ဖောက်သည်တွေနဲ့အတူ လက်တွဲပြီး နေထိုင်ရာကမ္ဘာမြေကို အနာဂတ်မှာပိုမိုစိမ်းလန်းစေဖို့ Manulife Myanmar က ပဲခူးမြို့က “ပန်းပျိုးလက်ပရဟိတကျောင်း”မှာ ပျိုးပင်ပေါင်းတစ်ထောင်ကို ပြီးခဲ့တဲ့ဇွန်လတုန်းက အတူတကွ စိုက်ပျိုးခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံကမိသားစုတွေရဲ့ အနာဂတ်ဘဝတွေအတွက် လုံခြုံစိတ်ချရစေဖို့ ကူညီဆောင်ရွက်ပေးနေတာဖြစ်သလို ကမ္ဘာမြေကိုလည်း ပိုပြီးစိမ်းလန်းသာယာစေဖို့နဲ့ မနက်ဖြန်တိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ လူမှုအသိုက်အဝန်းတွေ ရရှိလာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပုံဖော်ခဲ့ကြတာဖြစ်ပါတယ်။
Manulife Protector ပေါ်လစီတစ်စောင်ရောင်းရတိုင်း သစ်ပင်တစ်ပင်စိုက်ပျိုးပေးမဲ့ “တို့ကမ္ဘာဖို့ တို့စိုက်ပျိုး” ဆိုတဲ့ကမ်ပိန်း ကို Manulife Myanmar က ဒီနှစ်ရဲ့ ဖေဖေါ်ဝါရီလကစတင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလမှာ ကမ်ပိန်းကာလပြီးဆုံးသွား ခဲ့ပြီး ဒီကမ်ပိန်းကနေ ပျိုးပင်းပေါင်း ၁၀၀၀ စိုက်ပျိုးပေးဖို့ဖြစ်လာခဲ့ပါတယ်။ ရေရှည်တည်တံ့တဲ့ သဘာဝပတ်ဝန်းကျင်ဖြစ်ဖို့ နဲ့ အနာဂတ်မျိုးဆက်တွေအတွက် ကမ္ဘာမြေကို ကာကွယ်ပေးဖို့ စတဲ့အရေးပါတဲ့အခန်းကဏ္ဍတွေအပေါ် မြှင့်တင်ပေးနိုင်ဖို့ လူသား တစ်ဦးချင်းစီကို တိုက်တွန်းအားပေးဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီကမ်ပိန်းကို စတင်ခဲ့တာပါ။
Manulife Myanmar က စီစဥ်တဲ့ သစ်ပင်စိုက်ပွဲကို Manulife ရဲ့ ဝန်ထမ်းတွေအပြင်၊ Insurance Advisor တွေ၊ Customers တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပါ လိုက်ပါပြီး ဝါးပင်၊ မျောက်ငိုပင်နဲ့ သင်္ဘောပင် အစရှိတဲ့ ပျိုးပင်ပေါင်း (၁၀၀၀) ကို အတူတကွ စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ သစ်ပင်စိုက်တာအပြင် ပန်းပျိုးလက်ပရဟိတကျောင်းက မိဘမဲ့ကလေးငယ်တွေ အတွက် လိုအပ်တာတွေလှူဒါန်းခဲ့ကြသလို ဂိမ်းအစီအစဥ်တွေကိုလည်း ပျော်ပျော်ပါးပါးကစားခဲ့ကြပါတယ်။
ဒါ့အပြင် ကမ်ပိန်းကာလထဲမှာ ပေါ်လစီအများဆုံးရောင်းချနိုင်ခဲ့တဲ့ Insurance Advisor ၁၀ ဦးကို Manulife Myanmar Green Ambassador ဆုပေးအပ်ခဲ့ရာ The Glorious က မဆုမွန်အောင်၊ ဒေါက်တာစိုးရန်အောင် နဲ့ မညိုညိုစိမ့် တို့ကလည်ကောင်း၊ Horizon မှ မမြင့်သီတာဦး၊ မဖြူသက်စိုး၊ မလှနုထွေး နဲ့ မအေမီသိင်္ဂီဝင်းတို့ကလည်ကောင်း၊ Game Changer မှ ကိုဇင်မင်းခိုင်၊ ကိုမင်းသူနဲ့ ကိုကျော်စွာတို့က အသီးသီးရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။
လစဉ် ဘတ်ဂျက်ကို စနစ်တကျ စီမံခန့်ခွဲသင့်တဲ့ အကြောင်းရင်း (၃) ချက်
ဘတ်ဂျက်ခွဲတယ်ဆိုတာ ငွေရေးကြေးရေး စီမံခန့်ခွဲမှုတစ်ခုဆိုတာထက် ပိုပါတယ်။ ဒါက ငွေနဲ့ ကိုယ့်ကြားက ဆက်ဆံရေးကို တိုးတက်စေသလို ပိုခိုင်မာတဲ့ အနာဂတ်အတွက်လည်း လမ်းဖောက်ပေးနိုင်တယ်လေ။ လိုချင်စရာတွေ များပြီး မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ အမြဲရှိတဲ့ ကမ္ဘာကြီးမှာ လစဉ် ဘတ်ဂျက်ချခြင်းကလည်း ငွေကြေးကို အမျှော်အမြင်ရှိရှိ သုံးစွဲတတ်မှုရဲ့ အခြေခံတစ်ခုပါပဲ။ ဒါဆို ဒီအလေ့အကျင့်ကို ဘာလို့ လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်း (၃) ချက်ကို အတူတူ ကြည့်ကြည့်လိုက်ရအောင်။
အမြဲတမ်း “ရယ်” ဖို့သတိရပါ
ရယ်မောခြင်းက သင်အသက်အရှည်ဖို့ အရိုးရှင်းဆုံး မှီဝဲလို့ရတဲ့ ဆေးတစ်ခွက်ပါ။ဟက်ဟက်ပက်ပက်ရယ်လိုက်ခြင်းက သင့်ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်တွေ ပိုပြီးသန်မာအားကောင်းလာစေသလို စိတ်ဖိစီးမှု တွေ၊ စိတ်ရဲ့ နာကျင်မှုတွေကို ကုစားဖို့ အကောင်းဆုံးစိတ်စွမ်းအားတစ်ခု ဖြစ်ပါတယ်။
သင်တို့အတွက် အမြဲအဆင်သင့်ရှိနေမှာပါ
အောက်တိုဘာလ ၃ ရက်ကနေ ၇ ရက်နေ့အထိ ရက်သတ္တပတ်တာကို Manulife က Customer Service Week အဖြစ် သတ်မှတ်ပြီး နိုင်ငံအသီးသီးမှာရှိတဲ့ Customer Service Team တွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုဆွေးနွေးပွဲတွေကို ရက်သတ္တပတ်တာလုံးမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။