အတည်ပြုသည်
အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

Manulife မှ မြန်မာနိုင်ငံရှိ ၎င်း၏ဈေးကွက်ဖော်ဆောင်မှုအား ရန်ကုန်မီးရထားအဆောက်အအုံကို ပြန်လည်ဆန်းသစ်ခြင်းဖြင့် စတင်

August 6, 2020

ရန်ကုန်၊ မြန်မာ။             ။ Manulife Myanmar က ၎င်း၏ ပထမဆုံးဈေးကွက်ဖော်ဆောင်ရေးလှုပ်ရှားမှု ကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးဝင်းအတွင်းရှိ မြန်မာ့မီးရထားပိုင် ရန်ကုန်မီးရထား အဆောက်အအုံအား ပြန်လည်ပြင်ဆင်မွမ်းမံခြင်းနှင့် စတင်လိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာ လိုက်သည်။ ယခုလှုပ်ရှားမှုသည် Manulife ၏ အမှတ်တံဆိပ်ကို လူအများပိုမိုသိရှိလာစေရန်နှင့် မြန်မာနိုင်ငံ အတွင်း ၎င်းတို့၏ပုံရိပ် ပိုမိုခိုင်မာလာစေရေးအတွက် လုပ်ဆောင်သည့် ကုမ္ပဏီ၏ ကြိုးပမ်းမှု အစလည်း ဖြစ်သည်။

တက်ကြွလန်းဆန်းသည့် အစိမ်းရောင်အသွင်သဏ္ဍာန်နှင့် ပြန်လည်ဆန်းသစ်ထားသည့် ရန်ကုန်မီးရထား အဆောက်အအုံကို ပန်းဆိုးတန်းကုန်းကျော်တံတားမှ အထင်အရှားမြင်နိုင်ပြီး အဆိုပါအဆောက်အအုံသည် ရန်ကုန်မြို့လယ်ရှိ အထင်ကရအဆောက်အအုံများအနက်မှ တစ်ခုလည်းဖြစ်သည်။ သက်တမ်းရာချီရှိသည့် ရန်ကုန်ဘူတာကြီးအဆောက်အအုံ၏ တိုးချဲ့အဆောက်အအုံအနေဖြင့် ၁၉၅၀ ပြည့်လွန်နှစ်များတွင် ဆောက်လုပ်ပြီးစီးခဲ့သည့် အဆိုပါအဆောက်အအုံကို ယခုအခါ မီးရထားဝန်ထမ်းများမှ ၎င်းတို့၏ရုံးအဖြစ် ဆက်လက်အသုံးချလျက်ရှိသည်။

“ရန်ကုန်မြို့ရဲ့အချက်အချာနေရာမှာ Manulife ရဲ့ တည်ရှိမှုကို ထုတ်ဖော်ပြသခွင့်ရတာ ကျွန်တော်တို့အတွက် တကယ့်အခွင့်ထူးတစ်ခုပါ။ Manulife က မြန်မာနိုင်ငံသားတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် ပိုမို ကောင်းမွန်တဲ့ မနက်ဖြန်တွေ၊ ပိုမိုခိုင်မာတဲ့ ငွေရေးကြေးရေးဆိုင်ရာ အနာဂတ်ကို တည်ဆောက်ဖို့ ကြိုးပမ်း ရာမှာ ယုံကြည်ရတဲ့ အာမခံမိတ်ဆွေအဖြစ် တည်ရှိသွားဖို့ ကတိကဝတ်ပြုထားပါတယ်။ မြန်မာနိုင်ငံရဲ့ ငယ်ရွယ်နုပျိုတဲ့ ထွန်းသစ်စ ဈေးကွက်မှာ အာမခံရဲ့တန်ဖိုးကို ပိုပြီးနားလည်လာအောင်၊ ပိုပြီးတန်ဖိုးထား တတ်လာအောင် ကူညီပေးရမှာ ဖြစ်တဲ့အတွက်လည်း စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်။ ဒီဈေးကွက် ဖော်ဆောင်ရေးလှုပ်ရှားမှုဟာ Manulife က မြန်မာလူမျိုးတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် ဘာတွေလုပ် ပေးနိုင်တယ်ဆိုတာကို ပြန်လည်မိတ်ဆက်ပေး တဲ့ ကျွန်တော်တို့ရဲ့ အဓိကခြေလှမ်းအစပဲဖြစ်ပါတယ်  ” ဟု Manulife Myanmar ၏ အမှုဆောင်အရာရှိချုပ် Robert Elliott မှ ပြောကြားခဲ့သည်။

Manulife သည် မြန်မာနိုင်ငံတွင် ရှည်လျားသောသမိုင်းကြောင်းရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံ၌ ၎င်း၏ပထမဆုံး အာမခံပေါ်လစီကို ၁၉၀၃ ခုနှစ် နိုဝင်ဘာလတွင် စတင်ရောင်းချ ခဲ့သည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့သည့် ၁၉၄၂ ခုနှစ်ကာလမတိုင်မီအထိ မြန်မာ့အာမခံလုပ်ငန်းကို တက်ကြွစွာပုံဖော်ပေးခဲ့သော ရှေ့ဆောင် အာမခံတစ်ခုလည်း ဖြစ်သည်။ Manulife သည် မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ်တွင် ကိုယ်စားလှယ်ရုံးခန်းဖွင့်လှစ်၍ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အာမခံလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိခဲ့သော ပထမဆုံးနိုင်ငံခြားသားပိုင် အာမခံကုမ္ပဏီများ အနက်မှ တစ်ခုပင် ဖြစ်သည်။

 

Manulife Myanmar အကြောင်း
Manulife Myanmar သည် Manulife Financial Corporation လက်အောက်တွင်ရှိသော နိုင်ငံခြားသား အပြည့်အဝပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည်။ Manulife သည် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ၏ အသက်အာမခံလုပ်ငန်းအတွက် အဓိကထားလုပ်ဆောင်ပြီး မြန်မာနိုင်ငံသားများကို ဘဏ္ဍာရေးဆိုင်ရာ အကာအကွယ်များထောက်ပံ့ပေးကာ မြန်မာမိသားစုများအတွက် ပိုမိုကျန်းမာပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဘဏ္ဍာရေးအနာဂတ်တည်ဆောက်ရာတွင် ကူညီပေးလျက်ရှိသည်။ 

 

Manulife အကြောင်း
Manulife Financial Corporation
သည် ထိပ်တန်းမှဦးဆောင်နေသည့် နိုင်ငံတကာငွေ‌ရေးကြေးရေး ဆိုင်ရာ ဝန်ဆောင်မှုများပေးအပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖောက်သည် (Customers) များအား ဆုံးဖြတ်ချက်ချရာ တွင် ပိုမိုလွယ်ကူစေရန်နှင့် ကောင်းမွန်သည့် ဘဝများ ရရှိစေရန် ကူညီပေးလျက်ရှိသည်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံးဆိုင်ရာရုံးချုပ်နှင့်အတူ Manulife အမည်ဖြင့် ကနေဒါ၊ အာရှနှင့် ဥရောပနိုင်ငံများရှိ ရုံးခန်းများတွင် လုပ်ငန်းလည်ပတ်လျက်ရှိကာ အမေရိကန်ပြည်ထောင်စုတွင် John Hancock အမည်နှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ငွေရေးကြေးရေးဆိုင်ရာ အကြံပြု ချက်များ၊ အာမခံနှင့် ဓနဥစ္စာပိုင်ဆိုင်မှုပစ္စည်း စီမံခန့်ခွဲမှု ပြဿနာဖြေရှင်းနည်းများကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် သို့မဟုတ် အဖွဲ့အစည်းများအတွက်ဖြစ်စေ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၂၀၁၉ နှစ်ကုန်တွင် ဝန်ထမ်းပေါင်း ၃၅,၀၀၀ ကျော်၊ အေးဂျင့်ပေါင်း ၉၈,၀၀၀ ကျော်နှင့် ဖြန့်ချိရေးပါတနာများ ထောင်ကျော်ရှိပြီး ဝယ်ယူသူ သန်း ၃၀ နီးပါးကို ဝန်ဆောင်မှုပေးလျက်ရှိနေပါသည်။ ၂၀၂၀ ခုနှစ် မတ်လ ၃၁ နေ့အထိ $1.2 ထရီလျံ (US$0.8 ထရီလျံ) နှင့်ညီမျှသော ပမာဏပိုင်ဆိုင်မှုများသည် စီမံရေးခန့်ခွဲရေးလက်အောက်တွင်ရှိပြီး လွန်ခဲ့သော ၁၂ လတွင် ကျွန်ုပ်တို့သည် $30.4 ဘီလျံကို ဝယ်ယူသူများသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏အဓိကလုပ်ငန်းဆောင်ရွက်မှုများမှာ အာရှ၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတွင် တည်ရှိပြီး ထိုနေရာများတွင် ဝယ်ယူသူများကို နှစ်ပေါင်း ၁၅၅ နှစ်ကျော်ကြာအောင် ဝန်ဆောင်မှုပေးအပ်ခဲ့သည်။ ကျွန်ုပ်တို့သည် တိုရွန်တို၊ နယူးယောက်နှင့် ဖိလစ်ပိုင် စတော့အိတ်ချိန်းများတွင် ‘MFC’ ဖြင့်လည်းကောင်း၊ ဟောင်ကောင်တွင် '945’ ဖြင့်လည်းကောင်း ကုန်သွယ်လုပ်ဆောင်လျက်ရှိပါသည်။

 

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက