အတည်ပြုသည်
အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ယခု ၂၀၂၀ အတွက် Manulife မှ ဝန်ထမ်းများအား ကျေးဇူးတင်ရှိသောအားဖြင့် “Thank You Day” အဖြစ် ပိတ်ရက်ပေးသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင်လည်း အားလပ်ရက် ၅ ရက်ကို ထပ်ဆောင်းခံစားခွင့်ပြုသွားမည်ဖြစ် 

 မေ ၂၆, ၂၀၂၀ 

တိုရွန်တိုမြို့ - အာမခံထားရှိသူများအား အကောင်းမွန်ဆုံးဝန်ဆောင်မှုများပေးအပ်ခဲ့ပြီး လူအများကို ပိုမိုကောင်းမွန်သောလူနေမှုဘဝရရှိစေရန်နှင့် မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီပေး ခဲ့ကြသော Manulife နှင့် John Hancock မှ ၎င်းတို့၏ ဝန်ထမ်းပေါင်း ၃၅,၀၀၀ ကျော်ကို ကျေးဇူး တုန့်ပြန်သောအားဖြင့် ယခုနှစ် ဇွန် လ ၁၉ ရက် သောကြာနေ့ကို “Thank You Day” အမည်နှင့် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်သည်။  ထို့အပြင် လက်ရှိအခြေအနေများအရ ဝန်ထမ်းများ အနေနှင့် ၎င်းတို့၏ အားလပ်ရက်များအား တန်ဖိုးရှိသည့်ခရီးသွားအချိန်များအဖြစ် အသုံးချနိုင်ခြင်း မရှိသည့်အပေါ် အခွင့်အရေးတစ်ခု ထပ်မံပံ့ပိုးပေးနိုင်ရန်အပါအဝင် ဝန်ထမ်းများ ပုံမှန်အနားယူချိန် ရရှိစေရေး၊ ကောင်းမွန်သည့်နေထိုင်မှုဘဝရရှိစေရေးတို့ကို ရည်ရွယ်၍ ကုမ္ပဏီမှ လာမည့်နှစ် ၂၀၂၁ ခုနှစ်အတွက် အားလပ်ရက် ၅ ရက်ကိုလည်း ထပ်ဆောင်းခံစားခွင့်ပေးသွားမည်ဖြစ်သည်။ 

“ကျွန်တော်တို့ဝန်ထမ်းတွေအားလုံးက ပေးထားတဲ့ ကတိတွေကို အကောင်းဆုံး လုပ်ပြနိုင်ခဲ့ကြတဲ့ အပေါ် ကျွန်တော့်အနေနဲ့ အရမ်းကိုပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒါဟာ မယုံကြည်နိုင်လောက်စရာ  စွမ်းအင်တွေနဲ့ သက်လုံအင်အားတွေပါပဲ။” ဟု Manulife ၏ စီအီးအိုဖြစ်သူ Roy Gori က ပြောကြား ခဲ့သည်။

“အဖွဲ့အစည်းအတော်များများက လုပ်ငန်းတွေ ပြန်လည်စတင်ဖို့ လုပ်ဆောင်နေကြပေမယ့် ဒါဟာ ‘ပုံမှန်’ ဆိုတဲ့ အခြေအနေတစ်ခုလို့ ယူဆနိုင်တဲ့ အချိန်တစ်ခုကိုတော့ ပြန်ရောက်ဦးမှာ မဟုတ်သေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့တစ်တွေက ကိုယ့်ကိုကိုယ် ဆက်ပြီး ဂရုစိုက်နေထိုင်ဖို့ လိုအပ်ပါဦးမယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေ ဆက်လက်လုပ်ဆောင်ဖို့လည်း လိုအပ်သလို အဲ့ဒီအထဲမှာ အလုပ်တွေကို ခဏလောက်နားပြီး ပြည့်ပြည့်ဝဝအနားယူဖို့လည်း ပါဝင်ပါတယ်။ အဲ့ဒါကြောင့် ဒီအချက်ကို နိုင်ငံတကာမှာရှိတဲ့ အဖွဲ့တွေအားလုံးက အခုလာမယ့် ဇွန်လ ၁၉ ရက် သောကြာနေ့မှာ အတူတကွ လုပ်ဆောင်ကြပါစို့” ဟု စီအီးအို Roy Gori က ဆက်ပြောသည်။  

အထက်ပါ အားလပ်ရက်များအပြင် ကမ္ဘာ့ကပ်ရောဂါကြောင့် အခက်အခဲများနှင့် ရင်ဆိုင်တွေ့ကြုံနေ ကြရသည့် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ လူမှုဘဝများကို ထောက်ပံ့ကူညီပေးမည့် အစီအစဥ်များကိုလည်း Manulife နှင့် John Hancock မှ စီစဥ်လုပ်ဆောင်လျက်ရှိပါသည်။ ကုမ္ပဏီ အနေဖြင့် ပုံသေအလုပ်ချိန်စနစ်မှ သက်တောင့်သက်သာဖြင့် အချိန်ကို မိမိနှင့်အလျဥ်းသင့်သလို ရွေးချယ်နိုင်မည့် အစီအစဥ်၊ အစားထိုးအားလပ်ရက်များနှင့် စိတ်ကျန်းမာရေးအတွက် လိုအပ်မည့် အရင်းအမြစ်များကို အွန်လိုင်းမှတစ်ဆင့် ထောက်ပံ့ပေးခြင်းများ လုပ်ဆောင်ခဲ့ပါသည်။

Manulife မှာ COVID-19 တုန့်ပြန်ရေးအစီအစဥ်များအတွက် ‌ဒေါ်လာ ၂၅ သန်း ဂုဏ်ယူစွာဖြင့် ထည့်ဝင်လှူဒါန်းခဲ့ပြီး အထူးသဖြင့် လက်တွေ့ကျစွာ အရေးပါသည့် ဆောင်ရွက်မှုများစွာအတွင်းမှ အာမခံဝယ်ယူထားရှိသူဖောက်သည်များအား အကာအကွယ်ပေးခြင်း၊ ဝန်ထမ်းများအား ပံ့ပိုးကူညီခြင်း အပါအဝင် လူမှုအသိုက်အဝန်းအတွက် လိုအပ်မည့် အထောက်အပံ့များစွာကိုလည်း ပေးအပ်ခဲ့ပါသည်။

 

Manulife အကြောင်း
Manulife Financial Corporation သည် ထိပ်တန်းမှ ဦးဆောင်နေသည့် နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ

ဝန်ဆောင်မှုများ ပေးအပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖောက်သည်များအား ဆုံးဖြတ်ချက်ချရာ တွင် ပိုမိုလွယ်ကူစေရန်နှင့် ကောင်းမွန်သည့် ဘဝများ ရရှိစေရန် ကူညီပေးလျက်ရှိသည်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံးဆိုင်ရာရုံးချုပ်နှင့်အတူ Manulife အမည်ဖြင့် ကနေဒါ၊ အာရှနှင့် ဥရောပနိုင်ငံများရှိ ရုံးခန်းများတွင် လုပ်ငန်းလည်ပတ်လျက်ရှိကာ အမေရိကန်ပြည်ထောင်စုတွင် John Hancock အမည်နှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ဘဏ္ဍာရေအကြံပြုချက်များ၊ အာမခံနှင့် ဓနဥစ္စာပိုင်ဆိုင်မှုပစ္စည်း စီမံခန့်ခွဲမှု ပြဿနာဖြေရှင်းနည်းများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် သို့မဟုတ် အဖွဲ့အစည်းများအတွက်ဖြစ်စေ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၂၀၁၉ နှစ်ကုန်တွင် ဝန်ထမ်းပေါင်း ၃၅,၀၀၀ ကျော်၊ အေးဂျင့်ပေါင်း ၉၈,၀၀၀ ကျော်နှင့် ဖြန့်ချိရေးပါတနာများ ထောင်ကျော်ရှိပြီး ဝယ်ယူသူ သန်း ၃၀ နီးပါးကို ဝန်ဆောင်မှုပေးလျက်ရှိနေပါသည်။ ၂၀၂၀ ခုနှစ် မတ်လ ၃၁ နေ့အထိ $1.2 ထရီလျံ (US$0.8 ထရီလျံ) နှင့်ညီမျှသော ပမာဏပိုင်ဆိုင်မှုများသည် စီမံရေးနှင့် အုပ်ချုပ်ရေးလက်အောက်တွင်ရှိပြီး လွန်ခဲ့သော ၁၂ လတွင် ကျွန်ုပ်တို့သည် $30.4 ဘီလျံကို ဝယ်ယူသူများသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏အဓိကလုပ်ငန်းဆောင်ရွက်မှုများမှာ အာရှ၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတွင် တည်ရှိပြီး ထိုနေရာများတွင် ဝယ်ယူသူများကို နှစ်ပေါင်း ၁၅၅ နှစ်ကျော်ကြာအောင် ဝန်ဆောင်မှုပေးအပ်ခဲ့သည်။ ကျွန်ုပ်တို့သည် တိုရွန်တို၊ နယူးယောက်နှင့် ဖိလစ်ပိုင် စကော့အိတ်ချိန်းများတွင် ‘MFC’ ဖြင့်လည်းကောင်း၊ ဟောင်ကောင်တွင် '945’ ဖြင့်လည်းကောင်း ကုန်သွယ်လုပ်ဆောင်လျက်ရှိပါသည်။

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက