အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back


Manulife Myanmar
က အသက်အာမခံဝယ်ယူထားသူများအတွက် ကျေးဇူးတုံ့ပြန်သည့် Loyalty Program ကို စတင်မိတ်ဆက်

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၄ ရ်

ရန်ကုန်၊ မြန်မာ။      ။ Manulife Myanmar က အသက်အာမခံဝယ်ယူထားသူများအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အစီအစဥ်တစ်ခုဖြစ်သည့် “ပြုံးပျော်သုံး” Loyalty Program ကို ယနေ့စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး အဆိုပါအစီအစဥ်တွင် ကျန်းမာရေးနှင့် ခန္ဓာကိုယ်အလှအပဆိုင်ရာ အားကစားစင်တာများ၊ တစ်ကိုယ်ရည်နေ့စဥ်သုံးနှင့် အီလက်ထရောနစ်ပစ္စည်း အရောင်း ဆိုင်များ စသည့် မိတ်ဖက်လုပ်ငန်းများစွာနှင့် ချိတ်ဆက်ထားရှိကာ ၎င်းတို့မှပေးအပ်သည့် အထူးလျော့စျေးများကို အမြင့်ဆုံး ၂၀ ရာခိုင်နှုန်းအထိ ခံစားရရှိနိုင်မည်ဖြစ်သည်။ 

Manulife Myanmar ၏ CEO ဖြစ်သူ Robert Elliott က “မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်လာခဲ့တာ အခုဆိုရင် သုံးနှစ်တာ ခရီးကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီကာလတစ်လျှောက် Manulife Myanmar နဲ့အတူ လက်တွဲပေးခဲ့ကြတဲ့ ဖောက်သည်တွေ အတွက် ကျေးဇူးတုံ့ပြန်ဖို့ နည်းလမ်းတွေကို ကျွန်တော်တို့စဥ်းစားပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက မိသားစုဝင်တွေ အတွက် အကောင်းဆုံးလုပ်ဆောင်ပေးဖို့ ကတိကဝတ်တွေထားရှိထားတဲ့ ကျွန်တော်တို့ရဲ့ ဒီအစီအစဥ်ကို  ဖောက်သည်တွေအနေနဲ့ အသုံးပြုပြီး၊ အရမ်းကောင်းတဲ့လျှော့စျေးအစီအစဥ်တွေကို ရရှိကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။” ဟုပြောကြားသည်။

“ပြုံးပျော်သုံး” Loyalty Program ကို ယနေ့စတင်လိုက်ပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်အထိ အသုံးပြုခွင့်ရရှိနေ မည် ဖြစ်သည်။ အသက်အာမခံပေါ်လစီဝယ်ယူထားရှိသူများအနေနှင့် ယင်းအစီအစဥ်ကို စာရင်းသွင်းပြီးသည်နှင့်တစ်ပြိုင်နက် အွန်လိုင်းပေါ်မှတဆင့် အခမဲ့အလွယ်တကူအသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ “ပြုံးပျော်သုံး” Loyalty Program တွင် Manulife Myanmar ၏ မိတ်ဖက်လုပ်ငန်း ၁၅ခုမှ လက်ရှိတွင် အထူးအစီအစဥ် နှင့် လျှော့စျေးများစတင်ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါ မိတ်ဖက်လုပ်ငန်းများထဲတွင် Python MMA၊ Pun Hlaing Hospitals၊ mDrive ၊ ACE Badminton Club၊ Galaxy Fitness Center & Swimming Pool၊ Ar Yu - အာယု International Hospital၊ SML Medical & Diagnostic Centre၊ Wyndham Grand Yangon Hotel၊ SMILE UP Dental Clinic၊ MyanCare Telemedicine၊ Mingalar Sky CIP Lounge၊ Leisure Spa၊ Shichida Myanmar၊ OSC Hospital၊ နှင့် Royal Malikha Specialist Clinic & Medical Checkup Center အစရှိသည်တို့ ပါဝင်သွားမည်ဖြစ်သည်။ ထပ်မံပါဝင်လာ မည့် မိတ်ဖက် လုပ်ငန်းများကို ဆက်လက်ကြေညာပေးသွားပါမည်။

 

အသေးစိတ်သိရှိလိုပါက Manulife Myanmar ၏ Customer Care Team ဖုန်းနံပါတ် ၀၉၇၆၅၄၆၇၁၀၀ ၊ အီးမေလ်း Customer_Service_MM@manulife.com သို့မဟုတ် https://www.manulife.com.mm/mm/about-us/loyalty-partners.html သို့ဝင်ရောက်လေ့လာနိုင်ပါသည်။

###

Manulife Myanmar အကြောင်း

Manulife Myanmar သည် Manulife Financial Corporation လက်အောက်တွင်ရှိသော နိုင်ငံခြားသား အပြည့်အဝပိုင်ဆိုင် သည့် အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည်။ Manulife သည် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ၏ အသက်အာမခံလုပ်ငန်းအတွက် အဓိကထား လုပ်ဆောင်ပြီး မြန်မာနိုင်ငံသားများကို ဘဏ္ဍာရေးဆိုင်ရာအကာအကွယ်များထောက်ပံ့ပေးကာ မြန်မာမိသားစုများအတွက် ပိုမိုကျန်းမာ ပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဘဏ္ဍာရေးအနာဂတ်တည်ဆောက်ရာတွင် ကူညီပေးလျက်ရှိသည်။ Manulife Myanmar အကြောင်း ပိုမိုသိရှိလိုပါက https://www.manulife.com.mm တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

Manulife အကြောင်း

Manulife Financial Corporation သည် ထိပ်တန်းမှဦးဆောင်နေသည့် နိုင်ငံတကာငွေ‌ရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Customers များအား ဆုံးဖြတ်ချက်ချရာတွင် ပိုမို လွယ်ကူစေရန်နှင့် ကောင်းမွန်သည့် ဘဝများ ရရှိစေရန် ကူညီပေးလျက်ရှိသည်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံး ဆိုင်ရာရုံးချုပ်နှင့်အတူ Manulife အမည်ဖြင့် ကနေဒါ၊ အာရှနှင့် ဥရောပနိုင်ငံများရှိ ရုံးခန်းများတွင် လုပ်ငန်းလည်ပတ်လျက်ရှိကာ အမေရိကန်ပြည်ထောင်စုတွင် John Hancock အမည်နှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ငွေရေးကြေးရေးဆိုင်ရာ အကြံပြု ချက်များ၊ အာမခံနှင့် ဓနဥစ္စာပိုင်ဆိုင်မှုပစ္စည်း စီမံခန့်ခွဲမှု ပြဿနာဖြေရှင်းနည်းများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် သို့မဟုတ် အဖွဲ့အစည်းများအတွက်ဖြစ်စေ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ကျွန်ုပ်တို့၏အဓိကလုပ်ငန်းဆောင်ရွက်မှုများမှာ အာရှ၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတွင် တည်ရှိပြီး ထိုနေရာများတွင် ဝယ်ယူသူများကို နှစ်ပေါင်း ၁၅၅ နှစ်ကျော်ကြာအောင် ဝန်ဆောင်မှုပေးအပ်ခဲ့သည်။ ကျွန်ုပ်တို့သည် တိုရွန်တို၊ နယူးယောက်နှင့် ဖိလစ်ပိုင်စတော့အိတ်ချိန်းများတွင် ‘MFC’ ဖြင့် လည်းကောင်း၊ ဟောင်ကောင်တွင် '945’ ဖြင့်လည်းကောင်း ကုန်သွယ် လုပ်ဆောင်လျက်ရှိပါသည်။  လွန်ခဲ့သော ၁၂ လအတွင်း ကျွန်ုပ်တို့သည် ကနေဒီယံ ဒေါ်လာ 31.8 ဘီလီယံကို ဝယ်ယူသူများသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။ သက်ဆိုင်ရာ‌ဒေသ၊နိုင်ငံများအလိုက် ကွဲပြားခြားနားမှုများရှိ ပြီး အသေးစိတ်သိရှိလိုပါက manulife.com သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။ 

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက