အတည်ပြုသည်
အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

Manulife Myanmar က နိုင်ငံတွင်း COVID-19 ရောဂါတိုက်ဖျက်ကုသရေးတွင် အထောက်အကူပြုသည့် Oxygen Concentrator စက်များနှင့် ဆက်စပ်ပစ္စည်းများကို လှူဒါန်း

၁၅ ဇန်နဝါရီ ၂၀၂၁

ရန်ကုန်၊ မြန်မာ ။ ။ Manulife Myanmar မှ မြန်မာကျပ်ငွေ သိန်းလေးရာ့သုံးဆယ်ကျော်တန်ဖိုးရှိ oxygen concentrator စက် များအပြင် ၎င်းနှင့်ဆက်စပ်သည့် ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများကို နိုင်ငံတွင်း COVID-19 ရောဂါတိုက်ဖျက်ကုသရေးကဏ္ဍတွင် အထောက်အကူပြု အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှု အခမ်း အနားကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပခဲ့ပြီး ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ၊ Manulife Myanmar မှ အကြီးတန်းအမှုဆောင်အရာရှိများ တက်ရောက်ခဲ့ကြသည်။ 

လှူဒါန်းမှုပြုခဲ့သည့် အဆိုပါ oxygen concentrator စက်များနှင့် ဆက်စပ်ပစ္စည်းများမှာ လက်ရှိဆေးရုံများတွင် COVID-19 ရောဂါ ခံစားနေရသော လူနာများအတွက် ပြန်လည်ကောင်းမွန်သက်သာစေ‌ရန် ကုသရာတွင် အဓိကလိုအပ်သည့် ဆေးဘက်ဆိုင်ရာ လိုအပ် ချက်ဖြစ်ပြီး Manulife Myanmar အနေဖြင့် ယင်း oxygen concentrator (၂၈) လုံး၊ syringe pumps (၈) ခု၊ oxygen pipe နှင့် masks (၃,၀၀၀) ခု၊ oxygen concentrator စက်များအတွက် HEPA filters (၁၀၀) ခု နှင့် oxygen concentrator filters (၅၀) ခုကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။   

Manulife Myanmar ၏ Chief Executive Officer နှင့် General Manager ဖြစ်သူ Mr. Robert Elliott က “ကျွန်တော်တို့ အနေနဲ့ ထားရှိထားတဲ့ကတိကဝတ်တွေအရ မြန်မာနိုင်ငံကမိသားစုဝင်တွေကို အကာအကွယ်ပေးနိုင်ဆိုတာအပြင် အခုကျွန်တော်တို့ လုပ်ငန်းရောက်ရှိလည်ပတ်နေတဲ့ မြန်မာ့လူမှုအသိုက်အဝန်းအတွင်းမှာ သူတို့တွေအတွက် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ကို အထောက် အကူပြုနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးစနစ်ကို ပိုမိုကောင်းမွန်တဲ့အထောက်အပံ့ကောင်းတွေ ပေးနိုင်ဖို့ဆိုတဲ့နေရာမှာ ဒီကနေ့ ကျွန်တော်တို့လှူဒါန်းခဲ့တဲ့ ဆေးဘက်ဆိုင်ရာသုံးစက်ပစ္စည်းတွေဟာဆိုရင် COVID-19 ကို အမျိုးသား အဆင့် ကာကွယ် တိုက်ဖျက်ကုသရေးမှာ တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးကူညီမယ်ဆိုတဲ့ Manulife ရဲ့ စိတ်ကို ပြသခြင်းလည်း ဖြစ် ပါတယ်။ အခုလို ရောဂါတိုက်ဖျက်ရေးမှာ လူနာတွေအတွက် တတ်စွမ်းသမျှအကာအကွယ်ပြုပေးနေကြတဲ့ မြန်မာနိုင်ငံတစ်ဝန်းက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရှေ့တန်းကကုသပေးနေကြတဲ့ သူရဲကောင်းတွေအတွက် ဒီလှူဒါန်းမှုက အထောက်အကူဖြစ်စေဖို့နဲ့ ကျေးဇူး အထူးပဲတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရောဂါစတင်ဖြစ်ပွားခဲ့ချိန်တွင်း၌လည်း Manulife Myanmar အနေဖြင့် မြန်မာကျပ်ငွေ သိန်း၁၄၀ ကျော် တန်ဖိုးရှိ PPE ဝတ်စုံ အစုံ ၅၀၀ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဗဟိုဆေးသိုလှောင်ရေးဌာနသို့ လှူဒါန်းခဲ့ သည်။  

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက