အတည်ပြုသည်
အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

Manulife မှ မြန်မာနိုင်ငံရှိ မိသားစုများ၏ အနာဂတ်အား ကာကွယ်ပေးပြီး လုံခြုံစိတ်ချမှုရှိစေမည့် အာမခံပေါ်လစီနှစ်ခုကို စတင်မိတ်ဆက်

၂ အောက်တိုဘာ ၂၀၂၀

  •  Manulife Protector မှာ မြန်မာမိသားစုများအတွက် ငွေကြေးလုံခြုံမှုရှိစေရန် ကာကွယ်ပေးသွားမည်
  •  Manulife Education Life မှာ ကလေးပညာရေးအတွက် ငွေကြေးထောက်ပံ့မှုများ ပေးစွမ်းနိုင်မည် 
  • အထက်ပါအာမခံပေါ်လစီများဝယ်ယူခြင်းဖြင့် ပူးတွဲရရှိမည့် COVID-19 အကျိုးခံစားခွင့်များဖြင့် စိတ်လုံခြုံမှုကို ပိုမိုရရှိစေမည် 

ရန်ကုန်၊ မြန်မာ။ ။ Manulife မြန်မာမှ အသက်အာမခံပေါ်လစီနှစ်ခုကို မိသားစုများအတွက် ပိုမိုကောင်းမွန် သော ငွေကြေးဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးနှင့် ၎င်းတို့၏ ငွေကြေးဆိုင်ရာလုံခြုံမှုပိုမိုရရှိရန်အတွက် ကူညီပေးနိုင်ရန် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံရှိ မိသားစုများအနေဖြင့် ၄င်းတို့၏ ငွေကြေးလုံခြုံရေးကို ကာကွယ်ရန်အတွက် Manulife Protector နှင့် ကလေး၏ပညာရေး လုံခြုံစိတ်ချ စေရန်အတွက် Manulife Education Life တို့အား ရွေးချယ်နိုင်ပြီဖြစ်သည်။ အဆိုပါ ပေါ်လစီနှစ်ခုလုံးမှာ COVID-19 ကာလအတွက် ငွေကြေးကာကွယ်မှု အထူးခံစားခွင့်များ အကျုံးဝင်မည် ဖြစ်၍ စိတ်လုံခြုံမှုကို အပြည့်အဝရရှိစေမည်လည်းဖြစ်သည်။ 

Manulife Myanmar ၏ CEO ဖြစ်သူ Robert Elliott က “စိန်ခေါ်မှုတွေအပြည့်နဲ့ ဒီနှစ်က လူတွေကို သူတို့ရဲ့ မိသားစုအနာဂတ်တွေအတွက် ကာကွယ်စောင့်ရှောက်ဖို့လိုအပ်တယ်ဆိုတာ ပိုပြီး သတိပြုမိလာစေပါတယ်။ မြန်မာပြည်သူလူထုရဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေး မယ်လို့ ကတိကဝတ်ပြုထားတဲ့ Manulife အသက်အာမခံကုမ္ပဏီအနေနဲ့ မြန်မာပြည်က မိသားစုတွေနဲ့ သူတို့ရဲ့ အနာဂတ်ကို ပိုမိုကောင်းမွန်စေဖို့အပြင် ဘဝတွေအတွက် ပိုကောင်းတဲ့နေ့ရက်တွေ ပိုင်ဆိုင်ခွင့် ရရှိအောင် ကူညီပေးဖို့ အခုလို အာမခံပေါ်လစီနှစ်ခုကို ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ ဒီလိုခက်ခဲနေတဲ့ အချိန်မှာ မိသားစုတွေရဲ့  စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို သက်သာစေဖို့ရာအတွက် COVID-19  နဲ့ပတ်သက်တဲ့ ငွေကြေးဆိုင်ရာ အထူးကာကွယ်မှုတွေကိုလည်း ပေးအပ်ထားရှိပါတယ်။”  ဟု ပြောကြားသည်။ 

Manulife Protector သည် အသက်အာမခံထားရှိသူမှ ၎င်း၏မိသားစုအား ဆက်လက်အကာအကွယ် မပေးနိုင်တော့သည့် အချိန်တွင် ကူညီကာကွယ်မှုပေးနိုင်မည့် ပြီးပြည့်စုံသော အာမခံအစီအစဥ်တစ်ခုဖြစ်ပြီး ကူညီကာကွယ်မှု မလိုအပ်မည့် အချိန်၌တွင်လည်း ရေရှည်ငွေစုပေးသည့် သဘောမျိုး လုပ်ဆောင် ပေးသွားနိုင်မည်ဖြစ်သည်။ အာမခံဝယ်ယူမည့်သူများအနေဖြင့် မိမိဝင်ငွေဖြင့် သင့်တော်မည့် ငွေပေးချေမှု စနစ် သတ်မှတ်ချက်များဖြင့် မြန်မာကျပ်ငွေ သိန်းငါးဆယ်မှ စတင်ကာ အသက်အာမခံပေါ်လစီကို စတင် ဝယ်ယူနိုင်မည်ဖြစ်သည်။  ဆယ်နှစ်အာမခံအတွက် အသက် ၅၅ နှစ်အထိ လည်းကောင်း၊ နှစ်နှစ်ဆယ် အာမခံအတွက် ၄၅ နှစ်အထိလည်းကောင်း ထားရှိနိုင်မည်ဖြစ်သည်။ 

Manulife Education Life ကို မိဘများအနေနှင့် ၎င်းတို့၏ သားသမီးများအနာဂတ်ပညာရေးအတွက် စိတ်ချစေရန်အလို့ငှာ ဝယ်ယူထားနိုင်ပြီး ပညာရေးလိုအပ်ချက်များအတွက် မစွမ်းသာတော့သည့် အနေအထားများ ရှိလာခဲ့ပါက စိတ်ချလုံခြုံမှုရှိစေရန် အာမခံချက် ရရှိမည်ဖြစ်သည်။ အဆိုပါ အာမခံ ပေါ်လစီအတွက်လည်း ဝင်ငွေဖြင့် ထိုက်သင့်မည့် ငွေပေးချေမှုစနစ် သတ်မှတ်ချက်များ ထားရှိပေးထားပြီး မြန်မာကျပ်ငွေ သိန်းငါးဆယ်မှ စတင်ကာ ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင် အပိုဆောင်း အသက်အာမခံကာကွယ်မှုအတွက် Double Benefit အစီအစဥ်ကိုလည်း ရွေးချယ်နိုင်မည်ဖြစ်သည်။ 

ယခုပေါ်လစီများအား ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ ဝယ်ယူထားရှိသူများအနေဖြင့် COVID-19 ကာလအတွက် ငွေကြေးကာကွယ်မှု အထူးခံစားခွင့်များကိုလည်း တပေါင်းတည်း ခံစားရရှိမည်ဖြစ်သည်။  အသက်အာမခံထားရှိသူများနှင့် ၎င်း၏ အနီးစပ်ဆုံးမိသားစုဝင်များတွင် COVID-19 ကြောင့် ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူရသည်နှင့် ၎င်းကိုယ်တိုင်အပါအဝင် အနီးစပ်ဆုံးမိသားစုဝင်များအတွက် အာမခံ ကြေးငွေကျပ် ‌ခြောက်သိန်းကိုလည်းကောင်း (မိသားစုတစ်စုတွင် အမြင့်ဆုံး ၄ ကြိမ်အထိ)၊ အကယ်၍ အာမခံထားရှိသူမှာ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ဆေးကုသမှုခံယူရပါက ကုန်ကျစားရိတ်များကို အကာအကွယ်ဖြစ်စေရန်အတွက် နောက်ထပ် ငွေကျပ် ခြောက်သိန်းကို ပေးအပ်သွားမည်ဖြစ်သည်။ အသက်အာမခံထားရှိသူမှာ COVID-19 ကြောင့် အသက်ဆုံးရှုံးရခြင်းများ ဖြစ်ပေါ်ခဲ့ပါက ထပ်တိုး အာမခံ ကြေးငွေ ကျပ် သိန်း‌ခြောက်ဆယ်ကို ပေးအပ်သွားမည်ဖြစ်သည်။ 

Manulife Protector နှင့် Manulife Education Life အာမခံပေါ်လစီများကို စတင်ဝယ်ယူ ထားရှိနိုင်ပြီ ဖြစ်ပြီး အာမခံထားရှိလိုသူများမှာ ပေါ်လစီ ဝယ်ယူရန်အတွက် Manulife ၏ အာမခံကိုယ်စားလှယ်များထံ သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ထပ်မံသိရှိလိုပါက Manulife Myanmar ၏ customer care team ဖုန်းနံပါတ် 09 765 467 100 သို့ တိုက်ရိုက်ဆက်သွယ်ခြင်း (သို့) Customer_Service_MM@manulife.com မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Manulife Myanmar အကြောင်း

Manulife Myanmar သည် Manulife Financial Corporation လက်အောက်တွင်ရှိသော နိုင်ငံခြားသား အပြည့်အဝပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည်။ Manulife သည် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ၏ အသက်အာမခံလုပ်ငန်းအတွက် အဓိကထားလုပ်ဆောင်ပြီး မြန်မာနိုင်ငံသားများကို ဘဏ္ဍာရေးဆိုင်ရာ အကာအကွယ်များထောက်ပံ့ပေးကာ မြန်မာမိသားစုများအတွက် ပိုမိုကျန်းမာပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဘဏ္ဍာရေးအနာဂတ်တည်ဆောက်ရာတွင် ကူညီပေးလျက်ရှိသည်။ 

Manulife အကြောင်း

Manulife Financial Corporation သည် ထိပ်တန်းမှဦးဆောင်နေသည့် နိုင်ငံတကာငွေ‌ရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖောက်သည် (Customers) များအား ဆုံးဖြတ်ချက်ချရာတွင် ပိုမိုလွယ်ကူစေရန်နှင့် ကောင်းမွန်သည့် ဘဝများရရှိစေရန် ကူညီပေးလျက်ရှိသည်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံးဆိုင်ရာရုံးချုပ်နှင့်အတူ Manulife အမည်ဖြင့် ကနေဒါ၊ အာရှနှင့် ဥရောပနိုင်ငံများရှိ ရုံးခန်းများတွင် လုပ်ငန်းလည်ပတ်လျက်ရှိကာ အမေရိကန် ပြည်ထောင်စုတွင် John Hancock အမည်နှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ငွေရေးကြေးရေးဆိုင်ရာ အကြံပြုချက်များ၊ အာမခံနှင့် ဓနဥစ္စာပိုင်ဆိုင်မှုပစ္စည်း စီမံခန့်ခွဲမှု ပြဿနာ ဖြေရှင်းနည်းများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် သို့မဟုတ် အဖွဲ့အစည်းများအတွက်ဖြစ်စေ ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ၂၀၁၉ နှစ်ကုန်တွင် ဝန်ထမ်းပေါင်း ၃၅,၀၀၀ ကျော်၊ အေးဂျင့်ပေါင်း ၉၈,၀၀၀ ကျော်နှင့် ဖြန့်ချိရေးပါတနာများ ထောင်ကျော်ရှိပြီး ဝယ်ယူသူ သန်း ၃၀ နီးပါးကို ဝန်ဆောင်မှုပေးလျက်ရှိနေပါသည်။ ၂၀၂၀ ခုနှစ် ဇွန်လ၊ ၃၀ ရက်နေ့အထိ C$1.2 ထရီလျံ (US$0.9 ထရီလျံ) နှင့်ညီမျှသော ပမာဏပိုင်ဆိုင်မှုများသည် စီမံရေးခန့်ခွဲရေးလက်အောက်တွင်ရှိပြီး လွန်ခဲ့သော ၁၂ လတွင် ကျွန်ုပ်တို့သည် C$30.6 ဘီလျံကို ဝယ်ယူသူများသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏အဓိက လုပ်ငန်းဆောင်ရွက် မှုများမှာ အာရှ၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတွင် တည်ရှိပြီး ထိုနေရာများတွင် ဝယ်ယူသူများကို နှစ်ပေါင်း ၁၅၅ နှစ်ကျော်ကြာအောင် ဝန်ဆောင်မှုပေးအပ်ခဲ့သည်။ ကျွန်ုပ်တို့သည် တိုရွန်တို၊ နယူးယောက်နှင့် ဖိလစ်ပိုင် စတော့အိတ်ချိန်းများတွင် ‘MFC’ ဖြင့်လည်းကောင်း၊ ဟောင်ကောင်တွင် '945’ ဖြင့်လည်းကောင်း ကုန်သွယ်လုပ်ဆောင်လျက်ရှိပါသည်။

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက