အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

မတူကွဲပြားမှုများအပေါ် အလေးထားမှုကိုပြသသည့်အနေဖြင့် Manulife မှ ဝန်ထမ်းပေါင်း ၃၇,၀၀၀ ကျော်အတွက် ထပ်ဆောင်းခွင့်ရက်ကို ခံစားခွင့်ပေး

 ဇွန် ၁၇, ၂၀၂၁ 

ဟောင်ကောင် - Manulife အနေဖြင့်  အာရှနိုင်ငံများမှ ဝန်ထမ်းပေါင်း ၁၉,၀၀၀ ကျော် အပါအဝင် တစ်ကမ္ဘာလုံးဆိုင်ရာဝန်ထမ်းများ အတွက် လစာဖြတ်တောက်ခြင်းမပြုသည့် ခွင့်ရက် “Thank You Day” ကို ယခု ဇွန်လ ၁၈ ရက် သောကြာနေ့တွင် ခံစားခွင့်ပြုခဲ့ပြီး ထိုသို့ပေးအပ်ခြင်းမှာ ဒုတိယမြောက်နှစ်လည်းဖြစ်သည်။ Manulife မှ ဝန်ထမ်းများအတွက် ယခုနှစ်အတွင်း ခံစားခွင့်ပြုထားသည့် အပိုဆောင်းခွင့်ရက် ၅ ရက်အပြင် ထပ်မံပေးအပ်သည့် ခွင့်ရက်လည်းဖြစ်ပြီး ၎င်းတို့၏ လူမှုဘဝများအတွက် အထောက်အကူပြုနိုင် ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

Manulife Asia ၏ President and CEO ဖြစ်သူ Anil Wadhwani က “ပြီးခဲ့တဲ့ နှစ်တစ်နှစ်လုံးမှာ ထူးခြားကောင်းမွန်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့အတူ စွန့်လွှတ်အနစ်နာခံမှုတွေလုပ်ဆောင်ပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို အထူးပဲလေးစားဂုဏ်ယူရကြောင်း ပြောကြားလိုပါတယ်။ သူတို့တွေအတွက် ပြန်လည်ထူထောင်မှုတွေလုပ်ဖို့ဆိုတာအပြင် သူတို့ အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားပြန်လည်ရယူဖို့ အချိန်တစ်ခုပြန်‌ပေးရင်း ကျွန်တော်တို့ဘက်က ကူညီပေးဖို့ဆိုတာ တကယ့်ကို အရေးကြီးလွန်းတဲ့ အရာတစ်ခုပါပဲ။” ဟု ပြောကြားသည်။

ထို့အပြင် Manulife အနေနှင့် မတူကွဲပြားမှုများ၊ တန်းတူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း Diversity, Equity & Inclusion (DEI) ကို ဝန်ထမ်းများ အချင်းချင်းကြား မျှဝေခြင်းဖြင့် သင်ယူနိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် Global Afternoon of Reflection and Learning အစီအစဥ်ကို နေ့လည်ပိုင်းတစ်ပိုင်းလုံး အချိန်ပေးလုပ်ဆောင်သွားမည်လည်းဖြစ်သည်။ ဇွန်လ ၁၇ ရက်နေ့ နေ့လည် အချိန်တွင် သင်ယူလေ့လာခြင်းအစီအစဥ်လုပ်ဆောင်မှုများစွာကို ကမ္ဘာနှင့်တစ်ဝန်းအတွက်သာမက အာရှနိုင်ငံများအားလုံးအတွက် ပြင်ဆင်ထားပြီး မတူကွဲပြားမှုများအကြားမှပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြောင်းအလဲများအတွက် ပိုမိုကောင်းမွန်သည့် ထောက်ခံ ပံ့ပိုးသူများဖြစ်အောင် မည်သို့လုပ်ဆောင်ကြမည်နည်း ဟူသည့် ခေါင်းစဥ်နှင့် နှီးနှောဖလှယ်ခြင်းများ ပါဝင်ခဲ့ပါသည်။

အစီအစဥ်ကဏ္ဍများတွင် မှတ်သားဖွယ်ရာပြောစကာာများ၊ ရင်းရင်းနှီးနှီးစကားဝိုင်းများနှင့် အွန်လိုင်းဆွေးနွေးပွဲများပါဝင်ခဲ့ပြီး ၎င်းတို့ကို Employee Resource Groups (ERGs) များနှင့် ခေါင်းဆောင်မှုအပိုင်းမှပုဂ္ဂိုလ်များ၊ မှ  ဦးဆောင်ပြုလုပ်ခဲ့ခြင်း လည်းဖြစ်သည်။ အာရှအတွက်မူ Pride and Prejudice ခေါင်းစဥ်ဖြင့် သုတေသနတွေ့ရှိချက်တင်ဆက်မှုကို The Economist မီဒီယာမှ ‌‌ဝေမျှပေးခဲ့ကာ DEI စကားဝိုင်းကိုမူ Manulife မှ Senior Leaders များက How to have uncomfortable conversations ခေါင်းစဥ်ဖြင့်လည်ကောင်း၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်လုပ်ဆောင်မှုများ၊ လူမျိုးရေးတန်းတူညီမျှမှုသည့် လူသားရင်းမြစ်များနှင့် LGBTQ+2 ခေါင်းစဥ် အပါအ၀င် အမျိုးမျိုးသော လှုပ်ရှားမှုများကို ERGs မှ ပြုလုပ်သွားခဲ့ခြင်း ဖြစ်ပါသည်။   

“အခုလို နေ့လည်ခင်းအချိန် သင်ယူလေ့လာမှုတွေဟာ DEI လှုပ်ရှားမှုပဏမခြေလှမ်းတွေအတွက် ထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံထားရှိမှု များရဲ့ အစိတ်အပိုင်းတခု  ဖြစ်ပါတယ်။ ၀န်ထမ်းတွေရဲ့အသံကို နားထောင်ပေးခြင်းနဲ့ သင်ယူလေ့လာ ဖို့ဆိုတာ အရမ်းကို အရေးကြီး ပြီး ဒါက ကျွန်တော်တို့ကို ပိုပြီးကောင်းမွန်တဲ့ လုပ်ငန်းရှင်တွေဖြစ်လာဖို့ အထောက်အပံ့ကောင်းတွေ ပေးနိုင်မယ့်အပြင် တန်းတူညီမျှ မှုရှိပြီး အားလုံးပါဝင်နိုင်တဲ့ ကမ္ဘာကြီးဖြစ်လာဖို့ တည်ဆောက်ရာမှာလည်း ကျွန်တော်တို့က တစ်စိတ်တစ်ဒေသအဖြစ် ပါဝင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။” ဟု Wadhwani က ပြောကြားသည်။

Manulife အကြောင်း

Manulife Financial Corporation သည် ထိပ်တန်းမှဦးဆောင်နေသည့် နိုင်ငံတကာငွေ‌ရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ် နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Customers များအား ဆုံးဖြတ်ချက်ချရာတွင် ပိုမိုလွယ်ကူစေရန်နှင့် ကောင်းမွန်သည့်ဘဝများ ရရှိစေရန် ကူညီပေးလျက်ရှိသည်။ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ ကျွန်ုပ်တို့၏ တစ်ကမ္ဘာလုံးဆိုင်ရာရုံးချုပ်နှင့်အတူ Manulife အမည်ဖြင့် ကနေဒါ၊ အာရှနှင့် ဥရောပနိုင်ငံများရှိ ရုံးခန်းများတွင် လုပ်ငန်းလည်ပတ်လျက်ရှိကာ အမေရိကန်ပြည်ထောင်စုတွင် John Hancock အမည်နှင့် လုပ်ငန်းလုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ငွေရေးကြေးရေးဆိုင်ရာ အကြံပြုချက်များ၊ အာမခံနှင့် ဓနဥစ္စာပိုင်ဆိုင်မှုပစ္စည်း စီမံခန့်ခွဲ မှု၊ Manulife Investment Management မှ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းများနှင့် ကမ္ဘာတစ်လွှားမှ ပင်စင်အတွက် ကြိုတင် ပြင်ဆင်ထားကြသူများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၂၀၂၀ နှစ်ကုန်တွင် ဝန်ထမ်းပေါင်း ၃၇,၀၀၀ ကျော်၊ အေးဂျင့်ပေါင်း ၁၁၈,၀၀၀ ကျော်နှင့် ဖြန့်ချိရေးပါတနာများ ထောင်ကျော်ရှိပြီး ဝယ်ယူသူ သန်း ၃၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိနေပါသည်။ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်နေ့အထိ ကနေဒီယမ်ဒေါ်လာ 1.3 ထရီလျံ (US$1.0 ထရီလျံ) နှင့်ညီမျှသော ပမာဏပိုင်ဆိုင်မှုများသည် စီမံရေးခန့်ခွဲရေး လက်အောက်တွင်ရှိပြီး လွန်ခဲ့သော ၁၂ လတွင် ကျွန်ုပ်တို့သည် $3.13 ဘီလျံကို ဝယ်ယူသူများသို့ ပေးအပ်ထားခဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏အဓိကလုပ်ငန်းဆောင်ရွက်မှုများမှာ အာရှ၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတွင် တည်ရှိပြီး ထိုနေရာများတွင် ဝယ်ယူသူများကို နှစ်ပေါင်း ၁၅၅ နှစ်ကျော်ကြာအောင် ဝန်ဆောင်မှုပေးအပ်ခဲ့သည်။ ကျွန်ုပ်တို့သည် တိုရွန်တို၊ နယူးယောက်နှင့် ဖိလစ်ပိုင်စတော့အိတ်ချိန်းများတွင် ‘MFC’ အနေဖြင့် လည်းကောင်း၊ ဟောင်ကောင်တွင် '945’ အနေဖြင့်လည်းကောင်း စေတာ့အိတ်ချိန်းများလုပ်ဆောင်လျက်ရှိပါသည်။

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက