အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

Manulife Cambodia ၏ Chairman နှင့် Manulife Myanmar ၏ CEO ဖြစ်သူ Robert Elliott က ကမ္ဘောဒီးယားနိုင်ငံအတွင်း အသက်အာမခံလုပ်ငန်း ဝန်ဆောင်မှုပေးအပ်ခဲ့ခြင်းအတွက် ကမ္ဘောဒီးယားဘုရင်ထံမှ ဂုဏ်ထူးဆောင်ဆုလက်ခံရရှိ

၅ ဇန်နဝါရီ ၂၀၂၁

  • Elliott အနေဖြင့် လက်ခံရရှိသည့် အဆိုပါဂုဏ်ထူးဆောင်ဆုမှာ တော်ဝင်အဆင့် ဂုဏ်သတင်းကြီးမြတ်သည့် ဆုတံဆိပ်အမျိုးအစားလည်းဖြစ်သည်

ဖနွမ်းပင် - Manulife Cambodia ၏ Chairman နှင့် Manulife Myanmar ၏ CEO ဖြစ်သူ Robert Elliott က ကမ္ဘောဒီးယားနိုင်ငံ၏ ဘုရင်မင်းမြတ် Norodom Sihamoni က တော်ဝင်အဆင့် ဂုဏ်သိက္ခာကြီးမြတ်သည့် နိုင်ငံတွင်း Grand Officer Class အဖြစ်သတ်မှတ်ထားသော Royal Order of Monisaraphon ဂုဏ်ထူးဆောင်စလွယ်ဆုကို ပေးအပ်ချီးမြှင့်ခံခဲ့ရသည်။ အဆိုပါဆုမှာ ကြီးမြတ်သူများကိုသာ ပေးအပ်လေ့ရှိသော အဆင့်အတန်းတစ်ခုဖြစ်ပြီး Robert Elliott အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ အတွက် အသက်အာမခံလုပ်ငန်းနယ်ပယ် ဖွံဖြိုးတိုးတက်လာစေရန် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့မှု၊ ‌နိုင်ငံသားများအတွက် ငွေကြေးပိုင်းဆိုင်ရာ အသိကြွယ်ဝစေရန် ဦးဆောင်သင်ကြားပေးမှု အပါ အဝင် ကမ္ဘောဒီးယားနိုင်ငံအတွက် လူမှုရေးနှင့် စီးပွား ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကူညီထောက်ပံ့ပေးမှုများကြောင့် ၎င်းဆုတံဆိပ်စလွယ်ကို လက်ခံရရှိခဲ့ခြင်းလည်းဖြစ်သည်။

ရရှိခဲ့သည့် အဆိုပါဆုမှာ ဘုရင့်၏ တော်ဝင်အမိန့်ဖြင့် ပေးအပ်ချီးမြှင့်ခြင်းခံရသည့် ကြီးမြတ်သော Grand Officer Class ဆုတံဆိပ်လည်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံအတွက် အမြင့်ဆုံးတော်ဝင်ဆုအဖြစ်သတ်မှတ်ထားသည့် Grand Knight Cross ပြီးလျှင် ဒုတိယအကြီးမြတ်ဆုံး ဆုတံဆိပ်တစ်ခုလည်းဖြစ်သည်။ အဆိုပါဆုတံဆိပ်ကို Robert အနေနှင့် ငွေကြေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ပေးနိုင်သည့်  ကမ္ဘောဒီးယားနိုင်ငံသားမဟုတ်သည့် နိုင်ငံခြားသားအနည်းစုအတွင်းမှာမှ ရရှိ ခဲ့ခြင်းလည်းဖြစ်သည်။

“ဒီဆုက Robert အတွက် တကယ့်ကို မှတ်ကျောက်တင်နိုင်ပြီး ထိုက်တန်တဲ့ဆုလို့ပြောချင်ပါတယ်။ ဒါဟာ ကမ္ဘောဒီးယား နိုင်ငံရဲ့ အသက်အာမခံလုပ်ငန်းကို အဆမတန်ဖွံဖြိုးတိုးတက်လာစေဖို့ အင်တိုက်အားတိုက် ကြိုးပမ်း ခဲ့တယ့် သူ့ရဲ့ အားထုတ်လုပ်ဆောင်မှုကြောင့်ပါပဲ။” ဟု Manulife Asia ၏ President နှင့် CEO ဖြစ်သူ Anil Wadhwani က ပြောကြားသည်။ “ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းကို စျေးကွက်အတွင်းမှာ ဦးဆောင်သူတစ်ယောက်ဖြစ်လာဖို့ တည်ဆောက် တဲ့နေရာမှာ သူက အဓိကကျတဲ့ နေရာကနေ လုပ်ဆောင်နေတာဖြစ်သလို အာမခံလုပ်ငန်းနယ်ပယ်တစ်ခုလုံး ကြီးထွားဖွံဖြိုးလာ ဖို့နေရာမှာလည်း အရေးကြီးတဲ့ပင်မနေရာကနေ ပါဝင်နေသူလည်းဖြစ်ပါတယ်။”

အင်္ဂလန်နိုင်သားဖြစ်သည့် Robert က ၁၉၈၀ ခုနှစ်ကတည်းမှစတင်ကာ Manulife တွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နိုင်ငံပေါင်းစုံရှိလုပ်ငန်းခွဲများတွင် တာဝန်ယူလုပ်ကိုင်ခဲ့သူလည်းဖြစ်သည်။ Robert သည် Manulife Cambodia တွင် Chairman အဖြစ်တာဝန်ယူထားသည့်အပြင်   Manulife Myanmar အတွက် CEO နှင့် General Manager အဖြစ် ပူးတွဲတာဝန်ယူထားသူလည်းဖြစ်သည်။ Manulife Cambodia တွင် စတင်မလုပ်ကိုင်မီ ၎င်းအနေဖြင့် Manulife Singapore တွင် Agency and Partnership Distribution channels အတွက် ဦးဆောင်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး ယင်းမတိုင်မီကမူ ဟောင်ကောင်တွင် အခြေချ လုပ်ကိုင်ခဲ့သည်။

“ကျွန်တော်အနေနဲ့ ဒီဆုကိုပေးအပ်ချီးမြှင့်ခံရတဲ့အပေါ် တရိုတသေနဲ့ကျေးဇူးတင်စွာလက်ခံရရှိပါတယ်လို့ ဆိုချင်ပါတယ်။” ဟု Robert က ပြောသည်။ “ကမ္ဘောဒီးယားနိုင်ငံသားတွေအတွက် ပိုမိုကောင်းမွန်ပြီး တောင့်တင်း ခိုင်မာတဲ့ ငွေကြေးစီမံမှုအနာဂတ်တွေ ရရှိလာစေဖို့ ကူညီပေးနေရုံသာမက သူတို့အနေနဲ့ သူတို့ရဲ့ အနာဂတ်၊ စုဆောင်းငွေတွေကို အရင်ထက်ပိုပြီး အကျိုးရှိရှိအသုံးပြုတတ်လာစေမှာလည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ်ချစ်မြတ်နိုးတဲ့အလုပ်ကို အကောင်းဆုံးလုပ်ကိုင်နေရင်း အခုလို ဂုဏ်ပြုအသိအမှတ်ဆု ချီးမြှင့်ခံရတဲ့အခါ ပြောမပြတတ်အောင်ကို အံ့သြဝမ်းသာဖြစ်မိပါတယ်။ ကျွန်တော့်အနေနဲ့တော့ Manulife Cambodia က ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးကို ကျေးဇူးအထူးပဲတင်ရှိတယ်လို့ပြောကြားလိုပါတယ်။ ဒီဆုဟာ သူတို့ရဲ့ အလုပ်နဲ့  Customer တွေအပေါ် ကြိုးကြိုးစားစား စူးစိုက်နှစ်မြှုပ်လုပ်ကိုင်မှုကြောင့် ရရှိလာတာမို့လို့ပါပဲ။” ဟု ပြောကြားသည်။ 

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက