အတည်ပြုသည်
အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

ငွေကို စမတ်ကျကျသုံးပါ - ၂၀၂၀ မှာ ပိုက်ဆံ(ငွေ)ကို ဘယ်လိုသုံးကြမလဲ

အခုလောက်ဆိုရင် ၂၀၂၀ နှစ်သစ်အစမှာ ချမှတ်ခဲ့တဲ့ သန္နိဋ္ဌာန်တွေကို လိုက်လုပ်ဖို့ စတင်ပျက်ကွက်နေပြီလို့ ထင်ပါတယ်။ အစားကိုလျှော့မယ်၊ ကိုယ်လက်လေ့ကျင့်ခန်းများများလုပ်မယ်၊ စွန့်စားရတဲ့အရာတွေကို ပို လုပ်မယ် စသည်ဖြင့်ပေါ့လေ။ တကယ်တမ်းတော့ အများကြီးလုပ်မယ်လို့ ချမှတ်ထားတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပေမဲ့ ဒီနှစ်ထဲမှာ တစ်ခုခုကိုတော့ မလုပ်ဘဲနေလို့မရဘူးနော်။ အဲဒါက သင့်ရဲ့ ငွေကြေးကိစ္စနဲ့ သက်ဆိုင် နေတယ်။ ခြေလှမ်းသေးသေးလေးကနေ စတင်လိုက်ပါ။ သင်နဲ့သင်ချစ်ရတဲ့သူတွေရဲ့ အနာဂတ်ဟာ ငွေကြေး လုံခြုံမှု ပိုပြီးရှိလာမှာပါ။

အဆင့် - ၁)  ဘတ်ဂျတ်အစီအစဉ်ဆွဲပါ၊ လိုက်နာပါ။

အဆင့် -၂) စုဆောင်းငွေကိုစီမံခန့်ခွဲပါ၊ အသားတင်အမြတ်ကို သိမ်းဆည်းပါ။
ဟူး…ပျင်းစရာကြီး ထင်ကောင်း ထင်နေလိမ့်မယ်။ ကြိုးစားကြည့်ပါဦး။ ငွေတွေကို အုပ်စုခွဲလိုက်ပါ။ အုပ်စု ၁ ကို နေ့စဉ်အသုံးစရိတ်အဖြစ်နဲ့ထား။ လက်တွေ့တော့ဆန်ပါစေနော်။ စားစရိတ်ပါမယ်၊ တစ်ခါတလေ အပန်း ဖြေဖို့စရိတ်ပါမယ်။ အုပ်စု ၂ ကိုတော့ မိသားစုညစာ အပြင်ထွက်စားခြင်း၊ အားလပ်ရက် ခရီးရှည်ထွက်ခြင်း စတဲ့ ရံဖန်ရံခါ လိုအပ်လာမယ့် ပိုကြီးမားတဲ့အသုံးစရိတ်တွေအတွက် စုဆောင်းထားပါ။ အုပ်စု ၃ ကိုတော့ ရေရှည်စုဆောင်းခြင်းအတွက် သတ်မှတ်လိုက်ပါ။ သင့်လက်ထဲမှာ အပတ်စဉ် မသုံးဘဲဖယ်ထားလို့ ရမယ့် ငွေပမာဏကို အုပ်စု ၃ ထဲထည့်ပါ။ အုပ်စု ၃ ထဲကငွေကို အတတ်နိုင်ဆုံး မသုံးပါနဲ့။ တစ်ကယ်တော့ အဲဒီအုပ်စု ၃ ထဲကငွေတွေဟာ သင့်ရဲ့အနာဂတ်အတွက်ပါပဲ။

အဆင့် - ၃) မျှော်လင့်မထားတဲ့အရာတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။
လူအများစုက နေ့စဉ်ပုံမှန်လည်ပတ်နေကျနေ့ရက်တိုင်းမှာ အဆင်မပြေမှုတွေရယ် အနာဂတ်မှာ ဖြစ်လာ နိုင်တဲ့ အန္တရာယ်တွေကို မတွေးချင်ကြပါဘူး။ ရိုးရှင်းတဲ့ဘဝမှာနေထိုင်ခြင်း (ဒါမှမဟုတ်) ကျန်းမာရေး အာမခံထားရှိခြင်းတို့က သင်နဲ့အတူ သင့်ကို မှီခိုနေတဲ့အယောက်စီတိုင်းနဲ့ သင့်မိသားစုကိုပါ အကာအကွယ် ပေးနေမှာဖြစ်လို့ စိတ်ချမ်းသာမှုအမြဲရမှာပါ။ အာမခံထားရှိခြင်းက လုံခြုံစိတ်ချရတဲ့ အနာဂတ်အတွက် စီစဉ်ထားပြီးဖြစ်လို့ သင့်ရဲ့ဘဝကို အကောင်းဆုံးဖြတ်သန်းသွားနိုင်မှာပါ။

နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိတဲ့ Manulife အာမခံကုမ္ပဏီက မြန်မာမိသားစုတွေအတွက် ယုံကြည် စိတ်ချရတဲ့ လက်တွဲဖော်ပါပဲ။ သင့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အသင့်လျော်ဆုံး အာမခံအမျိုးအစား၊ ရယူနိုင်မယ့်အာမခံတွေနဲ့ အာမခံသဘောတရားတွေကို ကောင်းကောင်းနားလည်နိုင်ဖို့ Manulife ရဲ့အကြံပေးပုဂ္ဂိုလ်တွေက သေချာရှင်းပြပေးမှာပါ။ Manulife က မြန်မာနိုင်ငံမှာ ၁၉၀၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး ပေါ်လစီကို ရောင်းချခဲ့ခြင်းနဲ့အတူ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပြီး မြန်မာ့စျေးကွက်ထဲပြန်လည်ဝင်ရောက်ခဲ့ချိန်ကစလို့ Manulife က မြန်မာ နိုင်ငံမှာ ရှိတဲ့ အာမခံစည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ အမြဲတမ်းလက်တွဲ ဆောင်ရွက်ခဲ့ပြီး ဆန်းသစ်တဲ့အာမခံအမျိုးအစားတွေကို ဘယ်လိုဖန်တီးအသုံးချရမလဲဆိုတာ အကြံဉာဏ်ကောင်းတွေ အမြဲတမ်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ Manulife က မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်း ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်လာဖို့ ကူညီထောက်ပံ့ပေးနေပါတယ်။

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက