အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

“Manulife Impact Week’s”

10 Apr 2026

ရန်ကုန်, မြန်မာ –မြန်မာ့ရိုးရာ သင်္ကြန်ကာလမှာ လူမှု့အသိုက်အဝန်းအတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီပေးချင်တဲ့ ရည်ရွယ်ချက်ကောင်းများနဲ့ Manulife Myanmar ဝန်ထမ်းက ပထမဆုံးအကြိမ်စုပေါင်းသွေးလှူဒါန်းခြင်းကို အမျိုးသားသွေးဌာနမှာလှူဒါန်းခဲ့ကြသလို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်း လူဦးရေတစ်ထောင်စာအတွက် ထမင်းဗူးများကို ကိုယ်တိုင်လုပ်အားဒါနပြုပြီး လှူဒါန်းခဲ့ပါတယ်။

ပိုမိုကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်လာစေဖို့ Manulife Impact Week ရဲ့ လက်တွေ့ကျတဲ့ စေတနာ့ဝန်ထမ်းကူညီပေးမှုလမ်းစဉ်မှာ Manulife Myanmar အနေနဲ့လည်း အခုလိုမွန်မြတ်တဲ့ အလှူဒါနနဲ့ တစ်စိတ်တစ်ပိုင်း ပါဝင်အားဖြည့်နိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူမိရင်း အလှူနေ့ ကြည်နူးစရာ မြင်ကွင်းပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

See More Here

 

Want to learn more about Life Insurance?