အတည်ပြုသည်
အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

Manulife က “Friend of ASEAN” ဆုကို လက်ခံရရှိ

ဒေသတွင်းကူညီပံ့ပိုးမှုများအတွက် အသိအမှတ်ပြုခံရခြင်းဖြစ်

ဒီဇင်ဘာ ၁၊ ၂၀၂၁

စင်ကာပူ - ASEAN Business Advisory Council မှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ် ASEAN Business Awards အခမ်းအနားတွင် Manulife က “Friend of ASEAN” ဆုကို အသိအမှတ်ပြုလက်ခံရရှိခဲ့သည်။ အဆိုပါဆုမှာ Manulife ၏ အရှေ့တောင်အာရှ ဒေသများအတွင်း ကောင်းမွန်သောလူမှုအကျိုးစီးပွားလုပ်ငန်းများအတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးမှုများ အတွက် အသိအမှတ်ပြုသည့် ဂုဏ်ပြုဆုတံဆိပ်တစ်ခုလည်းဖြစ်သည်။

အရှေ့တောင်အာရှ အဖွဲ့၀င် (၁၀) နိုင်ငံပါဝင်သည့်  အာဆီယံစီးပွားရေးအသိုက်အဝန်းကို ပိုမိုဖွံ့ဖြိုး အကျိုးဖြစ်ထွန်းစေရန် ကူညီလုပ်ဆောင်ပေးကြသော ကုမ္ပဏီများကို ပြန်လည်အသိအမှတ်ပြုလိုသည့် ဆန္ဒဖြင့် ASEAN Business Award အစီအစဥ်ကို ၂၀၀၇ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်သည်။

 

အရှေ့တောင်အာရှတွင် Manulife ၏ ပထမဆုံး ရုံးခန်းကို စင်ကာပူနိုင်ငံ၌ ၁၈၉၉ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကမ္ဗောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံများတွင် ထပ်မံချဲ့ထွင်လာနိုင်ခဲ့သည်။ ငွေကြေးပိုင်းဆိုင်ရာစီမံခန့်ခွဲမှုများ၊ ဝန်ဆောင်မှုများကိုဆောင်ရွက်ပေးနိုင်ရုံသာမက ‌ငွေကြေးစီမံမှုအပိုင်းနှင့်အကျွမ်းတဝင်ရှိလာစေပြီး ၎င်းတို့က ဒေသတွင်းရှိ မိသားစုများ၏ ဘဝနှင့်အနာဂတ်များအတွက် ပြင်ဆင်မှုအပေါ် လေးနက်သည့် သက်ရောက်မှုများ ရှိစေခဲ့ခြင်း ဖြစ်သည်။

ကပ်ရောဂါကြောင့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ကြုံတွေ့နေရချိန်၌ပင် Manulife သည် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အာမခံဝန်ဆောင်မှု များကို ပေးအပ်နိုင်ခဲ့ပြီး စင်ကာပူနိုင်ငံတွင်လည်း DBS ဘဏ်နှင့်အတူပူးပေါင်းကာ အာမခံအမျိုးအစားပေါင်း ၇ ခုကို ဒစ်ဂျစ်တယ်စနစ် ဖြင့် ဆောင်ရွက်ပေးနိုင်ရန်လုပ်ဆောင်နိုင်ခဲ့ပြီး ကပ်ရောဂါဖြစ်ပွားစဥ်ကာလတစ်လျှောက် အာမခံဝယ်ယူသူများ၊ ၎င်းတို့မိသားစုဝင်များ နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းမျိုးများကို လျှော့ချနိုင်ခဲ့ခြင်းဖြင့် အာမခံကိုယ်စားလှယ်များနှင့် မိတ်ဖက်များကို ပိုမိုအဆင်ပြေလွယ်ကူ စေနိုင်ခဲ့သည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံတွင်လည်း ပထမဆုံး ဒစ်ဂျစ်တယ်အာမခံအမျိုးအစား Khởi Đầu Bảo Vệ (My Starter Protection)ကို နိုင်ငံအတွင်းမှ လူငယ်မျိုးဆက်များ အတွက် အလွယ်တကူဖြင့် အသက်နှင့်ကျန်းမာရေးအာမခံများဝယ်ယူနိုင်ရန် မိတ်ဆက်ပေးနိုင်ခဲ့သည်။

ထို့အတူ ကပ်ရောဂါဖြစ်ပွားနေစဥ်ကာလများအတွင်း Manulife မှ အရှေ့တောင်အာရှနိုင်ငံများ၏ လူမှုအသိုက်အဝန်းများအတွက် ‌အထောက်အပံ့များပေးအပ်ခဲ့ရာ မလေးရှားနိုင်ငံတွင် ကျောင်းသားလူငယ်များအတွက် ပညာသင်ဆုများပေးအပ်ခြင်း၊ အင်ဒိုနီးရှားနိုင်ငံ တစ်ဝှမ်းရှိ ဆေးရုံနှင့်ဆေးခန်းများအတွက် ဆေးဘက်ဆိုင်ရာအထောက်အကူပစ္စည်းများနှင့် ကွန်ပျူတာများ ထောက်ပံ့ခြင်း၊ ဖိလစ်ပိုင် နိုင်ငံတွင် စက်ဘီး၊ဆိုင်ကယ်ဖြင့် သယ်ယူပို့ဆောင်သူ ၈၅၀၀၀ ကျော်အတွက် အသက်အာမခံကို အခမဲ့အကျုံးဝင်စေရန် လုပ်ဆောင် ခြင်းနှင့် ကမ္ဗောဒီးယားနိုင်ငံတွင်မူ နှာခေါင်းစည်းနှင့် ရေမလိုလက်သန့်ဆေးရည်များ အစရှိသည့် တစ်ကိုယ်ရည်သုံး ကျန်းမာရေး အကာအကွယ်ပစ္စည်း လှူဒါန်းခြင်းများပြုလုပ်ခဲ့သည်။ စင်ကာပူနိုင်ငံမှ အာမခံဝယ်ယူထားသူများအတွက်မူ စင်ကာပူဒေါ်လာ ၁ မီလံယံနှင့် ညီမျှသည့် COVID-19 အာမခံ ထပ်တိုးအကာအကွယ်ကို စတင်ပေးအပ်ခဲ့သည်။

Manulife Asia ၏ President နှင့် CEO ဖြစ်သူ Anil Wadhwani က “ဒီဆုကို လက်ခံရရှိတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါ တယ်။ ကျွန်တော်တို့ Manulife ဟာဆိုရင် အရှေ့တောင်အာရှတစ်ခွင်မှာရှိတဲ့ မိသားစုတွေအတွက် ကျန်းမာရေး၊ ငွေကြေးစီမံခန့်ခွဲမှု နဲ့ ပင်စင်ကာလများအတွက် အထောက်အကူဖြစ်စေဖို့ ကူညီလုပ်ဆောင်လာခဲ့တာ နှစ်ပေါင်း ၁၂၀ ကျော်ခဲ့ပြီလည်းဖြစ်ပါတယ်။” ဟု ပြောကြားသည်။

စိန်ခေါ်မှုကာလများတစ်လျှောက် အာမခံဝယ်ယူသူများအတွက်အထောက်အကူဖြစ်စေရန် Manulife အနေဖြင့် အာရှတစ်ဝှမ်းရှိ စျေးကွက် ၁၃ ခုတွင် လည်ပတ်လျက်ရှိပြီး ကုမ္ပဏီ၏ ပင်မဝင်ငွေစုစုပေါင်း ၄၀ ရာခိုင်နှုန်းကျော်အထိကို အဆိုပါစျေးကွက်များမှ ကိုယ်စားပြုထားနိုင်ရာ လာမည့် ၂၀၂၅ ခုနှစ်တွင် ၎င်းကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားနိုင်ရန် ရည်မှန်းထားရှိပါသည်။ အာဆီယံ အတွင်းမှ စီးပွားရေးဖွံ့ဖြိုးမှုမှာ Manulife ၏ Emerging Market အတွက် အထူးပင် အရေးပါရှိသော ကဏ္ဍတစ်ရပ်ဖြစ်သည်။

Manulife ၏ Emerging Market အတွက် General Manager ဖြစ်သူ Sachin N. Shah က “ဒစ်ဂျစ်တယ်နည်းပညာနဲ့ အရှေ့ကနေ ဦးဆောင်နေနိုင်တဲ့ အသက်အာမခံလုပ်ငန်းတစ်ခုအဖြစ်‌ ကျွန်တော်တို့ Manulife က အာဆီယံဒေသတွင်းမှာ ကျွန်တော်တို့ အသက်အာမခံကိုဝယ်ယူသူတွေ၊ လုပ်ဖော်ကိုင်ဘက်တွေ၊ လူမှုအသိုက်အဝန်းနဲ့ ရှယ်ယာဝင်များအတွက် ကြီးမားတဲ့ တန်ဖိုးတစ်ခုနဲ့ အစဥ်သဖြင့် တိုးတက်နေမှုကို ပေးအပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။  ASEAN BAC က ပေးအပ်တဲ့ ဒီဆုက ကျွန်တော်တို့အတွက် အဓိပ္ပာယ်တအားပြည့်ဝပြီးတော့ ဒေသတွင်းမှာ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ ဆက်လက်ပေးအပ်သွားမယ့် ကတိကဝတ်၊ တန်ဖိုးတွေ အတွက် ပြီးပြည့်စုံတဲ့ အသိအမှတ်ပြုမှုတစ်ခုပဲဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကနေဒါနိုင်ငံနှင့် အာဆီယံအဖွဲ့အစည်းကြားတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဥ်များ ပိုမိုချဲ့ထွင်နိုင်ရန်ဟူသော ရည်ရွယ်ချက် ဖြင့် အကျိုးအမြတ်မယူသောအဖွဲ့အစည်း Canada-ASEAN Business Council တစ်ရပ်ကို ၂၀၁၂ ခုနှစ်တွင် စင်ကာပူနိုင်ငံ အတွင်း စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ ခုနှစ်မှစတင်ကာ Manulife က အဆိုပါအဖွဲ့အစည်း၏ နာယက အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူ ခဲ့သည်။  

“Friends of ASEAN” ဆုအမျိုးအစားမှာ အာဆီယံနိုင်ငံများအတွင်းမှ ကုမ္ပဏီများမဟုတ်သော်လည်း အရှေ့တောင်အာရှနိုင်ငံများ အတွက် ဒေသတွင်း လူမှုအသိုက်အဝန်းနှင့် စီးပွားရေးဆိုင်ရာ အထောက်အကူပြု လုပ်ဆောင်ပေးမှုများအတွက် အသိမှတ်ပြု ပေးအပ်သည့်ဆုအမျိုးအစားဖြစ်သည်။ ၎င်းက ASEAN ဒေသများသို့ တန်ဖိုးထားခြင်း နှင့် အခြားနိုင်ငံများနှင့်ပေါင်းကူးဆက်သွယ်ရေးများကို ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ပြသသည်။ ဤဆုကို ABA Chair နှင့် ASEAN-BAC က အဆိုပြု တင်သွင်းရခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် တရားဝင်စတင်ဖွဲ့စည်းခဲ့သည့် ASEAN Business Advisory Council (ASEAN-BAC) မှ အာဆီယံ ခေါင်းဆောင်များ၏ လမ်းညွှန်မှုဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်းအတွက် ရေရှည်တွင် အရေးပါမည့် အဓိကဦးစားပေးနယ်ပယ် များ ခွဲခြမ်း စိတ်ဖြာရုံသာမက ပုဂ္ဂလိကစီးပွားရေးအခန်းကဏ္ဍပေါင်းစည်းခြင်းအတွက် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို မြှင့် တင်ရန် တုန့်ပြန်ချက်နှင့် လမ်းညွှန်ချက်များပေးအပ်နိုင်ရန် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။ 

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက