အတည်ပြုသည်
အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

မျိုးဆက်သစ်လူငယ်များသိထားသင့်သည့် အာမခံထားရှိခြင်းဆိုင်ရာ အသိပညာ

ငွေကြေးတာဝန်ယူမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ မြန်မာနိုင်ငံမျိုးဆက်သစ်လူငယ်တွေရဲ့အခြေအနေက တစ်မျိုးထူးခြားပါတယ်။ လုပ်ငန်းခွင်ဝင်ရောက်နေကြတဲ့ အသက် ၃၀ နှစ်အောက် မျိုးဆက်သစ်လူငယ်အများစုဟာ မိသားစုကို အဓိက ထောက်ပံ့ရတဲ့တာဝန်ကို ယူထားတဲ့အတွက် သူတို့အနေနဲ့ ကိုယ့်ဝင်ငွေအပေါ် အခြေခံပြီး ငွေကြေးသုံးစွဲရာမှာ ချင့်ချိန်သုံးစွဲလေ့ရှိကြပါတယ်။ အလျှံပယ်သုံးစွဲခြင်းကို လျှော့ချလေ့ရှိကြပြီး မရှိမဖြစ်လိုအပ်တဲ့အရာတွေအတွက်သာ အဓိကထား သုံးစွဲကြပါတယ်။ ပိုက်ဆံကိုချွေတာစုဆောင်းလိုစိတ်ရှိပြီး မိသားစုအတွက်တာဝန်ယူလိုစိတ် အပြည့်အဝရှိသူတွေလည်း ဖြစ်ကြပါတယ်။ 

မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်းတွေ စတင်ဖွံ့ဖြိုးလာတာနဲ့အမျှ လူငယ်တွေဟာ မေးခွန်းထုတ်လာကြပါတယ်။ 

“အသက်အာမခံထားဖို့ လိုအပ်သလား?”

“အသက်အာမခံထားသင့် မထားသင့် စဉ်းစားဖို့ အသက်အရမ်းငယ်နေလား?”

“ဘယ်အရွယ်မှာ အာမခံစထားသင့်သလဲ?”

“ဘယ်လိုအာမခံအမျိုးအစားက ကိုယ့်အတွက် အသင့်လျော်ဆုံးဖြစ်မလဲ?”

ဒီဆောင်းပါးကိုဖတ်မိတဲ့ သင်က အသက် ၂၀ အရွယ်ရှိပြီဆိုရင် အာမခံဝယ်ယူထားလို့ သင့်လျော်ပြီလို့ ထင်ပါသလား

အဖြေကတော့ “သင့်လျော်ပါပြီ။” 

 

အာမခံထားသင့်သော အသက်အပိုင်းအခြား
အာမခံဝယ်ယူမယ်ဆိုရင် အသက်အပိုင်းအခြားက အရေးပါပါတယ်။ အသက်အရွယ်ပေါ်မူတည်ပြီး ထားသင့်တဲ့အာမခံ အမျိုးအစားကို ဆုံးဖြတ်ရမှာပါ။ အကောင်းဆုံးက - ငယ်ရွယ်ပြီးကျန်းမာတုန်းအရွယ်မှာ အာမခံဝယ်ယူထားပါ။ ကိုယ်နဲ့ကိုက်ညီပြီး ဝယ်ယူထားသင့်တဲ့ အသင့်လျော်ဆုံးအာမခံအမျိုးအစားကတော့ ကိုယ့်အသက်အ ရွယ်နဲ့ကျန်းမာရေးအခြေအနေပေါ် တိုက်ရိုက်ဆက်နွှယ်နေပါတယ်။ အသက် ၂၀ အရွယ် ဒါမှမဟုတ် ၃၀ အ ရွယ်မှာ  ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့အတူ ဘဝစီမံကိန်းအတိုင်း လုပ်ဆောင်သွားသူတွေက နောင်တစ်ချိန်မှာ အကျိုးအမြတ်များများရပြီး အချိန်နဲ့အမျှပိုပြီးလည်းစုဆောင်းဖြစ်မှာ ဖြစ်ပါတယ်။ 

 

အမြော်အမြင်ရှိစွာ ရင်းနှီးမြှပ်နှံပါ
အသက် ၂၀ ကျော် နဲ့ ၃၀ ဝန်းကျင်အရွယ်မှာ ရင်းနှီးမြှပ်နှံမှုတစ်ခုအနေနဲ့ အာမခံဝယ်ယူထားဖို့က အလုပ်သင့်ဆုံးပါ။ စီးပွားရေးလမ်းပွင့်လာမှုနဲ့အတူ ငွေကြေးပြေလည်လာတဲ့ မြန်မာနိုင်ငံရဲ့တက်သစ်စလူငယ်တွေဟာ များသောအားဖြင့် အိမ်၊ ခြံ၊ မြေ၊ သို့မဟုတ် ရွှေနဲ့အခြားအဖိုးတန် လက်ဝတ်ရတနာပစ္စည်းတွေ စုဆောင်းရာမှာ ရင်းနှီးမြှပ်နှံဖို့ စိတ်အားထက်သန်ကြပါတယ်။ အသက်အာမခံထားရှိခြင်းဆိုတာ အကောင်းဆုံး ရင်းနှီးမြှပ်နှံမှုမဟုတ်ဘူးလို့ ယူဆရင်တောင် အခြားအရာတွေထက်ပိုပြီး အကျိုးရှိတဲ့ရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့  အသက်အာမခံက သင့်ကျန်းမာရေးကို လုံခြုံမှုပေးထားပြီး ကျန်းမာခြင်းထက် ဘယ်အရာမှ ပိုပြီးအရေးမကြီးလို့ပါပဲ။ 

 

စိတ်ချမ်းသာခြင်း
မြန်မာနိုင်ငံရဲ့ အသွင်ပြောင်းလဲလာတဲ့ စီးပွားရေးအခြေအနေနဲ့လူ့အသိုင်းအဝိုင်းကတော့ တက်သစ်စလူငယ်တွေကို အများကြီးအကျိုးပြုနေပါတယ်။ အထူးသဖြင့် မြို့ပြမှာနေသူတွေအတွက် အခွင့်အရေးတွေက ပိုပြီးများပြားပါတယ်။ ဒီလိုအခွင့်အရေးတွေနောက်လိုက်နေရလို့ ဘဝကပျော်စရာနည်းပါးသွားတယ်လို့တော့ မထင်လိုက်ပါနဲ့။ လူနဲ့ဝန်မျှဖို့အရေးကြီးသလို စိတ်ချမ်းသာဖို့ကလည်း အရေးကြီးပါတယ်။ အာမခံထားရှိခြင်းက လူငယ်တွေအတွက် အနာဂတ်ရဲ့ အလုပ်ကိစ္စနဲ့ လူမှုရေးကိစ္စတွေမှာ တစ်စုံတစ်ခု အပြောင်းအလဲရင်ဆိုင်ရရင်တောင် လုံခြုံစိတ်ချရတဲ့ ငွေကြေးအကာအကွယ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ 

 

ဘဝအတွက် အထောက်အပံ့
မြန်မာနိုင်ငံမှာ လူအများစုက အသက် ၂၀ ကျော်နဲ့ ၃၀ ကျော်လောက်မှာ အိမ်ထောင်ပြုဖို့ စဉ်းစားလာကြပါတယ်။ အိမ်ထောင်ပြုခြင်းက လူနေမှုပုံစံ၊ ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေးအခြေအနေ အပါအဝင် အရာအားလုံးကို ပြောင်းလဲစေပါတယ်။ ဒါကြောင့် အကောင်းဆုံးကြိုတင်စီစဉ်ထားဖို့ အရေးကြီးပါတယ်။ တစ်ကိုယ်တည်းနေထိုင်မယ့်သူတွေကလည်း ကိုယ်ပိုင်ငွေကြေးနဲ့ရပ်တည်နိုင်အောင် စတင်စီစဉ်သင့်ပါတယ်။ မိဘ၊ ညီအစ်ကို မောင်နှမတွေနဲ့ ဆက်ပြီးနေမယ်ဆိုရင်တောင် အသက်ကြီးလာတာနဲ့အမျှ မိသားစုဝင်တွေရဲ့ ကုန်ကျစရိတ်တွေ များလာမှာကို တွေးထားရင်းက ပြင်ဆင်ထားရမှာပဲဖြစ်ပါတယ်။ 

 

နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိတဲ့ Manulife အာမခံကုမ္ပဏီက မြန်မာနိုင်ငံရဲ့တက်သစ်စလူငယ်တွေအတွက် အာမခံထားရှိခြင်း အသိပညာတွေကို အကောင်းဆုံးဝေမျှပေးနိုင်မယ့် ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်ဖြစ်ပါတယ်။ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အသင့်လျော်ဆုံး အာမခံအမျိုးအစား၊ ရယူနိုင်မယ့်အာမခံတွေနဲ့ အာမခံသဘောတရားတွေကို ကောင်းကောင်းနားလည်နိုင်ဖို့ Manulife က လေ့ကျင့်ပျိုးထောင်ပေးထားတဲ့ အကြံပေးပုဂ္ဂိုလ်တွေက သေချာရှင်းပြပေးမှာပါ။ ဒီတော့ အနာဂတ်ငွေကြေးလုံခြုံမှုရှိနိုင်ဖို့ Manulife နဲ့ ချိတ်ဆက်ပြီး အာမခံထားရှိခြင်း အသိပညာတွေကို လေ့လာလိုက်ပါ။ 

Manulife ကို မြန်မာနိုင်ငံမှာ ၁၉၀၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး ပေါ်လစီကို ရောင်းချခဲ့ခြင်းနဲ့အတူ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပြီး မြန်မာ့စျေးကွက်ထဲ  ပြန်လည်ဝင်ရောက်ခဲ့ချိန်ကစလို့ Manulife က မြန်မာနိုင်ငံမှာ ရှိတဲ့ အာမခံစည်းမျဉ်းစည်းကမ်းတွေအပေါ် လုပ်ငန်းရှင်တွေနဲ့ အမြဲ တမ်းလက်တွဲဆောင်ရွက်ခဲ့ပြီး ဆန်းသစ်တဲ့ အာမခံအမျိုးအစားတွေကို ဘယ်လိုဖန်တီးအသုံးချရမလဲဆိုတာ အကြံဉာဏ်ကောင်းတွေ အမြဲတမ်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ Manulife က မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကူညီထောက်ပံ့ပေးနေပါတယ်။

Manulife Myanmar အကြောင်း  https://www.facebook.com/Manulife.Myanmar/  မှာ ၀င်ရောက် လေ့လာလိုက်ပါ

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက