14 Dec 2025
ရန်ကုန်၊ မြန်မာ - ဒီဇင်ဘာလ (၁၇) ရက်နေ့က အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ International Day of Persons with Disabilities ကိုဂုဏ်ပြုတဲ့အထိမ်းအမှတ်ပွဲလေးကို Manulife Myanmar ကနေပြီး ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာဆိုရင် မသန်စွမ်းသူများနဲ့ စွန့်ဦးတီထွင်သူများပြုလုပ်ထားတဲ့ အရသာရှိတဲ့ မုန့်မျိုးစုံ၊ အိတ်၊ဆပ်ပြာ၊ရေမွှေးနှင့် အခြားပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြပါတယ်။
ဒါ့အပြင် မတူကွဲပြားမှုများအကြား တူညီလေးနက်သော ပေါင်းကူးဆက်နွယ်မှူများ ဖြစ်ပေါ်လာရန်အတွက်လည်း Manulife က အခြေခံလက်သင်္ကေတပြဘာသာစကားသင်တန်းတစ်ခုကို စီစဉ်ခဲ့ရာ ဝန်ထမ်းများမှ စိတ်ဝင်တစား တက်ရောက်ပါဝင်ခဲ့ပြီး တန်ဖိုး၊ အဓိပ္ပာယ်ရှိသော ခြေလှမ်းတစ်ခုကို စတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာလ (၁၈) ရက်နေ့မှာတော့ Professional မျက်မမြင်တီးဝိုင်းတစ်ခုဖြစ်တဲ့ Genius Music Band ကို Manulife ရဲ့ ခရစ္စမတ်ပါတီသို့ ဖိတ်ကြားခဲ့ပြီး အဆိုပါ တီးဝိုင်းနဲ့အတူ ပူးပေါင်းကာ ခရစ္စမတ်ပွဲတော်ကို အတူတကွ ဆင်နွှဲခဲ့ကြပါတယ်။ Manulife Myanmar အနေနဲ့ အခွင့်အလမ်းများကိူသာမကမတူကွဲပြားမှုများရဲ့ တန်ဖိုးကို နားလည်သိရှိပြီး လူတိုင်းပါဝင်နိုင်သော အသိုက်အဝန်းတစ်ခု တည်ဆောက်နိုင်ဖို့ ယုံကြည်ပါတယ်။
ပိုမိုသိရှိရန် : https://www.linkedin.com/company/manulife-myanmar/