အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back


မြန်မာနိုင်ငံမှ Customer များအတွက် ပြီးပြည့်စုံသော ဝန်ဆောင်မှုများ ပေးနိုင်စေရေး Manulife Myanmar နှင့် AYA SOMPO အာမခံကုမ္ပဏီတို့ မဟာဗျူဟာမြောက် စတင် ပူးပေါင်း 

June 25, 2026

ရန်ကုန်၊ မြန်မာ, ဇွန်လ ၂၅ရက် –  Manulife Myanmar နှင့် AYA SOMPO အာမခံကုမ္ပဏီတို့အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း ကြေညာခဲ့ရာ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာနိုင်ငံအတွင်းရှိ အသက်အာမခံ ထားရှိသူများအတွက် ပိုမိုကောင်းမွန်ပြီး ပြီးပြည့်စုံသော အသက်အာမခံဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အသက်အာမခံကုမ္ပဏီနှင့် အထွေထွေအာမခံကုမ္ပဏီတို့အကြား အားသာချက်များကို အပြန်အလှန် ပေါင်းကူးပေးထားခြင်းလည်း ဖြစ်သည်။

 

ဤပူးပေါင်းဆောင်ရွက်မှုတစ်စိတ်တစ်ဒေသအဖြစ် Manulife Unique Care အမည်ရှိ အသက်အာမခံကို စတင်မိတ်ဆက်ခဲ့ ပြီး မြန်မာမိသားစုများအားလုံးအတွက် ကျန်းမာရေးနှင့် ငွေကြေးဆိုင်ရာအကာအကွယ်များ တိုးတက်ကောင်းမွန်လာစေရန် လုပ် ဆောင်သွားမည်ဆိုသော နှစ်ဖက်ဘုံကတိကဝတ်များကို ထင်ဟပ်စေရန် ပေါင်းစည်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

ထိုကဲ့သို့ အသက်အာမခံနှင့် အထွေထွေအာမခံလုပ်ငန်းနှစ်ခုတို့အကြား ကျွမ်းကျင်မှုများကို ပေါင်းစပ်ခြင်းဖြင့် ပေါ်ထွက်လာသော အဆိုပါ မိတ်ဖက်အသက်အာမခံအမျိုးအစားမှာ နိုင်ငံအတွင်းမှ အသက်အာမခံထားရှိသူများ၏ ပြောင်းလဲလာသော ကျန်းမာရေးနှင့် ငွေကြေးဆိုင်ရာလိုအပ်ချက်များကို ဖြေရှင်းပေးရာတွင် ရိုးရှင်းပြီး ပြည့်စုံသော အသက်အာမခံအကာအကွယ်ကို ပေးအပ်နိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားခြင်း ဖြစ်သည်။

 

“Customer တွေက အသက်အာမခံနဲ့ ပတ်သက်ရင် ရှင်းရှင်းလင်းလင်းသိရပြီး သူတို့အတွက် အသင့်တော်ဆုံး အာမခံအကာအကွယ်ကို ရှာဖွေလာကြချိန်မှာ Manulife ကလည်း Customer တွေနဲ့ပတ်သက်ရင် သူတို့ရဲ့အနာဂတ်၊ မိသားစု တွေအတွက် အသက်အာမခံထားရှိဖို့လုပ်ဆောင်ရာမှာ အချက်အလက်တွေ ပြည့်စုံအောင်ရရှိပြီး လွယ်လွယ်ကူကူနဲ့ အမှန်အကန် ဆုံး ဆုံးဖြတ်နိုင်လာအောင် အာရုံစိုက်ထားပါတယ်။ အခုပူးပေါင်းမှုမှာ ကျွန်တော်တို့အနေနဲ့ စိတ်ချယုံကြည်ရတဲ့ မိတ်ဖက်လုပ်ငန်း တစ်ခုဖြစ်တယ်ဆိုတဲ့ အခန်းကဏ္ဍကို အားကောင်းလာစေရုံသာမကဘဲ Customer တွေအတွက်လည်း အလွယ်တကူ ဝယ်ယူ နိုင်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ရိုးရှင်းတဲ့အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။” ဟု  Manulife Myanmar ၏ အမှုဆောင်အရာရှိ ချုပ် Gaurav Sharma က ပြောကြားခဲ့သည်။

 

အသက်အာမခံအမျိုးအစား သို့မဟုတ် ဝန်ဆောင်မှုတစ်ခုထက် သာလွန်သော ယခုပူးပေါင်းဆောင်ရွက်မှုသည် Manulife ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် များစွာသောကတိကဝတ်များကို ထင်ဟပ်ပြသလျက်ပြီး ကဏ္ဍအသီးသီးမှ အရေးပါသော မိတ်ဖက် လုပ်ငန်းများနှင့် ပူးပေါင်းပြီး customer များအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။

 

“ဒီကနေ့ Manulife နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာဆိုရင် မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်လာကြတယ်ဆိုရုံသာမက နှစ်ဖက် အဖွဲ့အစည်းကြားက ဘုံရည်မှန်းချက်တစ်ခုကိုလည်း ကိုယ်စားပြုတာဖြစ်ပါတယ်။ အခုလို ကျွန်တော်တို့နဲ့ ရပ်တည်မှု၊ အတွေးအခေါ်တူညီတဲ့ Manulife ကဲ့သို့သော အဖွဲ့အစည်းနဲ့ လက်တွဲလုပ်ဆောင်ခွင့်ရခြင်းအားဖြင့် ရေရှည်မှာ customer တွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ငွေကြေးဆိုင်ရာ လုံခြုံမှု၊ ရေရှည်ကောင်းကျိုးရှိဖို့ စတာတွေကို ပံ့ပိုးပေးဖို့ရာ လုပ်ဆောင်နိုင်စွမ်း ဟာ အလွန်တရာမှ အားကောင်းလာတော့မှာပါ။ ဒါက ကျွန်တော်တို့ရဲ့ Customer တွေအတွက် အဖိုးတန်တဲ့ဝန်ဆောင်မှုကို ပေးအပ်ဖို့ လုပ်ဆောင်ရာမှာ မည်သို့သောအကန့်အသတ်မှ ထားရှိနေမှာမဟုတ်ဘူးဆိုတာကို ပြသလိုက်တာပါပဲ။” ဟု AYA SOMPO အာမခံ၏ အမှုဆောင်အရာရှိချုပ် ဦးမျိုးမင်းသူက ပြောကြားခဲ့သည်။

 

အချုပ်အားဖြင့်ဆိုသော Manulife နှင့် AYA SOMPO အာမခံတို့၏ နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် customer များအတွက် ကောင်းမွန်သောအကျိုးကျေးဇူးများ ပေါ်ပေါက်လာစေမည်ဟူသော ယုံကြည်ချက်ကို ရှင်းလင်းပြတ်သားစွာ ပုံဖော် ပြသနေခြင်းဖြစ်ပြီး၊ အပြန်အလှန်အားသာချက်များကို ပေါင်းစပ်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် ရေရှည်ခိုင်မာပြီး customer ဗဟိုပြုသော အနာဂတ်ကောင်းကို ဖန်တီးနိုင်မည်လည်း ဖြစ်ပါသည်။

 

Manulife Myanmar အကြောင်း

Manulife Myanmar သည် Manulife Financial Corporation လက်အောက်တွင်ရှိသော နိုင်ငံခြားသား အပြည့်အဝပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည်။ Manulife သည် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ၏ အသက်အာမခံ လုပ်ငန်းအတွက် အဓိကထား လုပ်ဆောင်ပြီး မြန်မာနိုင်ငံသားများကို ဘဏ္ဍာရေးဆိုင်ရာအကာအကွယ်များထောက်ပံ့ပေးကာ မြန်မာမိသားစုများအတွက် ပိုမိုကျန်းမာပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဘဏ္ဍာရေးအနာဂတ်တည်ဆောက်ရာတွင် ကူညီပေးလျက် ရှိသည်။ Manulife Myanmar အကြောင်း ပိုမိုသိရှိလိုပါက https://www.manulife.com.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

 

Manulife အကြောင်း

Manulife Financial Corporation သည် ထိပ်တန်းမှဦးဆောင်နေသည့် နိုင်ငံတကာငွေ‌ရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Customers များအား ဆုံးဖြတ်ချက်ချရာတွင် ပိုမို လွယ်ကူစေရန်နှင့် ကောင်းမွန်သည့် ဘဝများ ရရှိစေရန် ကူညီပေးလျက်ရှိသည်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံး ဆိုင်ရာရုံးချုပ်နှင့်အတူ Manulife အမည်ဖြင့် ကနေဒါ၊ အာရှနှင့် ဥရောပနိုင်ငံများရှိ ရုံးခန်းများတွင် လုပ်ငန်း လည်ပတ်လျက်ရှိကာ အမေရိကန်ပြည်ထောင်စုတွင် John Hancock အမည်နှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ငွေရေးကြေးရေးဆိုင်ရာ အကြံပြု ချက်များ၊ အာမခံနှင့် ဓနဥစ္စာပိုင်ဆိုင်မှုပစ္စည်း စီမံခန့်ခွဲမှု ပြဿနာ ဖြေရှင်းနည်းများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် သို့မဟုတ် အဖွဲ့အစည်းများအတွက်ဖြစ်စေ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၂၀၂၅ နှစ်ကုန်တွင် ဝန်ထမ်းပေါင်း ၃၇,၀၀၀ ကျော်၊ အေးဂျင့်ပေါင်း ၁၀၆,၀၀၀ ကျော်နှင့် ဖြန့်ချိရေးပါတနာများ ထောင်ကျော်ရှိပြီး ဝယ်ယူသူ ၃၇ သန်းကျော်ကို ကမ္ဘာတစ်ဝန်းရှိ စျေးကွက် ၂၅ခုတွင် ဝန်ဆောင်မှုပေးလျက်ရှိနေပါသည်။ ကျွန်ုပ်တို့သည် တိုရွန်တို၊ နယူးယောက်နှင့် ဖိလစ်ပိုင်စတော့အိတ်ချိန်းများတွင် ‘MFC’ ဖြင့် လည်းကောင်း၊ ဟောင်ကောင်တွင် '945’ ဖြင့်လည်းကောင်း ကုန်သွယ် လုပ်ဆောင်လျက်ရှိပါသည်။

 

About AYA SOMPO Insurance

AYA SOMPO Insurance Company Limited is a general insurance company formed through a partnership with SOMPO Holdings, one of Japan’s leading insurance groups. Built on a strong foundation since 2013, AYA SOMPO combines local expertise with global experience to deliver comprehensive insurance solutions that protect individuals, families, and businesses while ensuring peace of mind. With a nationwide presence across more than 40 cities and a strong customer network, AYA SOMPO is committed to innovation, trust, and customer-centric service. As part of one of the country’s largest financial groups, AYA SOMPO integrates strong local knowledge with international expertise and an extensive network. We are also a proud participant of the UN Global Compact.

Want to learn more about Life Insurance?