အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ပြင်းထန်ရောဂါကုသမှုများအတွက် ငွေကြေးအထောက်အပံ့ပေးနိုင်မည့် အာမခံအစီအစဥ်အသစ်ကို Manulife Myanmar မှ စတင်မိတ်ဆက်

ဇန်နဝါရီလ ၂၈ရက်၊ ၂၀၂၂

ရန်ကုန်၊ မြန်မာ ။ ။ Manulife Myanmar မှ Manulife ပြင်းထန်ရောဂါအာမခံအစီအစဥ်သစ်ကို ယနေ့စတင်မိတ်ဆက်လိုက် ပြီဖြစ်ပြီး အဆိုပါအာမခံအမျိုးအစားမှာ မြန်မာနိုင်ငံမှ အသက်အာမခံဝယ်ယူသူများနှင့် မိသားစုများအတွက် အသက်အန္တရာယ် စိုးရိမ်ဖွယ် ပြင်းထန်ရောဂါ များဖြစ်ပွားလာပါက ရောဂါကုသမှုခံယူရာတွင် ကုန်ကျမည့် စရိတ်များအတွက် စိုးရိမ်ပူပန်မှုမဖြစ်စေရန် အကာအကွယ်ပေးနိုင်မည် ဖြစ်သည်။ Manulife ပြင်းထန်ရောဂါအာမခံမှာ ထပ်တိုးအာမခံအမျိုးအစားဖြစ်သောကြောင့် Manulife ဘဝအာမခံ ကဲ့သို့သော အခြေပြုအာမခံအမျိုးအစားများ၏ ထပ်တိုးအကျိုးခံစားခွင့်အနေဖြင့် ပူးတွဲထားရှိနိုင်မည်ဖြစ်သည်။

ကျန်းမာစွာအသက်ရှင်နေထိုင်နိုင်ခြင်းအတွက် စဥ်ဆက်မပြတ်လုပ်ဆောာင်ပေးလိုသော Manulife ၏ ရည်ရွယ်ချက်တစ်စိတ်တစ်ပိုင်း အနေနှင့် အဆိုပါ ထပ်တိုးအာမခံအမျိုးအစားမှာ မြန်မာနိုင်ငံသားများအတွက် အလွယ်တကူဖြင့် ကျန်းမာခြင်းနှင့်ညီညွတ်သော ရွေး ချယ်မှုများကို ပိုမိုလက်လှမ်းမီလာစေရန် ပံ့ပိုးပေးသော အစီအစဥ်တစ်ရပ်ဖြစ်သည်။   Manulife ဘဝအာမခံအခြေပြု ထပ်တိုးအာမခံ မှာ အသက်အာမခံထားရှိသူများအတွက် အသက်သေဆုံးခြင်းကိုသာမက ရာသက်ပန်ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်ခြင်းတို့မှ အကာ အကွယ်ပေးထားမည်ဖြစ်သည့်အပြင် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာရှိသည့် ပြင်းထန်ရောဂါများဖြစ်ပွားခြင်းကြောင့် ဆေးကုသ စရိတ် အမြောက်အများကုန်ကျခြင်း၊ ဘဝအတွက် ဝင်ငွေထိခိုက်ဆုံးရှုံးသည့် အန္တရာယ်များမှလည်း ကာကွယ်ပေးသွား မည်ဖြစ်သည်။ ထိုကဲ့သို့ အထောက်အပံ့များရရှိခြင်းကြောင့် မိသားစုဝင်များအပေါ် သက်ရောက်နိုင်သည့် ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပစ်လိုက် နိုင်မည်ဖြစ်ကာ အသက်အာမခံထားရှိသူအနေနှင့်လည်း မိမိ၏ ရောဂါဝေဒနာပျောက်ကင်း သက်သာရေးအပေါ်ကိုသာ ရှေးရှုထား ကုသနိုင်မည် ဖြစ်သည်။

Manulife Myanmar ၏ Chief Executive Officer ဖြစ်သူ Mr. Robert Elliott က "မြန်မာနိုင်ငံက မိသားစုဝင်တွေအတွက် ပိုကောင်းတဲ့ ငွေကြေးဆိုင်ရာအနာဂတ်တွေရရှိစေဖို့ ကူညီပေးမယ်ဆိုတဲ့နေရာမှာ အထူးသဖြင့် သူတို့အတွက် မျှော်လင့်မထားတဲ့ ပြင်းထန်ရောဂါဝေဒနာတွေကြောင့် အခက်အခဲဖြစ်စေတာမျိုးကနေ အကာအကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ကတိကဝတ်တွေ ထားရှိထားပါတယ်။ ကျွန်တော်တို့ Manulife ဟာဆိုရင် မြန်မာနိုင်ငံက မိသားစုတွေအတွက် ဘဝအာမခံနဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ မြန်မာနိုင်ငံထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အသက်အာမခံများကို ဆောင်ရွက်ပေးခြင်းဖြင့် အသက်အာမခံထားရှိသူတွေရဲ့ ဘဝတွေကို အကာအကွယ်ပေးရုံသာမက သူတို့ရဲ့မိသားစုဝင်တွေအထိကိုပါ စိတ်အေးချမ်းမှု ရရှိစေဖို့ ထောက်ပံ့လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

Manulife ပြင်းထန်ရောဂါအာမခံမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် ရောဂါဝေဒနာများကို ကုသရာတွင် ကုန်ကျနိုင်သည့် ဆေးဝါး ကုသစရိတ် အများအပြားအတွက် အထောက်အပံ့ပေးခြင်းဖြင့် အသက်အာမခံထားရှိသူအတွက် ကုန်ကျစရိတ် သက်သာစေနိုင်မည့် နည်းလမ်းတစ်ခုဖြစ်ပြီး ပြင်းထန်ရောဂါတစ်ခုခုအတွက် အကျိုးခံစားခွင့် ထုတ်ယူပြီးပါက ပရီမီယံပေးသွင်းငွေများကို ကင်းလွတ်ခွင့် ရရှိစေမည်ဖြစ်သည်။ အခွန်ထမ်းပြည်သူများအနေနှင့်မူ ပေးသွင်းလိုက်သည့် ပရီမီယံကြေးပမာဏကိုလည်း ဝင်ငွေခွန် အတွင်း ထည့်သွင်း တွက်ချက်ကာ သက်ဆိုင်ရာ ပမာဏအလိုက် သက်သာခွင့်ရရှိဦးမည် ဖြစ်သည်။  

Manulife ပြင်းထန်ရောဂါအာမခံတွင် အသက်အန္တရာယ်စိုးရိမ်ဖွယ်ပြင်းထန်ရောဂါများကို ကုသရန်အတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများပေးအပ်သွားမည်ဖြစ်ပြီး ပြင်းထန်သောကင်ဆာ၊ လေဖြတ်ခြင်း၊ ရုတ်တရက်နှလုံးဖောက်ခြင်း၊ နှလုံးပတ်သွေးလွှတ် ကြော လမ်းကြောင်းလွှဲခွဲစိတ်ကုသမှု၊ နှလုံးပင်မသွေးလွှတ်ကြော ခွဲစိတ်ကုသမှု၊ အဆုတ်ရောဂါနောက်ဆုံးအဆင့်၊ အသည်းပျက်စီးခြင်း နောက်ဆုံးအဆင့်၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ ပန်ကရိယ အစရှိသော အ‌ရေးကြီး ကိုယ်တွင်း အင်္ဂါများ အစားထိုးကုသခြင်းများ စသည့်ပြင်းထန်ရောဂါများ အကျုံးဝင်မည်ဖြစ်သည်။

Manulife ပြင်းထန်ရောဂါအာမခံနှင့် Manulife ဘဝအာမခံအမျိုးအစားကို Manulife ၏ အာမခံအကြံပေးပုဂ္ဂိုလ်များ နှင့် မိတ်ဖက်ဘဏ်ခွဲများတွင် ဝယ်ယူနိုင်ပြီဖြစ်ပါသည်။ ယခုသတင်းထုတ်ပြန်ချက်တွင် ပါရှိသောအချက်အလက်များမှာ အာမခံအမျိုး အစားအလိုက် သတ်မှတ်ထားသောအသေးစိတ်အကြောင်းအရာများ၏ တစ်စိတ်တစ်ဒေသသာဖြစ်ပြီး ကိုးကားရန် အတွက်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက Manulife Myanmar ၏ Customer Care Team ဖုန်းနံပါတ် ၀၉၇၆၅၄၆၇၁၀၀ ၊ အီးမေလ်း Customer_Service_MM@manulife.com သို့မဟုတ် Manulife Myanmar ဝက်ဘ်ဆိုဒ်  https://www.manulife.com.mm/en/products.html for more details  သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

Manulife Myanmar အကြောင်း

Manulife Myanmar သည် Manulife Financial Corporation လက်အောက်တွင်ရှိသော နိုင်ငံခြားသား အပြည့်အဝပိုင်ဆိုင် သည့် အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည်။ Manulife သည် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ၏ အသက်အာမခံလုပ်ငန်းအတွက် အဓိကထား လုပ်ဆောင်ပြီး မြန်မာနိုင်ငံသားများကို ဘဏ္ဍာရေးဆိုင်ရာအကာအကွယ်များထောက်ပံ့ပေးကာ မြန်မာမိသားစုများအတွက် ပိုမိုကျန်းမာ ပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဘဏ္ဍာရေးအနာဂတ်တည်ဆောက်ရာတွင် ကူညီပေးလျက်ရှိသည်။ Manulife Myanmar အကြောင်း ပိုမိုသိရှိလိုပါက https://www.manulife.com.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

 

Manulife အကြောင်း

Manulife Financial Corporation သည် ထိပ်တန်းမှဦးဆောင်နေသည့် နိုင်ငံတကာငွေ‌ရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Customers များအား ဆုံးဖြတ်ချက်ချရာတွင် ပိုမို လွယ်ကူစေရန်နှင့် ကောင်းမွန်သည့် ဘဝများ ရရှိစေရန် ကူညီပေးလျက်ရှိသည်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံး ဆိုင်ရာရုံးချုပ်နှင့်အတူ Manulife အမည်ဖြင့် ကနေဒါ၊ အာရှနှင့် ဥရောပနိုင်ငံများရှိ ရုံးခန်းများတွင် လုပ်ငန်းလည်ပတ်လျက်ရှိကာ အမေရိကန်ပြည်ထောင်စုတွင် John Hancock အမည်နှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ငွေရေးကြေးရေးဆိုင်ရာ အကြံပြု ချက်များ၊ အာမခံနှင့် ဓနဥစ္စာပိုင်ဆိုင်မှုပစ္စည်း စီမံခန့်ခွဲမှု ပြဿနာဖြေရှင်းနည်းများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် သို့မဟုတ် အဖွဲ့အစည်းများအတွက်ဖြစ်စေ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၂၀၂၀ နှစ်ကုန်တွင် ဝန်ထမ်းပေါင်း ၃၅,၀၀၀ ကျော်၊ အေးဂျင့်ပေါင်း ၉၈,၀၀၀ ကျော်နှင့် ဖြန့်ချိရေးပါတနာများ ထောင်ကျော်ရှိပြီး ဝယ်ယူသူ သန်း ၃၀ နီးပါးကို ဝန်ဆောင်မှုပေးလျက်ရှိနေပါသည်။ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ နေ့အထိ ကနေဒီယံဒေါ်လာ 1.4 ထရီလျံ (US$1.1 ထရီလျံ) နှင့်ညီမျှသော ပမာဏပိုင်ဆိုင်မှုများသည် စီမံရေးခန့်ခွဲရေး လက်အောက်တွင်ရှိပြီး လွန်ခဲ့သော ၁၂ လတွင် ကျွန်ုပ်တို့သည် ကနေဒီယံဒေါ်လာ 31.6 ထရီလျံကို ဝယ်ယူသူများသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏အဓိကလုပ်ငန်းဆောင်ရွက်မှုများမှာ အာရှ၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတွင် တည်ရှိပြီး ထိုနေရာများတွင် ဝယ်ယူသူများကို နှစ်ပေါင်း ၁၅၅ နှစ်ကျော်ကြာအောင် ဝန်ဆောင်မှုပေးအပ်ခဲ့သည်။ ကျွန်ုပ်တို့သည် တိုရွန်တို၊ နယူးယောက်နှင့် ဖိလစ်ပိုင်စတော့အိတ်ချိန်းများတွင် ‘MFC’ ဖြင့် လည်းကောင်း၊ ဟောင်ကောင်တွင် '945’ ဖြင့်လည်းကောင်း ကုန်သွယ် လုပ်ဆောင်လျက်ရှိပါသည်။

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက