အတည်ပြုသည်
အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ပိုမိုကောင်းမွန်သော လူနေမှုဘဝများအတွက် ‌ရှေးရှု၍ Manulife မှ တစ်ကမ္ဘာလုံးဆိုင်ရာအဖွဲ့လိုက် လုပ်ဆောင်မည့် အကူအညီပြုရေးအစီအစဥ် Acts of Kindness ကို စတင်

၂၆ ဇန်နဝါရီ ၂၀၂၁

တိုရွန်တို - ယခုလာမည့် အားလပ်ရက်ရာသီများတွင် နိုင်ငံတဝန်းမှ ဝန်ထမ်းပေါင်း ၃၅,၀၀၀ ကျော်အနေဖြင့် ၎င်းတို့၏ ‌ဒေသတွင်း လူမှုအသိုက်အဝန်းများနှင့် လူသားချင်း ညှာတာထောက်ထားသည့် ကူညီထောက်ပံ့မှုများလုပ်ဆောင်နိုင်ရန်အတွက် Acts of Kindness အစီအစဥ်သစ်တစ်ခုကို Manulife မှ စတင်လိုက်ပြီး ယင်းအစီအစဥ်တွင် ပါဝင်နိုင်ရန်အတွက် ဝန်ထမ်းတစ်ဦးလျှင် ကနေဒီယံ‌‌ဒေါ်လာ ၅၀ နှင့် တူညီသော နိုင်ငံအသီးသီး၏ ငွေကြေးတန်ဖိုးအလိုက် သက်ဆိုင်ရာ နိုင်ငံရှိ ဝန်ထမ်းတစ်ဦးချင်းစီသို့ ပေးအပ်သွားမည်ဖြစ်သည်။

“၂၀၂၀ခုနှစ်က လူတစ်ဦးတစ်‌ယောက်ခြင်းစီအတွက်ရော မိသားစုတွေအပြင် တစ်ကမ္ဘာလုံးက လူမှုအသိုင်းအဝိုင်းတိုင်းအတွက် အရမ်းကိုခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်သလို ဒီလိုအချိန်ကာလမှာ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချစွာ အသက်ရှင်သန်နိုင်ရေးဆိုတာကို ဦးစားပေးလုပ်ဆောင်ဖို့က စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပြီး တစ်ယောက်နဲ့တစ်‌ယောက်ဆက်သွယ်ဖို့တွေ၊ အကူအညီပေးဖို့ နည်းလမ်း သစ်တွေကိုရှာဖွေရပါတယ်။” ဟု Manulife ၏ Chief Executive Officer ဖြစ်သူ Roy Gori ကပြောကြားခဲ့သည်။ “အကယ်၍ ဒီလိုအခြေအနေများကြားမှာမှ ကျွန်တော်တို့တစ်တွေဟာ အချင်းချင်း ဖေးမစောင့်ရှောက်မှုတွေကို လုပ်ဆောင်ပြသနိုင်ခဲ့မယ်ဆိုရင် ဒီလုပ်ဆောင်မှုဟာ ဘယ်လောက်ပဲသေးငယ်ပါစေဦးတော့ ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာကြီးကို ပိုပြီးကောင်းမွန်လာစေဖို့ တစ်ဖက် တစ်လမ်းကနေ အကူအညီပေးလိုက်နိုင်ခြင်းပါပဲ။” ဟုထပ်မံပြောကြားခဲ့သည်။

Manulife အနေဖြင့် နှစ်ကုန်တိုင်းကျင်းပလေ့ရှိသည့် ကုမ္ပဏီအခမ်းအနားနှင့် လက်ဆောင်များပေးအပ်ခြင်းအစား ယခုနှစ်တွင် ကမ္ဘာတစ်၀န်းရှိ Manulife ၀န်ထမ်းများအားလုံးအတွက် အထက်ပါကဲ့သို့ အစီအစဥ်ကိုစတင်ပြီး ၎င်းတို့အနေနှင့် တစ်ဦးခြင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ သက်ဆိုင်ရာဒေသများအတွက် ပြန်လည်လှူဒါန်းထောက်ပံ့မှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။ ထောက်ပံ့ကူညီပေးမှုများဟုဆိုရာတွင် ဝန်ထမ်းများအနေနှင့် ယင်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း အတူတကွ ပူးပေါင်းကာ စုပေါင်းအင်အားကိုပြသပြီး လှူဒါန်းမှုများလည်း ပြုလုပ်နိုင်ကြစေရန်လည်းဖြစ်သည်။ ထိုသို့ ထောက်ပံ့မှုများ လုပ်ဆောင် နိုင်ခဲ့မှုအပေါ်  ဝန်ထမ်းတိုင်းက ၎င်းတို့၏ ကြည်နူးမှုများ၊ လှူဒါန်းမှုများကို လူမှုကွန်ရက်မီဒီယာများတွင် #ManulifeActofKindness ဖြင့် ရေးသားဖော်ပြပြီး ပါဝင်နိုင်ကြမည်ဖြစ်သည်။ အဆိုပါပုံရိပ်များ၊ လှုပ်ရှားဆောင်ရွက်မှုတိုင်းကို https://www.manulife.com/en/about/actofkindness.html တွင် တစုတစည်းတည်း ဖော်ပြထားမည်လည်းဖြစ်သည်။

“လုပ်ငန်းတစ်ခုအောင်မြင်မှုဆိုတာဟာ ဒီလုပ်ငန်းအနေနဲ့ ကိုယ်နေထိုင်ရှင်သန်ရာ လူမှုအသိုက်အဝန်းအတွက် ပြန်လည်ကြည့်ရှု လုပ်ဆောင်နိုင်မှုအပေါ် မှီတည်နေတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။” ဟု Gori က ပြောသည်။ “ဒါ့အပြင် ကျွန်တော်တို့ အနေနဲ့ အခုလိုလိုအပ်နေတဲ့နေရာတိုင်းအတွက် ကူညီမှုတွေပေးနိုင်တဲ့အနေအထားတစ်ခုရှိနေနိုင်တဲ့အပေါ် အင်မတန်လည်း ကြည်နူး ပီတိဖြစ်မိပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းတွေကို သူတို့ရဲ့ လူသားဆန်တဲ့ စိတ်ဓါတ်တွေကို ပြသပြီး လူမှု အသိုက်အဝန်းအတွက် ပြန်လည်ပေးစွမ်းနိုင်တဲ့လူတွေဖြစ်လာဖို့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ခွန်အားပေးချင်သလို ဒါဟာ တစ်ကမ္ဘာလုံးမှာ ပိုမို ကောင်းမွန်တဲ့ လူနေမှုတွေဖြစ်လာဖို့ ပြုလုပ်ပေးနိုင်တာဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်။” ဟု ပြောကြားသည်။

Manulife နှင့် John Hancock အနေဖြင့် ယခုနှစ်တစ်နှစ်တာလုံးတွင် ကမ္ဘာတစ်ဝန်းမှ လူမှုအသိုက်အဝန်းပေါင်းများစွာ အတွက် ကူညီထောက်ပံ့မှုများစွာကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်ခဲ့သည်။ COVID-19 တိုက်ဖျက်ရေးလုပ်ငန်း များအတွက် Manulife အနေဖြင့် အမေရိကန်ဒေါ်လာ ၅ မီလီယံနီးပါး လှူဒါန်းမှုများကို အရေးတကြီးလိုအပ်နေသော အရာများဖြစ်သည့် စားနပ်ရိက္ခာပံ့ပိုး ကူညီမှုများ၊ ကျန်းမာရေးလုပ်သားများအတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများအပြင် Manulife ၏ ဖောက်သည်များအတွက် ဒစ်ဂျစ်တယ်နည်းပညာပေါ်မှတစ်ဆင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အထောက်အကူပြုအစီအစဥ်များ၊ ငွေကြေးစီမံခန့်ခွဲမှုအစီအစဥ် များသာမက လိုအပ်သည့်နေရာများအတွက် လိုအပ်သည့် လှူဒါန်းမှုများအပါအဝင် အင်တာနက်ပေါ်မှတစ်ဆင့် ပရဟိတကူညီမှု အစီအစဥ်များကို လုပ်ဆောင်ပေးခဲ့သည်။ 

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက