အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

သင်နှင့် သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာ ဖြေရှင်းမှုနှင့် အကာအကွယ် ပေးမှု

Manulife သောကကင်းဝေး အသက်အာမခံ ဆိုတာဘာလဲ ?

Manulife သောကကင်း‌‌ဝေးအသက်အာမခံဆိုတာ သေဆုံးခြင်း၊ ထာဝစဥ်လုံးဝ မသန်စွမ်းခြင်းနဲ့ မတော်တဆမှုတွေ‌ကြောင့် ဖြစ်လာနိုင်တဲ့ သင်နဲ့သင့်မိသားစုရဲ့ ငွေကြေး ဝန်ထုပ်ဝန်ပိုးတွေကို ကာကွယ်နိုင်မယ့် အသက်အာမခံအစီအစဥ်တစ်ခု ဖြစ်ပါတယ်။ အများဆုံး အနေနဲ့ အာမခံထားငွေရဲ့(၂၀၀%)ကို ရယူနိုင်မှာဖြစ်တဲ့အပြင် ရွေးချယ်ထားတဲ့ ပက်ကေ့ချ်အပေါ်မူတည်ပြီး ပေါ်လစီသက်တမ်း ကုန်ဆုံးတဲ့အခါ အချို့ပရီမီယံကြေးတွေကို နှစ်စေ့အကျိုးခံစားခွင့်အဖြစ် ပြန်လည်ရရှိမှာဖြစ်ပါတယ်။ ကြီးမားတဲ့ အာမခံအကာအကွယ်ကို အသင့်လျော်ဆုံးစျေးနှုန်း၊ သာလွန်‌ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေနဲ့ အာမခံပက်ကေ့ချ်နှစ်ခုကို စီစဥ်ပေးထားပါတယ်။

သောကကင်းဝေး အသက်အာမခံကို အခုပဲဝယ်ယူလိုက်ပါ။

သေဆုံးခြင်း/ထာဝစဉ်လုံးဝ မသန်စွမ်းခြင်း အကျိုးခံစားခွင့် - အာမခံထားငွေ၏ ၁၀၀%

မတော်တဆမှုကြောင့် သေဆုံးခြင်း/ထာဝစဉ်လုံးဝမသန်စွမ်းခြင်း အကျိုးခံစားခွင့် - အာမခံထားငွေ၏ ထပ်တိုး ၁၀၀%

မတော်တဆမှုကြောင့်   ကိုယ်အင်္ဂါထိခိုက်ပျက်စီးခြင်း   အကျိုးခံစားခွင့်များ

နားနှစ်ဖက်လုံး   မကြားခြင်း - အာမခံထားငွေ၏ ၅၀%

စကားမပြောနိုင်ခြင်း          - အာမခံထားငွေ၏ ၅၀%

ခြေလက်တစ်ဖက်ပြတ်ခြင်း   - အာမခံထားငွေ၏ ၅၀%

မျက်စိတစ်ဖက်ကွယ်ခြင်း   - အာမခံထားငွေ၏ ၅၀%

ဦးခေါင်းခွံရိုးကျိုးခြင်း   (ဦးခေါင်းခွံဖွင့်၍   ခွဲစိတ်ကုသမှု လိုအပ်သော) -   အာမခံထားငွေ၏ ၁၅%

ကျောရိုးကျိုးခြင်း   (တစ်ခု သို့မဟုတ် တစ်ခုထပ်ပိုသော ကျောရိုးဆစ်များကို ခွဲစိတ်ကုသရန် လိုအပ်သော) - အာမခံထားငွေ၏ ၁၅%

Silver Package ဝယ်ယူရန်

နှစ်စေ့အကျိုးခံစားခွင့်   

ပေးသွင်းထားသော   ပရီမီယံ၏ ၂၅%

*မတော်တဆမှုကြောင့် ကိုယ်အင်္ဂါ ထိခိုက်ပျက်စီးခြင်း အကျိုးခံစားခွင့်သည် ရှေ့တိုးအကျိုးခံစားခွင့် (Accelerated benefit) ဖြစ်ပြီး မတော်တဆမှုကြောင့် သေဆုံးခြင်း/ထာဝစဉ်လုံးဝမသန်စွမ်းခြင်း အကျိုးခံစားခွင့်မှ နှုတ်ယူမည်ဖြစ်ပါသည်။

ကျွန်တော်တို့ရဲ့အာမခံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နဲ့ဆွေးနွေးပြီး တန်ဖိုးဖြတ်မရနိုင်တဲ့ သင့်မိသားစုကို Manulife အာမခံနဲ့ကာကွယ်လိုက်ပါ။

ဒီနေ့ပဲသင့်ဘဝအတွက် အာမခံချက်ရယူလိုက်ပါ

ကျွန်တော်တို့ရဲ့အာမခံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နဲ့ဆွေးနွေးပြီး တန်ဖိုးဖြတ်မရနိုင်တဲ့ သင့်မိသားစုကို Manulife အာမခံနဲ့ကာကွယ်လိုက်ပါ။

မေးလေ့မေးထရှိသော မေးခွန်းများ

အသက်၁၈နှစ် နဲ့ ၆၅နှစ် (ပေါ်လစီသက်တမ်းကာလကိုနုတ်ပြီး) ကြားအသက်အရွယ်ရှိ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း Manulife သောကကင်း၀ေးအသက်အာမခံကို ၀ယ်ယူနိုင်ပါတယ်။

အာမခံထားငွေ အနည်းဆုံး ၁၀သိန်း မှစ၍ ၀ယ်ယူထားရှိနိုင်ပါတယ်။

ရွေးချယ်နိုင်တဲ့ ပေါ်လစီသက်တမ်းကာလမှာ ၃နှစ် နဲ့ ၅နှစ် ဖြစ်ပါတယ်။

Silver ပက်ကေ့ချ်အတွက် တစ်လုံးတည်းပေးသွင်းရမည်ဖြစ်ပြီး Gold ပက်ကေ့ချ်အတွက် တစ်လုံးတည်းပေးသွင်းနိုင်သလို တစ်နှစ်တစ်ကြိမ်လည်းပေးသွင်းနိုင်ပါတယ်။

မတော်တဆမှုကြောင့် ကိုယ်အဂႅါထိခိုက်ပျက်စီးမှုအတွက် အကျိုးခံစားခွင့်က မတော်တဆမှုကြောင့်သေဆုံးခြင်း၊ ထာ၀စဥ်မသန်စွမ်းဖြစ်ခြင်းအကျိုးခံစားခွင့်မှ ရှေ့ပြေးရယူထားတဲ့သဘောဖြစ်ပါတယ်။

ယခု အာမခံအကြောင်း ပိုမိုသိရှိလိုပါက

အခြား အာမခံအမျိုးအစားများ

Protection

သင်နှင့် သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှု နှင့် အကာအကွယ်ပေးမှု

Education

သင့်ကလေးအနာဂတ်အတွက် Manulife ရဲ့ ပညာ‌ရေး အသက်အာမခံအစီအစဥ်

Protection

အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် Manulife ရဲ့ ပြင်းထန်‌ရောဂါအာမခံနဲ့ ကာကွယ်ထားနိုင်ပါတယ်။