အဓိက အကြောင်းအရာသို့သွားရန် ကျော်ပါ အသိပေးချက်အကြောင်းအရာ Skip
Back

Manulife Myanmar မှ ကျန်းမာရေးဝန်ထမ်းများအတွက် PPE ဝတ်စုံများ လှူဒါန်း

5 June 2020

ရန်ကုန်၊ မြန်မာ - ကနေဒါအခြေစိုက် အာမခံကုမ္ပဏီဖြစ်သည့် Manulife Myanmar က လက်ရှိဖြစ်ပွားလျက် ရှိနေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) အတွက် ရှေ့တန်းမှ ရင်ဆိုင်ကာ ကုသမှုများပြုလုပ်လျက်ရှိနေကြသော ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် အကာအကွယ်ပေးသည့်ဝတ်စုံ (PPE) များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဇွန်လ ၅ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။

Manulife Myanmar မှ အကြီးတန်းစီမံခန့်ခွဲရေးအရာရှိများက မြန်မာကျပ်ငွေ သိန်း ၁၄၀ ကျပ်တန်ဖိုးရှိ PPE အစုံ စုစုပေါင်း ၅၀၀ ကို ဗဟိုဆေးသိုလှောင်ရေးဌာန(ရန်ကုန်) မှတစ်ဆင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (ကုသရေးဦးစီးဌာန) သို့ လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှူး ‌ဒေါက်တာခင်သီတာအေး၊ ဗဟိုဆေးသိုလှောင်ရေး (ဖြန့်ဖြူးရေးဌာန) ရန်ကုန် မှ ကိုယ်စားလက်ခံရယူပေးခဲ့သည်။ 

အသက်အာမခံအကြောင်း ပိုမိုသိရှိလိုပါက