမှု ပုံစံတွေ ဖြစ်ပါတယ်။ 

၁။ အလိုလိုက် အကြိုက်ဆောင်တဲ့ အုပ်ထိန်းမှုပုံစံ

တင်းကျပ်တဲ့ စည်းမျဉ်း၊စည်းကမ်းတွေ မရှိဘဲ အလွန်အမင်း အလိုလိုက် အကြိုက်ဆောင်ထားတဲ့ အုပ်ထိန်းမှု ပုံစံပါ။ 

၂။ မျှတတဲ့ အုပ်ထိန်းမှု ပုံစံ

နွေးထွေးမှုနဲ့အတူ ရှင်းလင်းတဲ့ မျှော်မှန်းချက်၊ တသမတ်တည်း ဖြစ်တဲ့ စည်းကမ်းတွေနဲ့ ကူညီပံ့ပိုးပေးပြီး ကျန်းမာ မျှတတဲ့ လမ်းညွှန်မှုတွေကို ပျိုးထောင်တဲ့ အုပ်ထိန်းမှု ပုံစံပါ။

၃။ လျစ်လျူရှုထားတဲ့ အုပ်ထိန်းမှု ပုံစံ 

ကလေးရဲ့ ခံစားချက်၊ လိုအပ်ချက်နဲ့ ဖွံ့ဖြိုးမှုတွေကို ဂရုမစိုက် ပစ်ထားတတ်တဲ့ အုပ်ထိန်းမှု ပုံစံမျိုးပါ။ 

၄။ အာဏာရှင်ဆန်တဲ့ အုပ်ထိန်းမှု ပုံစံ

စည်းမျဉ်း၊စည်းကမ်းတွေ ချထားပြီးရင် အတိုးအလျှော့မရှိဘဲ တသမတ်တည်း ခြွင်းချက်မရှိ လိုက်ကို လိုက်နာရမယ်ဆိုတဲ့ တင်းကျပ်တဲ့ အုပ်ထိန်းမှု ပုံစံမျိုး ဖြစ်ပါတယ်။ 

မှန်ကန်တဲ့ မိဘအုပ်ထိန်းမှု နည်းလမ်းကို ရွေးချယ်ခြင်း 

မတူညီတဲ့ အုပ်ထိန်းမှု ပုံစံတွေကို နားလည်ထားခြင်းက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စိတ်ရောလူပါ ကျန်းမာခြင်းတွေကို ပုံဖော်ရာမှာ တကယ်ကို အရေးကြီးပါတယ်။ ဘဝဆိုတာ မျှော်လင့်ချက်၊ အိပ်မက်တွေနဲ့ ဖြစ်လိုတဲ့ ဆန္ဒစတဲ့ ကြိုးတွေကို ပေါင်းစည်းထားတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ သူများတွေရဲ့ အိပ်မက်ပေါ်ပဲ မူတည်ပြီး နေထိုင်ခြင်းက ကိုယ့်ရဲ့ တကယ့်ဖြစ်တည်မှုနဲ့ ဝေးကွာသွားစေပါတယ်။ 

မိဘအုပ်ထိန်းမှု ပုံစံက ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုပေါ် သက်ရောက်နိုင်ပါတယ်။

တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ ဖြစ်တည်မှုကို မသိဘဲ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ မရှိတော့တဲ့အခါ သူကိုယ်တိုင် အမှောင်ထုကြီးထဲ ပျောက်ဆုံးသွားပြီး ဖြစ်တည်မှု မရှိတော့တဲ့ အိပ်မက်ဆိုးကြီးထဲ ရောက်သွားတာပါပဲ။ 

လူတွေဟာ သူတို့ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတာ မဟုတ်လား။ မိဘအုပ်ထိန်းမှုဟာ တန်ဖိုးဖြတ်မရသလို ကလေးတွေရဲ့ မျှော်မှန်းချက်တွေကို ဖန်တီးပုံဖော်နိုင်တဲ့ လွတ်လပ်ခွင့်ကိုလည်း ပေးစွမ်းနိုင်ရပါတယ်။ 

အိပ်မက်တွေဆိုတာ တစ်ခါတလေမှာ ဝေဝါးနေတဲ့ ပုံရိပ်တွေနဲ့ ခြယ်ထားတဲ့ ပန်းချီကားတစ်ချပ်လို ဖြစ်နေပေမဲ့ ဒီလို မျှော်လင့်ချက်တွေကို အသိအမှတ်ပြု ပျိုးထောင်ခြင်းကသာ အနာဂတ်ပန်းတိုင်ရဲ့ အလှတွေကို မြင်နိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။ 

မေမေတို့နဲ့ ဖေဖေတို့အတွက် အုပ်ထိန်းမှု နည်းလမ်းကောင်းများ  

မိဘအုပ်ထိန်းမှုဆိုတာဟာ ဖြစ်မလာသေးတဲ့ ပန်းတိုင်တွေကို ပုံဖော်နေတဲ့ ကလေးတွေကို နှစ်သိမ့်အားပေးခြင်းနဲ့ လမ်းညွှန်မှုပေးခြင်းတွေ ပေါင်းစပ်ထားတဲ့ အနုပညာတစ်ခုပါ။ ဝင်္ကပါထဲ ဖြတ်သန်းဖို့ လိုအပ်တဲ့ ဉာဏ်ပညာနဲ့ လမ်းညွှန်မှုတွေပေးပြီး ကလေးတွေရဲ့ စိတ်ဝိဉာဉ်ကို အားဖြည့်ပေးနိုင်ခြင်းဟာ မိဘ အုပ်ထိန်းမှုရဲ့ အနှစ်သာရပါပဲ။ 

စိတ်ပညာအရ လူ တစ်ဦးတစ်ယောက်ချင်းစီဟာ ကိုယ့်ရဲ့ ဖြစ်တည်မှု အစစ်အမှန်ကို ရှာဖွေတွေ့ရှိခြင်းနဲ့ ဖြစ်ချင်တဲ့ အရာတွေကို အသိအမှတ်ပြုပြီး ရှင်သန်နေကြတယ်လို့ ဆိုပါတယ်။ မိဘအုပ်ထိန်းမှုတွေဟာလည်း မတူညီကွဲပြားတဲ့ အုပ်ထိန်းမှုပုံစံတွေ၊ နူးညံ့သိမ်မွေ့တဲ့ အုပ်ထိန်းမှုပုံစံတွေ ပေါင်းစပ်ပြီး ကလေးတွေရဲ့ ကိုယ်ပိုင်မျှော်လင့်ချက်လေးတွေကို လွတ်လပ်စွာ သိလာနိုင်စေရမှာပါ။ အိပ်မက်တွေဟာ တစ်ခါတလေ မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ ဒါဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုအင်ဆန္ဒတွေကို တစ်နည်းတစ်ဖုံ ဖွင့်ဟပြောပြနေတဲ့ အရာတစ်ခုပါ။ ဒီလမ်းစဉ်ကသာ မျှော်လင့်ချက် ကင်းဗတ်စ်ပေါ်မှာ အိပ်မက်တွေ ပုံရိပ်ထင်စေမယ့် ဉာဏ်ပညာနဲ့ ပျိုးထောင်ခြင်း ဆေးရောင်တွေပါပဲ။ 

ကလေးတွေရဲ့ မျှော်လင့်ချက်တွေကို လေးစားပေးပြီး စနစ်တကျ ပြုစုပျိုးထောင် လမ်းညွှန်ပေးခြင်းဟာ ထိရောက်တဲ့ အုပ်ထိန်းမှု ပုံစံရဲ့ ပြယုဂ်ပါ။ မျှော်လင့်ချက်နဲ့ အုပ်ထိန်းမှု ရောထွေးနေတဲ့ လောကကြီးမှာ အိပ်မက်တွေကို ပြုစုပျိုးထောင်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သိမြင်လာအောင် ဖန်တီး ပုံဖော်ပေးခြင်းက အခရာပါ။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ လမ်းကြောင်းတစ်ခုစီမှာ အလှအပကိုယ်စီ ရှိကြတာမို့ ကလေးတွေရဲ့ မျှော်လင့်ချက် ပန်းတိုင်ကို အသိအမှတ်ပြု အားပေးခြင်းဟာ ကိုယ့်ကိုယ်ကိုယ် သိမြင်ပြီး အိပ်မက်တွေ ပွင့်ဖူးလာစေမယ့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးခြင်းပါပဲနော်။

If you liked this article, you may find these interesting

Protection

A life insurance plan designed to financially protect you and your family.

 

Protection

Two low-premium insurance plans designed to provide you loan protection and peace of mind.

Want to know more about Life Insurance?

 

 

 

 

 

 

 

အားလုံးကြည့်ရှုရန်