ကြိုတင်ထုတ်ယူနိုင်သော ကျန်းမာရေးအကျိုးခံစားခွင့်အတွက် အာမခံလျော်ကြေးတောင်းဆိုမှု တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များအတွက် ကူညီညွှန်ပြပေးသွားမှာဖြစ်ပါတယ်။
လူကြီးမင်းရဲ့ အာမခံလျော်ကြေးတောင်းဆိုမှုကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အောက်ဖော်ပြပါ စာရွက်စာတမ်းများအား သေချာပြည့်စုံစွာ ဖြည့်စွက်ပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။ ထပ်မံရှင်းလင်းချက်များ လိုအပ်လာပါက အာမခံလျော်ကြေးတောင်းဆိုမှု ဆောင်ရွက်ဖို့ရန် ကျွန်ုပ်တို့ အချိန်ထပ်လိုနိုင်ပြီး ထိုကိစ္စရပ်အတွက် လူကြီးမင်းတို့အားလည်း အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။
လိုအပ်သော စာရွက်စာတမ်းများ
၁။ကြိုတင်ထုတ်ယူနိုင်သော ကျန်းမာရေးအကျိုးခံစားခွင့်များအတွက် အာမခံလျော်ကြေး တောင်းဆိုသူ၏ ထွက်ဆိုချက်
၂။ ရောဂါနှင့်သက်ဆိုင်သော ဆေးဘက်ဆိုင်ရာ မှတ်တမ်းအားလုံး (ဥပမာ - ဓာတ်ခွဲခန်း အဖြေများ)
၃။ အသက်အာမခံထားရှိသူထားသူ နှင့်အာမခံလျော်ကြေးတောင်းဆိုသူ၏ ဆွေမျိုးတော်ဆက်ပုံကို သက်သေပြနိုင်ရန်အတွက်လိုအပ်သောအထောက်အထားမိတ္တူ (For minor)
၄။ အသက်အာမခံထားရှိသူ၏ မှတ်ပုံတင်မိတ္တူ သို့ မွေးစာရင်းမိတ္တူ
၅။ အာမခံလျော်ကြေးတောင်းဆိုသူ၏ ဘဏ်စာအုပ် ပထမ စာမျက်နှာမိတ္တူ
ခန့်မှန်းသတ်မှတ်ထားသော လုပ်ငန်းစဉ်ကာလကား အဘယ်နည်း။
သေဆုံးမှုအတွက် အာမခံလျော်ကြေးတောင်းဆိုမှု တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များအတွက် ကူညီညွှန်ပြပေးသွားမှာဖြစ်ပါတယ်။
မတော်တဆမှုကြောင့်သေဆုံးမှုအတွက် အာမခံလျော်ကြေးတောင်းဆိုမှု တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များအတွက် ကူညီညွှန်ပြပေးသွားမှာဖြစ်ပါတယ်။
လုံးလုံးလျားလျားထာဝစဥ် မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံလျော်ကြေးတောင်းဆိုမှု တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များအတွက် ကူညီညွှန်ပြပေးသွားမှာဖြစ်ပါတယ်။
မတော်တဆမှုကြောင့်လုံးလုံးလျားလျားထာဝစဥ် မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံလျော်ကြေးတောင်းဆိုမှု တင်သွင်းခြင်းဆိုင်ရာလုပ်ငန်းစဉ်များအတွက် ကူညီညွှန်ပြပေးသွားမှာဖြစ်ပါတယ်။