ဘဝမှာ အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခြင်းက ထူးခြားတဲ့ မှတ်တိုင်တစ်ခုပါ။ ဒါဟာ ကြယ်လေးတွေကို အတူ ကြည့်ရအောင်ဆိုတာထက် ပိုပြီး ရိုမန့်တစ်ဆန်တဲ့ ဘဝခရီးကြမ်းကို နှစ်ယောက်အတူ လက်တွဲရင်ဆိုင်၊ ပဲ့ကိုင်မယ်ဆိုတဲ့ အဆင့်ပါပဲ။ တစ်ကိုယ်တည်းကနေ “အတူတူ”ဆိုပြီး ဖြစ်သွားတဲ့ ဒီခရီးလမ်းကို လျှောက်တဲ့အချိန်မှာ တန်ဖိုးထားမှုခြင်း၊ အမြင်ချင်းလည်း ထပ်တူကျနေမှ ဖြစ်မှာ မဟုတ်လား။ နှစ်ယောက်ပေါင်း ဘဝတစ်ခု တည်ဆောက်ပြီဆိုတာနဲ့ အသက်အာမခံ တစ်ခု လိုအပ်လာပြီဆိုတာကလည်း ငြင်းလို့မရတဲ့ အမှန်တရားပါ။ အသက်အာမခံဟာ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်လက်တွဲဖော်အတွက် ငွေကြေးအကာအကွယ်တစ်ခုကို ဖန်တီးထားနိုင်တဲ့ လုံခြုံမှုကွန်ရက် တစ်ခုပါပဲ။ တူညီတဲ့ မျှော်လင့်ချက်နဲ့ မိသားစု အနာဂတ်ကို လုံခြုံစိတ်ချစေဖို့ဆိုရင် အသက်အာမခံက မရှိမဖြစ် လိုအပ်တဲ့ လက်နက်တစ်ခုပါ။
သက်တမ်းကြာလာတဲ့ Relationship တွေဆိုတာ တစ်ဦး တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်တွေကနေ နှစ်ယောက်ပေါင်း ရည်မှန်းချက်တွေအဖြစ် ပြောင်းလဲသွားခြင်းပါပဲ။ တူညီတဲ့ အိပ်မက်တွေကို ဆုပ်ကိုင်ထားရင်း မျှော်လင့်ချက်နဲ့ ရည်မှန်းချက်တွေကို ထုဆစ်ပုံဖော်နေကြတဲ့ ကာလပါ။ ဒီဘဝတစ်ဆစ်ချိုးမှာတော့ “အတူတူ” ဆိုတာက လောကဓံကို ခံနိုင်ရည်စွမ်းနဲ့ ခိုင်မြဲတဲ့ ဆက်နွှယ်မှုတွေရဲ့ အုတ်မြစ်ပါပဲ။
ဘဝဆိုတာက မမျှော်လင့်ထားတာတွေနဲ့ ပြည့်နှက်နေတာပဲလေ။ နှစ်ယောက်ပေါင်း ဘဝတစ်ခုကို ထူထောင်ထားပြီဆိုရင်တော့ မမျှော်လင့်ထားတဲ့ အရာတွေအတွက်လည်း ပြင်ဆင်ထားရပြီပေါ့။ မုန်တိုင်းတွေကို အတူဖြတ်ကျော်ပြီး စိန်ခေါ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်နိုင်တယ်ဆိုတာ သူတို့ကြားထဲက သံယောဇဉ်ကြိုး ခိုင်မာမှုရဲ့ ပြယုဂ်ပါပဲ။ ဒီခရီးလမ်းမှာတော့ အရာရာကို ကြိုတင်ကာကွယ် စီမံထားခြင်းက အမှန်ကန်ဆုံး လှုပ်ရှားမှု ဖြစ်နေမှာပါ။ အထူးသဖြင့်တော့ စီးပွားရေး၊ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ ကိစ္စလေးတွေပေါ့။
ချစ်ခြင်းကို ပြသတဲ့အခါ အသက်အာမခံမှာ မြှုပ်နှံခြင်းက တကယ်ကို ချစ်ခြင်းနဲ့ ယှဉ်တဲ့ လုပ်ရပ်တစ်ခုလို့ ဆိုကြပါတယ်။ အမြော်အမြင်ရှိခြင်းရဲ့ လက္ခဏာ၊ တာဝန်ယူမှုရဲ့ ပြယုဂ်ပေါ့။ အသက်အာမခံ ရယူဖို့ စဉ်းစားခြင်းဟာ ခန့်မှန်းမရတဲ့ ဘဝခရီးလမ်းဆိုတာကို အသိအမှတ်ပြုပြီး ဘာပဲ ဖြစ်လာလာ ကြိုတင်ကာကွယ်ထားပြီး အတူရင်ဆိုင်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်လေးပါပဲ။ ဒါဟာ မမြင်ရတဲ့ အနာဂတ်မှာတောင် တစ်ယောက်ကိုတစ်ယောက် ကာကွယ်မယ်၊ တစ်ယောက်အတွက် တစ်ယောက်ရှိနေမယ်ဆိုတဲ့ ကတိစကားပါပဲ။
ဒီလိုဆိုတော့ အသက်အာမခံဆိုတာ ငွေရေးကြေးရေးအတွက်ပဲ အသုံးဝင်တာ မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက်ကြား ထားရှိတဲ့ ချစ်ခြင်းကတိစကားလို့တောင် ပြောလို့ရတယ်နော်။ တစ်ယောက်ရဲ့ ကောင်းကျိုးကို တစ်ယောက်က လိုလားတဲ့ ချစ်ခြင်းမေတ္တာ၊ လက်တွဲဖော်တွေကြားက နားလည်မှုတွေနဲ့ မုန်တိုင်းပင်လယ်ကိုဖြတ်ပြီး သာယာလှပတဲ့ နေ့လေးတွေဆီ ရှေးရှုတဲ့ ခြေလှမ်းလေးတွေရဲ့ ပုံရိပ်ပါပဲ။
လက်ထပ်ပြီး စုံတွဲတွေရဲ့ ဘဝခရီးလမ်းမှာ အသက်အာမခံက မိသားစုကို ကာကွယ်နိုင်ခြင်းဆိုတဲ့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ သင့်လျော်တဲ့ အသက်အာမခံတစ်ခု ရှိထားတာက သော့ချက်ပဲပေါ့။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာ ကိုယ့်လက်တွဲဖော်နဲ့ မိသားစုဝင်တွေအတွက် ငွေကြေးဆိုင်ရာ အကူအညီတွေ ပေးနိုင်မယ်လေ။ ကိုယ့်အတွက် သင့်လျော်တဲ့ အာမခံ အစီအစဉ်ကို ရွေးချယ်ရင်း လက်ထပ်ထားတဲ့ စုံတွဲတွေက ကိုယ်ချစ်ရသူတွေအတွက် လုံခြုံစိတ်ချရမှုနဲ့ စိတ်အေးချမ်းမှုတွေကို ပေးစွမ်းနိုင်မှာပါ။
တကယ်တော့ အသက်အာမခံဆိုတာ ငွေကြေးအကာအကွယ်တစ်ခုသာသာပဲ မဟုတ်ပါဘူး။ ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းနဲ့ ကာကွယ်နိုင်မယ့် ကတိစကားကိုပါ ကိုယ်စားပြုပါတယ်။
ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေမှာတင်မဟုတ်ဘဲ စိန်ခေါ်မှုတွေနဲ့ ကာလတွေမှာပါ တစ်ယောက်နားတစ်ယောက်ရှိနေစေမယ့် ကတိစကားကို သက်သေပါပဲ။ ငွေကြေးဆိုင်ရာ အနာဂတ်ကို ကြိုတင်ကာကွယ်ထားရင်တော့ ကိုယ့်အတွက် တကယ်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း ချစ်ခြင်းတွေကို ခိုင်မာအောင် စိတ်အေးလက်အေး တည်ဆောက်လို့ ရပြီလေ။
စုံတွဲတွေအတွက် အကောင်းဆုံး အသက်အာမခံ အစီအစဉ်ကို ရွေးချယ်တဲ့အခါ ဒီအချက်လေးတွေကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်နော်။
၁။ ကိုယ်ချစ်ရတဲ့သူတွေကို အလုံခြုံဆုံး ကာကွယ်ပေးနိုင်ဖို့ မိသားစု တစ်ခုလုံးအတွက် အကာအကွယ်ကို ဦးစားပေးစဉ်းစားပါ။ စုံတွဲတွေ၊ မိသားစုတွေအတွက် ဖန်တီးထားတဲ့ ကိုယ့် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပေါ်လစီမျိုးကို ရှာဖွေပါ။
၂။ ကိုယ့်ရဲ့ လိုအပ်ချက်၊ ဦးစားပေးမှုတွေနဲ့ ကိုက်ညီစေဖို့ သေဆုံးမှု အကျိုးခံစားခွင့်နဲ့ ထပ်ဆောင်း အကျိုးခံစားခွင့်တွေ ဘယ်လို ရှိလဲ သိအောင်လုပ်ပါ။
၃။ ပေါ်လစီ နှုန်းထားနဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုကိုလည်း ထည့်သွင်းစဉ်းစားပါဦး။ မှန်ကန်တဲ့ အသက်အာမခံ အစီအစဉ်ကို ရွေးချယ်ခြင်းဟာ ချစ်ခြင်းပြယုဂ်၊ တာဝန်ယူမှု၊ တစ်ဦးပေါ် တစ်ဦး ကာကွယ်ခြင်းနဲ့ မိသားစုအနာဂတ်ကို ကာကွယ်ခြင်းတွေရဲ့ ကတိကဝတ်ဖြစ်တယ်ဆိုတာ အမြဲသတိရပါနော်။
Improving Financial Wellbeing
Manulife Myanmar builds financial literacy from a young age, reframes what success looks like and helps kids and their support network.
Don’t want to delay the insurance claim process. How Should I Do?
Don’t want to delay the insurance claim process. How Should I Do?
Let’s Make Contact with Our Hero Advisors, To Be A Better Tomorrow
Let’s Make Contact with Our Hero Advisors, To Be A Better Tomorrow