အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ရုံးပိတ်ရက်ကို ဘာတွေလုပ်ရင်း ကုန်ဆုံးကြမလဲ 

စနေ၊ တနင်္ဂနွေနဲ့ ပိတ်ရက်တွေဆိုရင် ဘာတွေလုပ်လေ့ရှိကြလဲ။ ဘာတွေလုပ်ရင်း ကုန်ဆုံးလေ့ရှိကြသလဲ။

ပိတ်ရက်တွေ၊ အလုပ်နားရက်တွေကို ဘယ်လိုမျိုးအချိန်ဖြုန်းမလဲ၊ ကုန်ဆုံးမလဲဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မှာမဟုတ်ပါဘူး။

တစ်ချို့က အပြင်ထွက်ပြီး ဟိုဟိုဒီဒီသွားလာပြီးနေရတာကို ကြိုက်ကြပေမဲ့ တစ်ချို့ကတော့ အိမ်ထဲမှာ နေပြီး အချိန် ကုန်ရတာကို ပိုသဘောတွေ့တတ်ကြပါတယ်။ တကယ်လို့ သင့်အနေနဲ့ ပိတ်ရက်တွေမှာ ဘာတွေလုပ်ရင်ကောင်းမလဲ ဆိုပြီး တွေးနေရတုန်းဆိုရင်တော့ အိမ်မှာပဲ အချိန်ဖြုန်းလို့ကောင်းမဲ့ နည်းလမ်းလေးတစ်ချို့ကို မျှဝေပေးပါရစေ။

ကိုယ်ကြိုက်တဲ့ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေထိုင်ကြည့်မယ်။

နိစ္စဓူဝလုပ်ကိုင်နေရတဲ့အရာတွေကနေ ခဏလောက်ဖယ်ထွက်ပြီး ရုပ်ရှင်ဇာတ်လမ်းကောင်းကောင်းရှာပြီး စီးမျောလိုက်ပါ။ ရုပ်ရှင်တွေ၊ စီးရီးတွေကို ကိုယ့်မိသားစု၊ သူငယ်ချင်းတွေနဲ့အတူတူကြည့်မလား၊ ဒါမှမဟုတ် တစ်ယောက်ထဲ အေးအေး‌ဆေးဆေးကြည့်မလားဆိုတာကတော့ ဘယ်နည်းလမ်းက ကိုယ့်ကို ပိုပြီး စိတ်အပန်း ပြေစေမလဲဆိုတဲ့ ရွေးချယ်မှုအပေါ်မူတည်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအရာကိုပဲ‌ရွေးရွေး ဒါက သင့်စိတ်ကို အေးအေးလူလူနဲ့ သက်တောင့်သက်သာဖြစ်စေဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ။

အရသာရှိမယ်လို့ထင်တဲ့ ဟင်းပွဲအသစ်တွေ စမ်းလုပ်ကြည့်မယ်။

အရသာရှိတဲ့ဟင်းတွေကို ဖန်တီးတာက ဘယ်လိုအသက်အရွယ်အတွက်မဆို ပျော်ရွှင်စေပြီး အကျိုးရှိတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ကွတ်ကီးမုန့်တွေဖုတ်တာ၊ ဒါမှမဟုတ် ဟင်းတွေချက်တာ၊ ကိတ်မုန့်ဖုတ်တာ ဘယ်လိုအရာမျိုးဖြစ်ပါစေ ဒီလိုအရာတစ်ခုခုကို ဖန်တီးလုပ်ကိုင်ပြီဆိုကတည်းက ဒီအရာက သင့်ကို ပျော်ရွှင်မှု ပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ့်အိမ်ရဲ့ မီးဖိုချောင်လေးထဲမှာ မတူကွဲပြားတဲ့အရသာတွေကိုဖန်တီးပြီး ပျော်ရွှင်မှုကို ခံစားနိုင်ပါပြီ။

ကိုယ့်မိသားစုလေးနဲ့ ပိတ်ရက်တွေကို ကုန်ဆုံးမယ်။

မိသားစုနဲ့အတူတူ ပိတ်ရက်လေးတွေကို ကုန်ဆုံးနိုင်ခြင်းက ပျော်ရတဲ့အမှတ်တရတွေကို ဖန်တီးနိုင်တဲ့အပြင် ကိုယ်နဲ့မိသားစုအကြားမှာ ခိုင်မာတဲ့နှောင်ကြိုးတွေကို ပိုပြီးဖြစ်စေလို့ မရှိမဖြစ် အရေးပါတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ အတူရှိနေရတဲ့အခိုက်အတန့်မှာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပိုပြီးရင်းနှီးလာနိုင်သလို သူတို့ဘာကြိုက်တယ်၊ မကြိုက်ဘူးဆိုတဲ့ အကြောင်းအရာတွေကိုလည်း အချင်းချင်း မျှဝေလေ့လာနိုင်မယ့် အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို မွေးမြူသွားမယ်ဆိုရင် သင်နဲ့သင့်မိသားစုကြားမှာ ချစ်ခြင်းမေတ္တာနဲ့ အချင်းချင်းအလေးထားမှုကို ပြသတည်ဆောက်သွားနိုင်မှာပါ။

ကိုယ့်အိမ်ရဲ့ အပြင်အဆင်တွေကို ဟိုနားဒီနား‌ပြောင်းလဲပစ်မယ်။

အိမ်လေးကို ရိုးရိုးရှင်းရှင်းပြင်ဆင်မွမ်းမံတာက သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုပြီးကောင်းလာ‌အောင် ဖန်တီးနိုင် မယ့်အခြေအနေတစ်ခုဖြစ်ပါတယ်။ နံရံတွေကို ဆေးရောင်ပြောင်းတာ၊ ပန်းချီဆွဲတာနဲ့ အိမ်အတွင်း မီးအလင်း ရောင်ပြောင်းလဲတာ၊ အစရှိတဲ့ နည်းလမ်းတွေက သင့်အိမ်လေးကို ပိုသက်တောင့်သက်သာရှိတဲ့ ရပ်ဝန်းလေး တစ်ခုအောင် ပြောင်းလဲပေးနိုင်မှာလည်းဖြစ်ပါတယ်။

 ကိုယ်ဝါသနာပါတဲ့ လက်မှုအနုပညာတွေကို စပြီး ဖန်တီးကြည့်မယ်။

လက်မှုပညာဖန်တီးတယ်ဆိုတာ ကိုယ့်ရဲ့တီထွင်လုပ်ဆောင်နိုင်စွမ်းကို ချဲ့ထွင်ရာမှာ အမြင့်ဆုံး အထောက်အပံ့ ဖြစ်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ပန်းချီဆွဲတာ၊ မြေအိုးတွေလုပ်အပြင် ဇာထိုးပန်းထိုး အစရှိတာတွေ အပြင် ဘယ်လိုလက််မှုပညာကိုမဆို လုပ်ပြီး ကိုယ့်ကိုယ်ထဲမှာရှိနေတဲ့ အနုပညာအရည်အသွေးတွေကို ဖွင့်ချပစ် လိုက်ဖို့လိုအပ်ပါတယ်။ တီထွင်ဖန်တီးမှုတွေလုပ်ဖို့ မစိုးရိမ်နေဘဲ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်စွာ ရွက်လွှင့်လိုက်ပါ။

အိမ်ထဲမှာ လုပ်လို့ရမဲ့ အားကစားနည်းတွေကို လိုက်လုပ်မယ်။

နေ့စဥ်လုပ်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားတွေက စိတ်ခံစားချက်တွေနဲ့ စွမ်းအားတွေကို ပိုပြီး အဆင့်မြှင့်တင် ပေးနိုင်တဲ့အပြင် စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ချနိုင်ဖို့ရာ ကူညီပြီး စီမံခန့်ခွဲပေးနိုင်ပါတယ်။ အိမ်မှာနေရင်း ကိုယ်လက်လှုပ်ရှားလုပ်နိုင်မယ့် နည်းလမ်းတွေကို အင်တာနက်ပေါ်ကနေ အခမဲ့ရှာဖွေရရှိနိုင်တာ ဖြစ်လို့ ကိုယ့်အိမ်မှာလဲ သက်တောင့်သက်သာနဲ့ တက်တက်ကြွကြွရှိဖို့ လုပ်ဆောင်နိုင်မှာပါ။

·ကိုယ်ဖတ်မယ်ဆိုပြီး တေးမှတ်ထားတာ၊ ဒါမှမဟုတ် ကိုယ့်အကြိုက်ဆုံးစာအုပ်ကို အချိန်ပေးဖတ်မယ်။

အရမ်းကြိုက်တဲ့စာအုပ်ကောင်းတစ်အုပ်ထဲမှာ စီးမျောနစ်ဝင်ရတာလောက် ကောင်းတဲ့အရာမရှိပါဘူး။ ဝတ္တု ဇာတ်လမ်းဟုတ်ဟုတ်၊ မဟုတ်ဟုတ် စာဖတ်နေခြင်းကိုက သင့်စိတ်ကို အပန်းပြေစေတဲ့ အကောင်းဆုံးနည်း တစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်အတွက် အချိန်နည်းနည်းလောက်ဖဲ့ပေးပြီး သင်အကြိုက်ဆုံး စာအုပ်ထဲမှာ နစ်မြောလိုက်ပါ။

ရေနွေးနွေးလေးထဲမှာ စိမ်ပြီး အကြောပြေအောင်နေတာ ဒါမှမဟုတ် ကိုယ့်အလှအပအတွက် ဂရုတစိုက် လုပ်ကြည့်မယ်။

အိမ်မှာပဲ သာသာယာယာဝန်းကျင်လေးတစ်ခုကို ဖန်တီးဖို့ဆို စိတ်ကိုလန်းဆန်းစေတဲ့ ဖယောင်းတိုင်တွေ၊ သီချင်းတွေနဲ့ အကောင်းစားရေချိုးဆပ်ပြာ စတာတွေသုံးပြီး ကိုယ့်ရဲ့စိတ်ကို လန်းဆန်းအပန်းပြေစေနိုင် ပါတယ်။ စိတ်ဖိစီးမှုတွေကို ခဏလောက်ဘေးဖယ်ပြီး ကိုယ့်ရဲ့စိတ်ကို ပြန်လည်နုပျိုစေမယ့် ကိုယ့်အိမ်က Home Spa မှာ အနားယူဖို့လိုအပ်ပါတယ်။ 

စာဖတ်သူနှင့် သင့်တော်နိုင်မည့် အာမခံအမျိုးအစားများ

Protection

သင်နှင့်သင့်မိသားစုအတွက် ငွေကြေးဆိုင်ရာဖြေရှင်းမှုနှင့် အကာအကွယ်ပေးဖို့  Manulife ရဲ့ဘ၀အာမခံ

Protection

အသက်စိုးရိမ်ဖွယ်ရောဂါများကို ကုသရတဲ့အခါ သင့်မိသားစုအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် Manulife ရဲ့ ပြင်းထန်‌ရောဂါအာမခံနဲ့ ကာကွယ်ထားနိုင်ပါတယ်။

  • လစဉ် ဘတ်ဂျက်ကို စနစ်တကျ စီမံခန့်ခွဲသင့်တဲ့ အကြောင်းရင်း (၃) ချက်

    ဘတ်ဂျက်ခွဲတယ်ဆိုတာ ငွေရေးကြေးရေး စီမံခန့်ခွဲမှုတစ်ခုဆိုတာထက် ပိုပါတယ်။ ဒါက ငွေနဲ့ ကိုယ့်ကြားက ဆက်ဆံရေးကို တိုးတက်စေသလို ပိုခိုင်မာတဲ့ အနာဂတ်အတွက်လည်း လမ်းဖောက်ပေးနိုင်တယ်လေ။ လိုချင်စရာတွေ များပြီး မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ အမြဲရှိတဲ့ ကမ္ဘာကြီးမှာ လစဉ် ဘတ်ဂျက်ချခြင်းကလည်း ငွေကြေးကို အမျှော်အမြင်ရှိရှိ သုံးစွဲတတ်မှုရဲ့ အခြေခံတစ်ခုပါပဲ။ ဒါဆို ဒီအလေ့အကျင့်ကို ဘာလို့ လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်း (၃) ချက်ကို အတူတူ ကြည့်ကြည့်လိုက်ရအောင်။

    ဆက်လက်ဖတ်ရှုရန်
  • အမြဲတမ်း “ရယ်” ဖို့သတိရပါ

    ရယ်မောခြင်းက သင်အသက်အရှည်ဖို့ အရိုးရှင်းဆုံး မှီဝဲလို့ရတဲ့ ဆေးတစ်ခွက်ပါ။ဟက်ဟက်ပက်ပက်ရယ်လိုက်ခြင်းက သင့်ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်တွေ ပိုပြီးသန်မာအားကောင်းလာစေသလို စိတ်ဖိစီးမှု တွေ၊ စိတ်ရဲ့ နာကျင်မှုတွေကို ကုစားဖို့ အကောင်းဆုံးစိတ်စွမ်းအားတစ်ခု ဖြစ်ပါတယ်။ 

    ဆက်လက်ဖတ်ရှုရန်
  • သင်တို့အတွက် အမြဲအဆင်သင့်ရှိနေမှာပါ

    အောက်တိုဘာလ ၃ ရက်ကနေ ၇ ရက်နေ့အထိ ရက်သတ္တပတ်တာကို Manulife က Customer Service Week အဖြစ် သတ်မှတ်ပြီး နိုင်ငံအသီးသီးမှာရှိတဲ့ Customer Service Team တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုဆွေးနွေးပွဲတွေကို ရက်သတ္တပတ်တာလုံးမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

    ဆက်လက်ဖတ်ရှုရန်
အားလုံးကြည့်ရှုရန်

Manulife အသက်အာမခံအမျိုးအစားများအကြောင်း ပိုမိုသိရှိလိုပါက