15th November 2025
ပဲခူး, မြန်မာ – မြန်မာမိသားစုတွေ အားလုံး ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချ ကောင်းမွန်တဲ့ ဘဝအနာဂတ် ပိုင်ဆိုင်နိုင်စေဖို့ နိုဝင်ဘာလ (၁၅) ရက်နေ့က Manulife Myanmar ပဲခူးတိုင်းဒေသကြီး ရုံးခွဲသစ်ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ နေ့ရက်တိုင်း အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင်လုံခြုံစွာ နေထိုင်လိုတဲ့ မိသားစုဘဝအိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ Manulife Myanmar ကနေ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ အမြဲမပြတ် ပံ့ပိုးကူညီပေးနိုင်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း ကတိပြုလိုက်ပါတယ်။